ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းလျှောတာကို ဘယ်လိုကာကွယ်မလဲ

by: Nang Htwe
 0 comments  1 love

ဆရာဝန်နဲ့ ပြသထားခြင်းမရှိဘဲ ဆေးသောက်တာကို လုံးဝရှောင်ရှားပါ။  မေမေလောင်းတွေအတွက်ကော သန္ဓေသားလေးအတွက်ပါ အန္တရာယ်တွေ ရှိလာနိုင်လို့ပါ။ 

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ မကြာခဏ ဝမ်းချုပ်နိုင်သလို ဆန့်ကျင်ဖက်ဖြစ်တဲ့ ဝမ်းလျှောတာလည်း ဖြစ်ပွားနိုင်ပါတယ်။ဘာတွေကြောင့် မေမေလောင်းတို့ ဝမ်းလျှောကြရတာလဲ။ ဟော်မုန်းအပြောင်းအလဲ၊ အစားအသောက်အပြောင်းအလဲနဲ့ စိတ်ဖိစီးမှုတွေကြောင့် ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းလျှောတဲ့ပြဿနာကို သေသေချာချာ ဂရိုစိုက် ကိုင်တွယ်ရပါမယ်။ သတိမထားဘဲ ပေါ့ပေါ့ဆဆနေလိုက်မယ်ဆိုရင် ပြဿနာတော်တော်ကြီးသွားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ မကြာခဏ ဝမ်းချုပ်နိုင်သလို ဆန့်ကျင်ဖက်ဖြစ်တဲ့ ဝမ်းလျှောတာလည်း ဖြစ်ပွားနိုင်ပါတယ် (Photo by WebMedicineCenter)

သာမန် အားဖြင့်တော့ တစ်ရက်ကို ဝမ်းသုံးကြိမ်ထက် ပိုသွားရင် ဝမ်းလျှောတယ်လို့ သတ်မှတ်လို့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝမ်းလျှောတဲ့ ပုံစံခြင်းတော့ မတူကြပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာပြဿနာတွေကြောင့် ဝမ်းလျှောရတာလဲ ?

  • ဗိုင်းရပ်စ်
  • ဘက်တီးရီးယား
  • အစာအိမ် တုပ်ကွေး
  • အူလမ်းကြောင်း ကပ်ပါးကောင်များ
  • အစာ အဆိပ်သင့်ခြင်း
  • ဆေးဝါးများနဲ့
  • တခြားပြဿနာတွေကြောင့်လည်း ဝမ်းလျှောကြပါတယ်။

 တချို့သော အခြေအနေတွေက ဘာတွေလဲ ?

အဖြေ : အစာအိမ်နဲ့ အူသိမ်အူမ ပြဿနာတွေကြောင့်  မကြာခဏ ဝမ်းလျှောတာကို ကြုံရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ ဆက်စပ်နေတဲ့ ဝမ်းလျှောခြင်း

အစားအသောက်အပြောင်းအလဲ

ကိုယ်ဝန်ဆောင်တဲ့အခါ အစားအသောက်တွေကို တော်တော်များများပြောင်းလဲပေးရပါတယ်။ အရင်တုန်းက စားသောက်ခဲ့တဲ့ ပုံစံတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ရုတ်တရက်ပြောင်းလဲလိုက်တာကြောင့် အစာအိမ် ကမောက်ကမ ဖြစ်ပြီး ဝမ်းလျှောတာကို ကြုံတွေ့ရတာပါ။

စိတ်လှုပ်ရှားမှု

အစားအသောက်အပြောင်းအလဲကို မေမေလောင်းတို့ အရမ်းစိတ်ပူကြပါတယ်။ ဒီလိုစိတ်ပူတာတွေက စိတ်ဖိစီးမှုအဖြစ်ပြောင်းသွားပြီး ဟော်မုန်းအပြောင်းအလဲဖြစ်ကာ  ဝမ်းလျှောတာကို ကြုံတွေ့ရပါတယ်။

ဗီတာမင်များ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားဖွံ့ဖြိုးဖို့အတွက် ဗီတာမင်ဆေးတွေ သောက်ရပါတယ်။ ဒီ ဗီတာမင်ဆေးတွေက အစာအိမ်ကို သက်ရောက်မှု ရှိတာကြောင့်  ဝမ်းလျှောတာကို ကြုံတွေ့ရတာပါ။

ဟော်မုန်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဝမ်းချုပ်နိုင်သလို ဝမ်းလျှောတာလည်း ဖြစ်ပွားနိုင်ပါတယ်။

ဘယ်အချိန်တွေမှာ အဖြစ်များဆုံးလဲ

ကိုယ်ဝန်ဆောင်ချိန် နောက်ဆုံးသုံးလက ဝမ်းလျှောနိုင်ခြေ အရမ်းများပါတယ်။ ကလေးလေးမွေးဖို့ ပြင်ဆင်နေတာကြောင့်ပါ။ ဝမ်းလျှောတာ အကြိမ်အရေအတွက် မများဘူးဆိုရင် ပြဿနာမရှိပါဘူး။ ကိုယ်ဝန်ဆောင်တွေ တစ်ယောက်နဲ့တစ်ယောက်တော့ အချိန်ကွာခြားပါလိမ့်မယ်။

ဘယ်လိုကုသလို့ရလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးဝါးတွေကို ဆရာဝန်ခွင့်ပြုချက်မရဘဲ လုံးဝမသောက်သင့်ပါဘူး။ ဝမ်းလျှောတာ အကြိမ်အရေအတွက် နည်းတယ်ဆိုရင် ဆေးသောက်စရာမလိုပါဘူး။ ခဏခဏဝမ်းလျှောနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ တိုတွန်းလိုက်ပါတယ်။

  • ဝမ်းလျှောတဲ့အခါ ရေဓာတ်ခမ်းခြောက်တာ ဖြစ်ပွားနိုင်တာကြောင့် ရေများများပြန်သောက်ပေးဖို့ လိုပါတယ်။
  • ဝမ်းလျှောတာက အလိုလို မရပ်တန့်ဘူးဆိုရင် ဆရာဝန်နဲ့ ပြသဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆရာဝန်ခွင့်ပြုချက် မရှိဘဲ ဆေးသောက်တာမျိုး လုံးဝမပြုလုပ်ရ။
  • ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသသင့်လဲဆိုတော့ နှစ်ရက်သုံးရက် ဆက်တိုက် ဝမ်းလျှောနေတယ်ဆိုရင် ပြသသင့်ပါပြီ။
  • ဝမ်းလျှောနေချိန်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါတဲ့ အစားအစာတွေ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အစပ်အစားအစာများ၊ အကြော်စာများနဲ့ ဆီပါဝင်နှုန်းများတဲ့ အစားအစာတွေကို ရှောင်ရှားပါ။

ဆရာဝန်နဲ့ ပြသထားခြင်းမရှိဘဲ ဆေးသောက်တာကို လုံးဝရှောင်ရှားပါ။ အခြေအနေတွေ ပိုဆိုးရွားသွားစေနိုင်တာကြောင့်ပါ။ မေမေလောင်းတွေအတွက်တော့ သန္ဓေသားလေးအတွက်ပါ အန္တရာယ်တွေ ရှိလာနိုင်လို့ပါ။

ရေဓာတ်ခမ်းခြောက်ခြင်း

ဝမ်းလျှောတဲ့အခါမှာ အူသိမ်အူမ လှုပ်ရှာမှုတွေကနေ ခန္ဓာကိုယ်ရဲ့ အရည်တွေကိုဖယ်ရှားလိုက်တာကြောင့် ရေဓာတ်ခမ်းခြောက် သွားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ခမ်းခြောက်ရင် သန္ဓေသားအတွက် အန္တရာယ်တွေရှိနေပါတယ်။ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်ဆည်းဖို့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ အသီးဖျော်ရည်နဲ့ ဟင်းရည်တွေကိုလည်း သောက်လို့ရပါတယ်။

အရေးပေါ် အခြေအနေ

အချိန်ကြာမြင့်စွာ ဝမ်းလျှောရင် ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ ဝမ်းလျှောတာ နှစ်ရက် သုံးရက်ထက် ပိုကြာခဲ့ရင် ဆရာဝန်နဲ့ ပြသပါ။ အမြန်ဆုံးပြသရမယ့် လက္ခဏာများ

  • ဆီးအရောင်က အဝါရောင်ရင့်ရင့်ဖြစ်နေခြင်း
  • ပါးစပ်ခြောက်ခြင်း
  • ရေငတ်ခြင်း
  • ဆီးသွားတာ နည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ခေါင်းမူးခြင်းနဲ့
  • မျက်လုံးထဲမှာ အလင်းရောင်တွေ မြင်ခြင်းတို့ကို ကြုံတွေ့ရပြီဆိုရင် အမြန်ဆုံးကုသမှု ခံယူသင့်ပါပြီ။

ကိုယ်ဝန်ဆောင်ချိန် ဝမ်းလျှောခဲ့ရင် ရေဓာတ်မခန်းခြောက်ဖို့အတွက် တစ်ရက်ကို ရေ (၈၀)အောင်စ သောက်သုံးပေးခြင်းဖြင့် တားဆီးပေးနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video