ရင်သားယားယံတာဟာ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ လက္ခဏာလား

by: Nang Htwe
 0 comments  4 love

ရင်သားယားယံတဲ့ လက္ခဏာကြုံလာခဲ့ရင် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးဖို့လိုပါတယ်။ အကယ်လို့ ကိုယ်ဝန်မရှိဘူးဆိုရင် တခြားပြဿနာတွေဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသရပါမယ်

ကိုယ်ဝန်ဆောင်ချိန်မှာ တချို့မေမေလောင်းတွေ ရင်သားယားယံတာ ကြုံရတတ်ပါတယ်။ မေမေလောင်းတိုင်းတော့ မကြုံရပါဘူး။ ဘာကြောင့် ရင်သားယားယံရတာလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ တချို့မေမေလောင်းတွေ ရင်သားယားယံတာ ကြုံရတတ်ပါတယ် (Photo by www.buoyhealth.com)

သာမန်အခြေအနေမှာ ရင်သားယားယံခြင်း

  • ရာသီစက်ဝန်း၊ ဟော်မုန်းအပြောင်းအလဲကြောင့် ရင်သားယားယံတာ ကြုံရနိုင်ပါတယ်။
  • ဘရာဇီယာ၊ ဘော်လီနဲ့ အဝတ်အစားတွေကြောင့်လည်း ရင်သားယားယံနိုင်ပါတယ်။
  • နေလောင်တာကြောင့်လည်း ယားယံသလို ရေမွှေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • ဝက်ခြံစတဲ့ အရေပြားပြဿနာတွေကြောင့် ရင်သားယားယံနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားယားယံခြင်း

ကိုယ်ဝန်ဆောင်ချိန်တွင်း ရင်သားယားယံခြင်းအများစုက ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ ရင်သားယားယံတာဟာ ကိုယ်ဝန်ရှိတယ်ဆိုတဲ့ လက္ခဏာလား။ တချို့ကိုယ်ဝန်ဆောင်တွေမှာတော့ ဒီလက္ခဏာပြတတ်ပါတယ်။ ရင်သားကနေ မိခင်နို့ ထုတ်လုပ်ဖို့ ပြင်ဆင်တာကြောင့်ပါ။

ရင်သားယားယံတဲ့ လက္ခဏာကြုံလာခဲ့ရင် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးဖို့လိုပါတယ်။ အကယ်လို့ ကိုယ်ဝန်မရှိဘူးဆိုရင် တခြားပြဿနာတွေဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြသရပါမယ်။

ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းမှာ ကြုံရတဲ့ ရင်သားယားယံခြင်း

  • ဟော်မုန်းအပြောင်းအလဲကြောင့် ရင်သားဆီကို သွေး‌ထောက်ပံ့တာများလာတာကြောင့် ရင်သားကြီးလာတဲ့အချိန်မှာ ကြုံရနိုင်ပါတယ်။
  • မိခင်နို့ထုတ်လုပ်ပေးတဲ့ ဆဲလ်နဲ့ နို့ပြွန် ဖြစ်ပေါ်လာတာကြောင့်လည်း ယားယံနိုင်ပါတယ်။
  • ရင်သားမှာ အဆီစုဆောင်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တင်းကျပ်နေတဲ့ ဘရာဇီယာတွေကို ရှောင်ပါ (Photo by www.medicalnewstoday.com)

လက္ခဏာများ

  • ရင်သားကြီးလာပြီး ရောင်ရမ်းကာ ယားလာပါတယ်။
  • နို့သီးခေါင်းကြီးလာပြီး မဲနက်လာကာ အထိခိုက်မခံ ဖြစ်လာပါတယ်။
  • အကြောပြတ်ရာလိုမျိုး အစင်းတွေဖြစ်ပြီး အဲဒီကနေ ယားယံတာတွေဖြစ်လာပါတယ်။ မျက်စိနဲ့ မြင်နိုင်ပါတယ်။
  • ပုံမှန်ရင်သားအရွယ်အစားကနေ ကြီးလာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • တခြားလက္ခဏာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • ရင်သားပေါ်က မဲနက်နေတဲ့ သွေးပြန်ကြောတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • ရင်ဘတ်အောင့်တာ၊ ရင်ဘတ်နာတာအပြင် ယားယံတာကိုလည်း ကြုံရနိုင်ပါတယ်။

သက်သာအောင် ပြုလုပ်နည်း

  • တင်းကျပ်နေတဲ့ ဘရာဇီယာတွေကို ရှောင်ပါ။ လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့ ချည်သား ဘရာဇီယာတွေကို ရွေးချယ်ပါ။ ဇာဘရာဇီယာတွေကို ရှောင်ပါ။
  • ယားတဲ့အခါ ကုတ်တာကိုရှောင်ပါ။ နာကျင်တဲ့အဆင့်ကို ရောက်သွားနိုင်လို့ပါ။
  • ရေပူချိုးတာကို ရှောင်ပါ။ အနံ့ပါတဲ့ ဆပ်ပြာတွေကို မသုံးပါနဲ့။
  • ရှားစောင်းလတ်ပတ် gel ကို အသုံးပြုပါ။
  • ရေချိုးပြီးတဲ့အခါ အစိုဓါတ်ဖြည့်ခရင်ကို အသုံးပြုပါ။
  • ယားတဲ့နေရာကို ရေခဲကပ်ပေးပါ။
  • နေရောင်နဲ့ အပူမခံပါနဲ့။

ယားယံတာနဲ့ ပတ်သက်ပြီး လက္ခဏာပြင်းထန်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles