ကိုယ်ဝန်အတွက် အသင့်တော်ဆုံးနဲ့ လုံခြုံမှုအရှိဆုံး လေ့ကျင့်ခန်းနည်းလမ်းများ

by: Khin Nyein Lwin
 0 comments  0 love

ဒီလို လေ့ကျင့်ခန်းလေးတွေကတော့  အဆင်ပြေပြေလေး လုပ်နိုင်တာကြောင့် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်ခန်းတွေကို မကြာမကြာ လုပ်ပေးပါလို့ ပြောပြပေးလိုက်ပါတယ်နော်

American College of Obstetricians and Gynecologists အရ အခု ဖော်ပြမယ့် လေ့ကျင့်ခန်းများက ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ဘေးကင်းတယ်လို့ သိရပါတယ်။ ဒါကြောင့် မေမေတို့ ဘာလေ့ကျင့်ခန်းလေးတွေကို ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်လို့ ရနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁. လမ်းလျှောက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်အတွင်း လမ်းလျှောက်ပေးတာက ကြွက်သားတွေအတွက်ကော၊ အဆစ်အမြစ်တွေအတွက်ပါ အကောင်းဆုံး လုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် မေမေတို့အတွက် စိုးရိမ်စရာမရှိတဲ့ လမ်းလျှောက်ခြင်းကို ကိုယ်ဝန်ဆောင်ချိန်အတွင်း အများဆုံး လုပ်ပေးသင့်ပါတယ်။

၂. ရေကူးခြင်း

ရေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားများစွာကို သန်မာစေနိုင်ပါတယ်။ ဒါ့အပြင် ရေက မေမေ့ကိုယ်အလေးချိန်ကို ပံ့ပိုးပေးပြီး ကြွက်သားများ တင်းမာမှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရနိုင်ခြေကို လျှော့ချပေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း ရေကူးတဲ့ လေ့ကျင့်ခန်းများကလဲ ဘေးကင်းပါတယ်။

၃. ယောဂကျင့်ခြင်း

Yoga ကျင့်တာက စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ ပြောင်းလွယ်ပြင်လွယ် တိုးလာခြင်းနှင့် ဆန့်ထုတ်ခြင်း နှင့် စည်းချက်ကျကျ အသက်ရှုခြင်း ကဲ့သို့သော ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးပြုလုပ်ထားတဲ့ လေ့ကျင့်ထားတဲ့ ယောဂကျင့်နည်းများကို လုပ်ပေးနိုင်ပါတယ်။  ဒါပေမဲ့ မေမေ့တို့ကို အကြာကြီး ငြိမ်နေတာ ဒါမှမဟုတ် အချိန်အကြာကြီး ပက်လက်အိပ်နေရတာ စတာတွေကိုတော့ ရှောင်ဖို့ လိုအပ်ပါတယ်။

၄. ပခုံးလှည့်ပေးခြင်း

ပခုံးများကို ရှေ့သို့ဆန့်ထုတ်ကာ ၎င်းတို့ကို မေမေ့နားဆီသို့ အပေါ်ကို လှည့်ပေးပြီး အောက်သို့ ညင်သာစွာ တွန်းပါ။ ဒီလို လေ့ကျင့်ခန်းကို တခါလုပ်ရင် လေးကြိမ်ပြန်လုပ်ပေးဖို့ လိုပါတယ်။

ဒီလို လေ့ကျင့်ခန်းလေးတွေကတော့  အဆင်ပြေပြေလေး လုပ်နိုင်တာကြောင့် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်ခန်းတွေကို မကြာမကြာ လုပ်ပေးပါလို့ ပြောပြပေးလိုက်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles