ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် ဂျင်ဆင်းကို ရှောင်သင့်တာလဲ

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ဆောင်ကာလမှာ ဂျင်ဆင်းလက်ဖက်ရည်သောက်တဲ့ အမျိုးသမီးတွေ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှော့တာကို တွေ့ရပါတယ်။

ဂျင်ဆင်းရဲ့ အကျိုးကျေးဇူးတွေကတော့ စိတ်ဖိစီးမှုတွေ သက်သာစေခြင်း၊ ကိုယ်ခံစွမ်းအားကောင်းခြင်းနဲ့ ပင်ပန်းနွမ်းနယ်တာတွေကို ပျောက်ကင်းစေပါတယ်။ ဒါပေမယ့် ဘာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဂျင်ဆင်းကို ရှောင်သင့်တာလဲ။

အာရှဂျင်ဆင်းနဲ့ အမေရိက ဂျင်ဆင်းဆိုပြီး (၂)မျိုးရှိပါတယ် (Photo by FirstCry Parenting)

ဂျင်ဆင်းရဲ့ ဘေးထွက်ဆိုးကျိုးများ

အာရှဂျင်ဆင်းနဲ့ အမေရိက ဂျင်ဆင်းဆိုပြီး (၂)မျိုးရှိပါတယ်။ နှစ်မျိုးစလုံးကတော့ ကိုယ်ခံစွမ်းအားကောင်းစေပြီး အာရုံစူးစိုက်မှုကို မြင့်တင်ပေးပါတယ်။ အမေရိကန်ဂျင်ဆင်းကတော့ ဆီးချိုအမျိုးအစား(၂) ခံစားနေရသူတွေ သွေးတွင်းသကြားဓါတ်အလျှော့ချဖို့ အသုံးပြုပါတယ်။ ကိုလက်စထရောကို ကျစေပြီး နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကာကွယ်ပေးပါတယ်။

ဂျင်ဆင်းအသုံးပြုခြင်း

ဂျင်ဆင်းကို အများစုက တိုင်းရင်းဆေးဝါးအဖြစ် အသုံးပြကြပါတယ်။ ဂျင်ဆင်းနဲ့ ပတ်သက်တဲ့ ဆေးအမျိုးမျိုး ရှိပါတယ်။ အရသာရှိဖို့နဲ့ ဆေးဖက်ဝင်ဖို့  ဟင်းလျာတွေထဲမှာလည်း ဂျင်ဆင်းကို ထည့်သွင်း အသုံးပြုကြပါတယ်။ အလှကုန်တွေထဲမှာလည်း ဂျင်ဆင်းပါပါတယ်။

သာမန်အချိန်မှာ ဂျင်ဆင်းရဲ့ အကျိုးကျေးဇူးများ

(၁) ကိုယ်ခံစွမ်းအားကို တိုးမြင့်ပေးတယ်။

(၂) သွေးဆုံးချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေတယ်။

(၃) လေ့ကျင့်ခန်းပြုလုပ်နေသူများ ကြွက်သားဒဏ်ရာတွေကို သက်သာစေပါတယ်။

(၄) မှတ်ဥာဏ်ကို ကောင်းမွန်စေပြီး စိတ်ဖောက်ပြန်တာကို တားဆီးပေးပါတယ်။

(၅) စွမ်းဆောင်ရည်ကို တိုးတက်လာစေပါတယ်။

(၆) အစာခြေစနစ်ကို တိုးတက်လာစေပါတယ်။

ဂျင်ဆင်းလက်ဖက်ရည်ဟာဆိုရင် ကိုယ်ဝန်ဆောင်တွေကို ပါးစပ်ခြောက်တာ ခဏခဏ ဖြစ်စေပါတယ် (Photo by Express Food Delivery in Malaysia)

ကိုယ်ဝန်ဆောင်ချိန်မှာ ဂျင်ဆင်းရှောင်သင့်တဲ့ အကြောင်းပြချက် (၇)ချက်

(၁) မွေးရာပါ ချို့ယွင်းချက်

ဂျင်ဆင်းမှာ ginsenoside Rb1 လို့ခေါ်တဲ့ ဓါတုဓါတ်တစ်မျိုးဟာ သန္ဓေသားလောင်းရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ချို့ယွင်းချက်တွေနဲ့ ဆက်နွယ်နေပါတယ်။

(၂) သွေးထွက်ခြင်း

ကိုရီးယားဂျင်ဆင်းမှာ anticoagulant လို့ခေါ်တဲ့ ဂုဏ်သတ္တိပါတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ်ရှိပါတယ်။ ကလေးမွေးဖွားနေစဉ် ဒါမှမဟုတ် မွေးဖွားပြီးနောက်ပိုင်းမှာ အန္တရာယ်တွေ ကြုံရနိုင်ပါတယ်။

(၃) ဝမ်းလျှော

ကိုယ်ဝန်ဆောင်ကာလမှာ ဂျင်ဆင်းလက်ဖက်ရည်သောက်တဲ့ အမျိုးသမီးတွေ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းလျှော့တာကို တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းလျှောတာက ရေဓါတ်ခမ်းခြောက်ကာ သန္ဓေသားကိုထိခိုက်စေပါတယ်။

(၄) အိပ်စက်ခြင်း

ဂျင်ဆင်းဟာဆိုရင် ကိုယ်ဝန်ဆောင်တွေ အိပ်စက်တာကို အနှောက်အယှက်ဖြစ်စေတယ်လို့ သိရပါတယ်။

(၅) ပါးစပ်

ဂျင်ဆင်းလက်ဖက်ရည်ဟာဆိုရင် ကိုယ်ဝန်ဆောင်တွေကို ပါးစပ်ခြောက်တာ ခဏခဏ ဖြစ်စေပါတယ်။

(၆) သွေးတွင်းသကြားဓါတ်

ဂျင်ဆင်းဟာဆိုရင် သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေတယ်လို့ သိရပါတယ်။

(၇) ခေါင်းကိုက်

ဂျင်ဆင်းဟာဆိုရင် ကိုယ်ဝန်ဆောင်တွေကို ခေါင်းကိုက်စေပြီး မျက်နှာနဲ့ လည်ပင်းကြွက်သားတွေကို နာကျင်စေပါတယ်။

သာမန်အချိန်မှာ ဂျင်ဆင်းဟာ ကျန်းမာရေးအတွက် ကောင်းပေမယ့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာတော့ ရှောင်ရှားသင့်တဲ့ အရာပါ။

Ref: Is It Safe to Eat Ginseng During Pregnancy?

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Ginsengpregnancy


Comments

0 comments
Latest video
Refer to more useful articles
x