ကိုယ်ဝန်ဆောင်‌မေမေတွေမေးကြတဲ့  Covid-19 ‌‌မေးခွန်းများ (အပိုင်း -၁)

by: Nang Htwe
 0 comments  17 love

ကိုယ်ဝန်ဆောင်ချိန်မှာ COVID-19 ကူးစက်ခံရရင် ပိုမိုပြင်းထန်တာကို ခံစားရနိုင်လား

COVID-19 နဲ့ ပတ်သက်ပြီး အခုချိန် ဗိုက်ဗိုက်တို့ အလွန်စိုးရိမ်ပူပန်ပါတယ်။ ဒါကြောင့် WHO က ဖော်ပြထားတဲ့ COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေတွေကို Kalay ကနေ တဆင့်ပြန်ပြီး ဝေမျှပေးပါ့မယ်။

ကိုယ်ဝန်ဆောင်‌မေမေတွေမေးကြတဲ့  COVID-19 ‌‌မေးခွန်းများ (Photo by The New Daily)

အမေး။ ကိုယ်ဝန်ဆောင်ချိန်မှာ COVID-19 ကူးစက်ခံရရင် ပိုမိုပြင်းထန်တာကို ခံစားရနိုင်လား

အဖြေ။ COVID-19 ကြောင့် ကိုယ်ဝန်‌ဆောင်အမျိုးသမီးတွေအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာ သု‌တေသနတွေ ပြုလုပ်နေပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေမှာ အကန့်အသတ်တွေရှိပေမယ့်လည်း အခုတွေ့ထားတာကတော့ သာမန်ကူးစက်ခံရတဲ့ အမျိုးသမီးတွေနဲ့နှိုင်းယှဉ်ရင် ကိုယ်ဝန်ဆောင်တွေ ထူးပြီးကြုံရတာမျိုး မတွေ့ရသေးပါဘူး။

ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေက ခုခံအား အပြောင်းအလဲတွေရှိတာကြောင့် အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာမှာတော့ သက်ရောက်မှု ပြင်းထန်ပါလိမ့်မယ်။ မိမိကိုယ်ကို ကြိုတင်ကာကွယ်တာတွေ ပြုလုပ်ထားပြီး အဖျားတက်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူရခက်တယ်ဆိုရင်တော့ ကျန်းမာရေးဌာနတွေဆီ အမြန်သွားရောက် ပြသသင့်ပါတယ်။

Alcohol ပါတဲ့ ဆပ်ပြာကိုသုံးပြီး ရေနဲ့ လက်ကို မကြာခဏ ဆေးပါ (ခဏခဏဆေးပါ) (Photo by Unicef)

အမေး။ ကျွန်မက ကိုယ်ဝန်ဆောင်တစ်ဦးပါ။ COVID-19 မကူးဆက်အောင် ဘယ်လိုကာကွယ်ရမလဲ

အဖြေ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားနိုင်ပါတယ်။

(၁) Alcohol ပါတဲ့ ဆပ်ပြာကိုသုံးပြီး ရေနဲ့ လက်ကို မကြာခဏ ဆေးပါ (ခဏခဏဆေးပါ)။

(၂) အပြင်ထွက်တာမျိုး၊ လူတွေအများကြီးရှိတဲ့နေရာတွေ သွားတာရှောင်ပါ။

(၃) မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ် နေရာကို လက်နဲ့ထိတွေ့တာ ရှောင်ပါ။

(၄) တကိုယ်ရည်သန့်ရှင်းမှုရှိပါ။ ဥပမာ နှာချေ၊ ချောင်းဆိုး ပြီးရင် လက်ကိုဆပ်ပြာနဲ့ပြန်ဆေးပါ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ အသုံးပြုထားတဲ့ တစ်သျှူးကို သေသေချာချာ လွင့်ပစ်ပါ။

ဖျားတာ၊ အသက်ရှူရခက်တာ၊ ချောင်းဆိုးတာတွေ ကြုံလာရရင် ဆေးရုံ၊ ဆေးခန်းဆီကို အမြန်ဆုံး သွားပြဖို့ တိုက်တွန်းလိုက်ပါတယ်။

Ref: who.int

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles