ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပြန်ကြောထုံးတဲ့ ပြဿနာ ရင်ဆိုင်နေရပြီလား

by: Nang Htwe
 1 comments  0 love

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ သွေးပြန်ကြောထုံးတဲ့ပြဿနာဟာ မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ကနေ အမျိုးမျိုးသော အပြောင်အလဲတွေကို ရင်ဆိုင်ရပါတယ်။ အသေးအဖွဲပြဿနာတွေဟာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ သွေးပြန်ကြောထုံးတဲ့ပြဿနာဟာ မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ပြီးတော့ အရေပြားပေါ်မှာ ပေါ်နေတာကြောင့်လည်း မေမေလောင်းတို့ကို အဆင်မပြေဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ သွေးပြန်ကြောထုံးတဲ့ပြဿနာဟာ မပေါ့ဆသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ် (Photo by parenting.firstcry)

သွေးပြန်ကြောထုံးတာ ဆိုတာဘာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပြန်ကြောထုံးတာကို မေမေလောင်းတိုင်း မတွေ့ကြုံရပါဘူး။ သွေးပြန်ကြောထုံးတဲ့အခါ အသားအရေရဲ့ မျက်နှာပြင်ပေါ်မှာ တွန့်လိမ်ပြီး ရှုပ်ထွေးနေတဲ့ သွေးကြောထုံးတွေပေါ်နေတာပါ။ ခြေထောက်နဲ့ ပေါင်တို့မှာ ပိုတွေ့ရပါတယ်။ သွေးပြန်ကြော အလုပ်လုပ်ပုံပေါ်မူတည်ပြီး သွေးပြန်ကြောထုံးတာကို ရင်ဆိုင်ရပါတယ်။ အထူးသဖြင့် အသက်ကြီးတာ၊ အဝလွန်တာနဲ့ မျိုးရိုးကြောင့် ဒီသွေးပြန်ကြောထုံးတာ ရင်ဆိုင်ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အချိန်ကြာကြာ ရပ်ခြင်း၊ ထိုင်ခြင်းနဲ့ အလေးအပင်တွေ အများကြီး မရတဲ့အခါမှာလည်း သွေးပြန်ကြောထုံးတာကို ရင်ဆိုင်ရနိုင်ပါတယ်။ သွေးပြန်ကြောတွေမှာ အဆို့ရှင်လေးတွေရှိပါတယ်။ အဲဒီအဆို့ရှင်လေးတွေဟာ သွေးတွေနောက်ပြန်မစီးဆင်းအောင် ပြုလုပ်ပေးပါတယ်။ ဒီအဆို့ရှင်တွေ အားနည်းလာတဲ့အခါ ဒါမှမဟုတ် ကောင်းကောင်းအလုပ်မလုပ်တော့တဲ့အခါ နှလုံးဆီ သွေးတွေပြန်မရောက်လာနိုင်တော့ဘဲ အောက်ကိုပြန်စီးလာပြီး ခြေထောက်သွေးကြောမှ စုလာပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဘာကြောင့် သွေးပြန်ကြောထုံးတာ ဖြစ်ပွားရတာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်တို့ရဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေရင်ဆိုင်ရပါတယ်။ ဟော်မုန်းတွေ တိုးလာတာကြောင့် အဆို့ရှင်လေးတွေ အားနည်းလာပါတယ်။ အချင်းကနေ ကလေးငယ်ဆီ သွေးတွေပို့ဆောင်ပေးနေတာကြောင့် သွေးပမဏများလာပါတယ်။ အချင်းကနေ ကလေးငယ်ဆီ သွေးပို့ဆောင်ရတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကို သွေးအများအပြားရောက်ရှိလာပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်အောက်ပိုင်းဖိအားတွေပိုများလာပြီး အဆို့ရှင်တွေ အများကြီးအလုပ်လုပ်ရပါတယ်။ အစို့ရှင်တွေ အားနည်းလာတဲ့အခါ သွေးပြန်ကြောထုံးတာ ဖြစ်ပေါ်လာပါတယ်။

အဆို့ရှင်တွေ အားနည်းလာတဲ့အခါ သွေးပြန်ကြောထုံးတာ ဖြစ်ပေါ်လာပါတယ် (Photo by parenting.firstcry)

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပြန်ကြောထုံးတာ ဘယ်လိုသိနိုင်လဲ

  • အသားအရေရဲ့ မျက်နှာပြင်ပေါ်မှာ အနီရောင်၊ အပြာရောင်နဲ့ ခရမ်းရောင် သွေးပြန်ကြောထုံးတွေ ပေါ်နေပါတယ်။
  • ဒီသွေးပြန်ကြောထုံးတဲ့ နေရာတဝိုက်မှာ နာကျင်တာ၊ ယားယံတာနဲ့ လောင်ကျွမ်းတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။
  • ခြေထောက်တွေ နာကျင်နေပြီး ပင်ပန်းတာကို ခံစားနေရမယ်။
  • မွေးလမ်းကြောင်း နဲ့ မိန်းမကိုယ်အင်္ဂါတစ်ဝိုက် ပူဖေါင်းလိုဖြစ်နေပြီး နေထိုင်ရတာ အဆင်မပြေ ခံစားရနိုင်ပါတယ်။
  • ခြေထောက်နဲ့ ခြေဖမိုးတွေ ရောင်ရမ်းလာပါတယ်။
  • ကြွက်သားတွေ ကြွက်တက်တာကို ခံစားရပါတယ်။
  • နှင်းခူကဲ့သို့ အရေပြားရောဂါတွေ ဖြစ်ပွားလာပါတယ်။
  • အသားအရေပေါ်မှာ ပင့်ကူမျှင်လို သွေးကြောအသေးလေးတွေ ရှုပ်ထွေးနေပါတယ်။
  • သွေးပြန်ကြောပေါ်မှာ သွေးခဲတာကို ကြုံရနိုင်ပါတယ် (အန္တရာယ်ရှိနေပါပြီ)။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပြန်ကြောထုံးတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီဆိုရင် ဆရာဝန်နဲ့ သေသေချာချာပြသပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပြန်ကြောမထုံးအောင် ဘယ်လိုကာကွယ်မလဲ

  • အိပ်တဲ့အချိန်မှာ ဘေးစောင်းအိပ်ပေးပါ။
  • တစ်ရက်ကို မိနစ်(၃၀) ဒါမှမဟုတ် နာရီဝက်ခန့် လေ့ကျင့်ခန်းပြုလုပ်ပါ။
  • အိပ်တဲ့အခါမှာဖြစ်စေ၊ ထိုင်တဲ့အခါမှာဖြစ်စေ ခြေထောက်ကို မြင့်မြင့်ထားပါ။
  • ကိုယ်အလေးချိန်ကို ထိန်းပါ။
  • အငန်စားသုံးမှု လျှော့ချပြီး အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပြန်ကြောထုံးတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီဆိုရင် ဒီအတိုင်းမထားဘဲ ဆရာဝန်နဲ့ ပြသပေးဖို့ Kalay ကနေ သတိပေးလိုက်ပါတယ်။

Ref: Varicose Veins during Pregnancy

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x