မိုးရာသီက ဗိုက်ဗိုက်တို့အတွက် စိတ်ညစ်စရာနေ့ရက်တွေဖြစ်နေလား

by: Nang Htwe
 0 comments  0 love

မိုးရာသီမှာ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားမယ်ဆိုရင်တော့ ဗိုက်ဗိုက်တို့အတွက် ပျော်ရွှင်စရာကောင်းတဲ့ ရက်လေးတွေ ဖြစ်လာနိုင်ပါတယ်နော်

မိုးရာသီမှာ ပတ်ဝန်းကျင်ကြောင့် ရောဂါတွေမဖြစ်ပွားအောင် ကြိုတင်အကာအကွယ်တွေ ပြုလုပ်ပေးထားသင့်ပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေ မလုပ်ထားဘူးဆိုရင် မိုးရာသီက မေမေလောင်းတို့အတွက် စိတ်ညစ်စရာနေ့ရက်တွေ ဖြစ်နေမှာပါ။

အဝတ်အစား

မိုးရာသီက နွေရာသီလိုမျိုး ရာသီဥတု သိပ်မပူတာကြောင့် အင်္ကျီအပါးတွေကို ရွေးချယ်ဝတ်လို့မရသလို ထူလွန်းအင်္ကျီတွေနဲ့လည်း အဆင်ပြေမှာမဟုတ်ပါဘူး။ ရာသီအခြေအနေကိုလိုက်ပြီး အဝတ်အစားပြောင်းလဲဝတ်ဆင်ပေးသင့်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေနဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပေးပါ။

တကိုယ်ရည်သန့်ရှင်းရေး

ရာသီဥတုသာယာတာကြောင့် ရေချိုးဖို့ အခက်အခဲဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ရက်တစ်ခါလောက် ရေပုံမှန်ချိုးပေးပါ။ ရာသီဥတုအေးတဲ့နေ့တွေဆိုရင်တော့ နှစ်ရက်တစ်ခါလောက် မဖြစ်မနေ ရေချိုးပါ။ လက်မကြာခဏဆေးပေးတာမျိုးနဲ့ ရေပတ်တိုက်တာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။ မျက်နှာပုံမှန် သစ်တာမျိုးလည်း ပြုလုပ်ပါ။ ဘယ်အချိန်မှာ လက်ဆေးသင့်လဲ။ အရာဝတ္ထုတစ်ခုခု ကိုင်ပြီးတဲ့ အခါတိုင်းလက်ဆေးပေးတာ ပိုကောင်းပါတယ်။ ဒီလို လက်ဆေးတာက အရာဝတ္ထုတွေမှာ ကပ်နေတဲ့ ပိုးမွှားတွေ ကူးဆက်တာကို ကာကွယ်ပြီးသာဖြစ်သွားပါတယ်။ ဆပ်ပြာနဲ့ လက်ဆေးပေးပါ။

အစားအသောက်

မိုးရာသီမှာ အစားအသောက်ကို သတိထားရပါမယ်။ အစားအသောက်နဲ့ ရေမသန့်ရှင်းတာကြောင့် ဝမ်းလျှောတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာတွေ ကြုံရတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပေးပါ။ သန့်ရှင်းတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ပါ။

မိုးရာသီမှာ ဗိုက်ဗိုက်လေးတွေ နေထိုင်တဲ့ အိမ်က သန့်ရှင်းနေဖို့ လိုအပ်ပါတယ် (Photo by Clean My Space )

အိမ်သန့်ရှင်းရေး

မိုးရာသီမှာ ဗိုက်ဗိုက်လေးတွေ နေထိုင်တဲ့ အိမ်က သန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ အိမ်ရဲ့ ကြမ်းပြင်နဲ့ ရေချိုးခန်းကို ပိုပြီးဂရုစိုက်ပေးပါ။ နောက်ပြီး နံရံတွေ စိုစွတ်တာကြောင့် မှိုပေါက်ဖွားတာ ကြုံရနိုင်ပါတယ်။ ရေချိုးခန်းနဲ့ ကြမ်းပြင်တွေ သန့်ရှင်းရေးပြုလုပ်တဲ့အခါ ပိုးသတ်ဆေးကို အသုံးပြုပေးပါ။ ယင်ကောင်၊ ပိုးဟတ်၊ချနဲ့ တခြားအင်းဆက်အကောင်တွေ အိမ်မှာ မပေါက်ဖွားအောင် ကြိုတင်ကာကွယ်ထားပါ။ ပြင်ပက လေကောင်းလေသန့်ဝင်အောင် စီမံပေးပါ။ ဗီရိုတွေနဲ့ ပြတင်းပေါက်နေရာတွေမှာ လေးညှင်းပွင့်လေးတွေ ထားပေးပါ။

မိုးရာသီမှာ နောက်ထပ် ဂရုစိုက်ရမှာက

  • အပြင်ထွက်တဲ့အခါ သတိထားပါ။
  • အပြင်ထွက်တဲ့အခါ မိုးကာ ဒါမှမဟုတ် ထီး အမြဲဆောင်ထားပါ။
  • အပြင်မှာ ရုတ်တရက် အခက်အခဲဖြစ်တဲ့အခါ အိမ်ကိုချက်ချင်းဖုန်းဆက်နိုင်အောင် မီးအားအမြဲသွင်းထားပါ။
  • ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆရာဝန်နဲ့ အမြဲတမ်းပြသပါ။

မိုးရာသီမှာ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ထားမယ်ဆိုရင်တော့ ဗိုက်ဗိုက်တို့အတွက် ပျော်ရွှင်စရာကောင်းတဲ့ ရက်လေးတွေ ဖြစ်လာနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: monsoonpregnancy

Comments

0 comments
Latest video
Refer to more useful articles
x