ကိုယ်ဝန်ဆောင်ချိန်အတွင်း မေမေတို့ သတိထားသင့်တဲ့ အချက်များ

by: Khin Nyein Lwin
 0 comments  0 love

ရှောင်သင့်တာရှောင်ဖို့ကလဲ အရေးပါပါတယ်။ ဒီတော့ အမှတ်တမဲ့ဆိုပြီး မေမေတို့ လုပ်လိုက်နိုင်တဲ့ သတိထားသင့်တဲ့ အချက်လေးတွေကို မျှဝေချင်ပါတယ်။

ကိုယ်ဝန်ဆောင်တဲ့အချိန်ဆိုတာ မိန်းကလေးတစ်ယောက်အတွက် အရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ အရာရာဆင်ခြင်နေထိုင်သင့်တဲ့အချိန်ပါပဲ။ ရှောင်သင့်တာရှောင်ဖို့ကလဲ အရေးပါပါတယ်။ ဒီတော့ အမှတ်တမဲ့ဆိုပြီး မေမေတို့ လုပ်လိုက်နိုင်တဲ့ သတိထားသင့်တဲ့ အချက်လေးတွေကို မျှဝေချင်ပါတယ်။

ပစ္စည်းတွေကို မ မရွှေ့ပါနဲ့

အိမ်မှာ ဘယ်သူမှမရှိလို့ဆိုပြီး ဇိုးဇိုးဇတ်ဇတ်နဲ့ ပစ္စည်းတွေ ကောက် မ ပြီး မရွှေ့လိုက်ပါနဲ့။ အခန့်မသင့်ရင် ကိုယ်ဝန်တောင် ပျက်ကျနိုင်ပါတယ်။ ဒီအချက်လေးကို သတိထားဖို့တော့ လိုပါမယ်။

Pressure တွေ အရမ်းမများစေပါနဲ့

အလုပ်ကြောင့်ဖြစ်စေ၊ မိသားစုကြောင့်ဖြစ်စေ၊ ကိုယ်ဝန်ကြောင့် ဖြစ်စေ Pressure တွေကြားမှာ မနေလိုက်ပါနဲ့နော်။ Pressure တွေကလဲ ပေါ့ဆလို့ မရအောင် ထိခိုက်စေပါတယ်။

ခရီးမထွက်ပါနဲ့

ကိုယ်ဝန်ဆောင်ချိန်မှာ ခရီးထွက်သင့်တဲ့ အချိန်နဲ့ မထွက်သင့်တဲ့ အချိန်တွေဆိုတာ ရှိပါတယ်။ ကိုယ်ဝန်အရမ်းနုနေသေးတဲ့အချိန်နဲ့ ကိုယ်ဝန်ရင့်မာနေတဲ့အချိန် ခရီးမထွက်ပါနဲ့။ သွားရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထွက်ပါ။

အရက် ၊ ဘီယာ ၊ မူးယစ်ဆေးဝါး  မသုံးစွဲပါနဲ့

ဒါကတော့ ပြောစရာကို မလိုတဲ့အချက်ဖြစ်နေမှာပါ။ ကိုယ်ဝန်ကို လွန်စွာထိခိုက်စေမဲ့ အကြီးမားဆုံး အချက်တစ်ချက်ပဲဖြစ်ပါတယ်။ မွေးလာမဲ့ ကလေးကိုပါ တစ်ခုခု ဖြစ်သွားစေမဲ့အထိကို ဒုက္ခပေးမှာပါ။

အိမ်မွေးတိရစ္ဆာန်တွေနဲ့လဲ ဝေးဝေးနေပါ

အိမ်မွေးတိရစ္ဆာန်တွေဆိုတာလဲ ရောဂါပိုးမွှားတော့ ရှိတာပါပဲ။ ဒါကြောင့် ဘယ်လောက်ချစ်ချစ် ဒီအချိန်လေးအတွင်းတော့ အိမ်မွေးတိရစ္ဆာန်တွေကို ရှောင်ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles