ကိုယ်ဝန်ဆောင်မေမေတို့ နောက်ထပ်သတိထားပေးရမှာက ရေဓာတ်မခမ်းခြောက်ဖို့ပါ။ ဆီးသွားတဲ့အခါ ဆီးရဲ့ အရောင်ဟာ အဝါပုပ်ရောင်ဖြစ်နေရင်တော့ ရေဓာတ်မလုံလောက်မှုကြောင့် ဖြစ်ပါတယ်။ ဒါဆိုရင် မေမေတို့အနေနဲ့ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ ရေဓာတ်ခမ်းခြောက်လာပြီဆိုရင် ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များတဲ့ ဝမ်းချုပ်တာလို ပြဿနာတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
ရေဓာတ်ခမ်းခြောက်ပြီဆိုရင် ဆီးရဲ့ အရောင်၊ အဝါရောင်ဖျော့သွားသည်အထိ (တဖြည်းဖြည်းဆီးက အရောင်မဲ့သွားသည်အထိ) ရေသောက်လိုက် ဆီးသွားလိုက်လုပ်ပေးရပါမယ်။ ပူပြင်းတဲ့ ရာသီဥတုနဲ့ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဆောင်ထားတယ်ဆိုရင် ပိုပြီးရေသောက်ပေးဖို့လိုအပ်ပါတယ်။
ရေသောက်တဲ့ ပမာဏထဲမှာ နွားနို့သောက်တာ၊ ဖျော်ရည်သောက်တာတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် အင်အားဖြည့်အချိုရည်တွေက မေမေတို့ရဲ့ ကိုယ်အလေးချိန်ကို တက်စေမယ့် ကယ်လိုရီတွေ ပါဝင်လို့ များများမသောက်ဖို့အကြံပြုချင်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ အစာခြေစနစ်ကို ပြသထားတဲ့ ပုံဖြစ်ပါတယ်။ စားလိုက်တာကနေ ဝမ်းသွားတဲ့အထိ အစာအိမ်၊ အူသိမ်၊ အူမ စတဲ့ အစိတ်အပိုင်းတွေကနေ အလုပ်လုပ်ပါတယ်။
ရေသောက်တာက ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ခြေထောက်ဖောရောင်တာတွေကို မဖြစ်စေပါဘူး။ ကိုယ်ဝန်ဆောင်တော်တော်များများဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အစာချေတဲ့စနစ်ရဲ့ ကြွက်သားတွေကို ပျော့ပြောင်းစေတဲ့ ဟော်မုန်းတစ်မျိုးထုတ်လုပ်ပါတယ်။ ဒီလိုထုတ်လုပ်တာကြောင့် အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အရင်တုန်းကနဲ့ မတူပဲ ကောင်းမွန်စွာလုပ်ဆောင်နိုင်ဖို့ခက်ခဲသွားပါတယ်။ ဒီလို အစာခြေစနစ်မှာဖြစ်တဲ့ ပြသနာတွေကို ရေသောက်ခြင်းက မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
နောက်ပြီး လိပ်ခေါင်းနဲ့ ဆီးလမ်းကြောင်းပိုးကူးစက်မှုတွေ မဖြစ်ပွားအောင်လည်း အတော်အသင့်ကာကွယ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရင့်လာလေ ရေများများသောက်ပေးဖို့ လိုအပ်လေပါပဲ။
Comments