ခွဲမွေးမယ့် မေမေလောင်းတွေ သိထားသင့်တဲ့ အချက်များ

by: Nang Htwe
 0 comments  0 love

ခွဲမွေးမယ့်မေမေလောင်းတွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ့်အရာလေးတွေကို ကြိုတင်ပြင်ဆင်ပါ

ခွဲမွေးတာဟာ တကယ်တမ်းတော့ အလွန်ခက်ပါတယ်။ အချိန်တော်တော်ကြာတဲ့အထိ ခွဲထားတဲ့ ချုပ်ရိုးလေးက နာကျင်နေတတ်ပါတယ်။ ချုပ်ရိုးကနေ ရောဂါဝင်ရောက်လာတာ၊ ချုပ်ရိုးပွင့်တာနဲ့ ကျန်းမာရေး တခြားပြဿနာတွေဖြစ်ပွားနိုင်ပါတယ်။ နောက်ပြီး မေမေတို့က ဆီးချိုရောဂါရှိတယ်ဆိုရင် ချုပ်ရိုးက တော်တော်နဲ့ အဆင်မပြေတာ ကြုံရပါတယ်။ ခွဲမွေးမယ့် မေမေလောင်းတွေ သိထားဖို့ကတော့

ခွဲမွေးတာဟာ တကယ်တမ်းတော့ အလွန်ခက်ပါတယ် (Photo by What to Expect)

အနားယူပါ

ခွဲမွေးပြီးပြီဆိုရင် အိမ်မှာ အပြည့်အဝ အနားယူဖို့ လိုအပ်ပါတယ်။ ကလေးငယ်နဲ့ အတူတူ အနားယူပါ။  ကလေးငယ် အိပ်ချိန်ဆိုရင်လည်း မေမေတို့ လိုက်အိပ်ပေးပါ။ ဒီလိုအချိန်မှာ ဧည့်သည်တွေကို လက်မခံပါနဲ့။ နောက်ပြီး ထမင်းဟင်းချက်တာကိုလည်း ရှောင်ပါနော်။

အကူအညီတောင်းပါ

ခွဲမွေးပြီးချိန်မှာ အပြည့်အဝ အနားယူရမှာဖြစ်တာကြောင့် မိဘ၊ ခင်ပွန်း၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ အိမ်နီးနားချင်းတွေကို အကူအညီတောင်းပါ။ ထမင်းဟင်းချက်ပေးတာမျိုး၊ အိမ်သန့်ရှင်းရေးကိစ္စနဲ့ ကလေးအဝတ်အစားလျှော်တဲ့နေရာတွေမှာ ရင်းနှီးသူတွေကို အကူအညီတောင်းပါ။

စိတ်ခံစားချက်

ကလေးမွေးထားတာ မကြာသေးတဲ့ မေမေတွေမှာ စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ပုံမှန်ဖြစ်ဖို့ အချိန်ယူရပါတယ်။ ခွဲမွေးထားတဲ့ မေမေတွေမှာ စိတ်ခံစားချက်အပြောင်းအလဲ ပိုဖြစ်ပါတယ်။ ကိုယ့်ရဲ့ခင်ပွန်း၊ မိဘနဲ့ သူငယ်ချင်းတွေနဲ့ မကြာခဏ စကားပြောပေးပါ။

လမ်းမှန်မှန်လျှောက်ပါ

ခွဲမွေးတဲ့မေမေတွေအနေနဲ့ လမ်းမှန်မှန်လျှောက်ပေးတာ ဒါမှမဟုတ် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ။ ကျန်းမာရေးကို ကောင်းမွန်စေပြီး အဝလွန်တာကို တားဆီးပေးပါတယ်။ နှလုံးသွေးကြောပိတ်တာနဲ့ သွေးခဲတဲ့ ပြဿနာတွေ နည်းသွားပါတယ်။ ကလေးအမေတွေစုပေါင်းပြီး လမ်းလျှောက်တာမျိုး၊ အိမ်နီးနားချင်းတွေနဲ့ လမ်းအတူတူလျှောက်တာမျိုး ပြုလုပ်နိုင်ပါတယ်။

နာကျင်ခြင်း

ချုပ်ရိုးကနေ အလွန်အမင်းနာကျင်တာမျိုး ဒါမှမဟုတ် ရက်တော်တော်ကြာတဲ့အထိ နာကျင်တဲ့ပြဿနာ မပျောက်သေးဘူးဆိုရင် ဆရာဝန်နဲ့ ပြန်လည်ပြသပါ။

ခွဲမွေးမယ့်မေမေလောင်းတွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ့်အရာလေးတွေကို ကြိုတင်ပြင်ဆင်ပါ (Photo by englishspectrum.com)

 

ရောဂါကူးစက်ခြင်း

ချုပ်ရိုးကနေ ရောဂါမကူးစက်အောင် သတိထားပြီးနေထိုင်ပါ။

ဝမ်းချုပ်ခြင်း

ရိုးရိုးမွေးတဲ့မေမေတွေထွက် ခွဲမွေးတဲ့မေမေတွေက ဝမ်းချုပ်တဲ့ပြဿနာကို ပိုခံစားရပါတယ်။ နောက်ပြီး ကလေးငယ်ကို အချိန်ပြည့်ဂရုစိုက်စောင့်ရှောက်ရတာကြောင့် ဝမ်းချုပ်တာကို ပိုခံစားရပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးတာ၊ ရေများများသောက်တာမျိုး ပြုလုပ်ပေးပါ။ ဝမ်းမသွားတာ ရက်ကြာရှည်ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ကုသပါ။

ကလေးနို့တိုက်ခြင်း

ပထမဦးဆုံးအကြိမ် ခွဲမွေးတဲ့မေမေတွေမှာ နာကျင်တဲ့ဝေဒနာကြောင့် ကလေးနို့ပုံစံမှန်မှန်နဲ့ စနစ်တကျတိုက်ကျွေးဖို့ ခက်ခဲနေပါတယ်။ ဒီလို ကြုံတွေ့လာချိန်မှာ စီနီယာမေမေတွေကို အကြံဥာဏ်တောင်းတာမျိုးနဲ့ သူနာပြုဆရာမတွေရဲ့ အကူအညီရယူပါ။

ပြဿနာနဲ့ အကူအညီ

ကြွက်သားတွေ အားနည်းနေတာ၊ ဝမ်းချုပ်တာနဲ့ စိတ်ဓါတ်ကျတဲ့ ပြဿနာတွေ ရေရှည်ကြုံလာရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြဿဖို့ တိုက်တွန်းလိုက်ပါတယ်။

ခွဲမွေးမယ့်မေမေလောင်းတွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ့်အရာလေးတွေကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

From Kalay with

Tag: fasterrecoverytips

Comments

0 comments
Latest video
Refer to more useful articles
x