ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံရမယ့် ပုံစံအနေအထားများ

by: Khin Nyein Lwin
 5 comments  1460 love

ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံရင် သန္ဓေသားလေးထိခိုက်မလားဆိုတဲ့ စိတ်ရှိနေမှာပါ။ မထိခိုက်ဘဲ လိင်ဆက်ဆံလို့ရတဲ့ ပုံစံအနေအထားတွေ အများကြီးရှိပါတယ်။

ပုံစံ (၄) ခုတောင် ရှိတယ်နော်

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး မထိခိုက်အောင် စောင့်ရှောက်ရတာ (၉) လတာတောင်ပါပဲ။ ကိုယ်ဝန်ဆောင်ထားတဲ့ (၉) လအတွင်းမှာ လိင်ဆက်ဆံဖို့က ဟိုအရင်ကလောက်တော့ အဆင်ပြေချင်မှ ပြင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန် ပထမ(၃)လနဲ့ နောက်ဆုံး (၃) လကလွဲရင် ကျန်တဲ့ အချိန်တွေကတော့ လိင်ဆက်ဆံလို့ ရနိုင်ပါတယ်။ ဒါပေမယ့် အနေအထားလေး မှန်ဖို့တော့ လိုပါတယ်နော်။ ဒါမှ သန္ဓေသားလေး မထိခိုက်ဘဲ စိတ်ကျေနပ်တဲ့အထိ လိင်ဆက်ဆံနိုင်မှာပါ။

ပုံစံ(၁)

ပုံစံ (၁)

ဖေဖေလောင်းနဲ့ မေမေလောင်းတို့ရေ ပုံစံ(၁) မှာဆိုရင်တော့ သန္ဓေသားလေး ထိခိုက်မှာစိုးတဲ့အတွက် မေမေလောင်းတို့ရဲ့ ခြေထောက်ကို ဖေဖေ့ပေါ်မှာ ကွေးထားတဲ့ သဘောပါ။ ဒါဟာ သားအိမ်ကို သိပ်မထိခိုက်စေတဲ့နည်းလမ်းပါနော်။ မေမေလောင်းရဲ့ ဗိုက်ကိုလည်း မဖိစေတာမို့ စိတ်ချရပြီး သက်တောင့်သက်သာ ဖြစ်စေတယ်နော်။

ပုံစံ(၂)

ပုံစံ (၂)

ဒီပုံစံ(၂) ကတော့ ဖေဖေလောင်းနဲ့ မေမေလောင်းတို့ အများဆုံး ဆက်ဆံဖြစ်ကြတဲ့ အလွယ်ဆုံးနည်းလမ်းလေးပါ။ မေမေလောင်းက အပေါ်ကမို့ ကိုယ်ဝန်ကို လုံးဝ မဖိတော့ပါဘူးနော်။ ဒါဆိုရင် ဆက်ဆံရတယ် မလား။ တစ်ခုရှိတာက မေမေလောင်းတို့ အားအရမ်းတော့ မစိုက်သင့်သေးပါဘူးနော်။

ပုံစံ(၃)

ပုံစံ (၃)

ဖေဖေလောင်းနဲ့ မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်နေစဉ် ချစ်တင်းနှောတယ်ဆိုတာ ကိုယ်ဝန်ကို မဖိမိစေဖို့နဲ့ သားအိမ်ကို အတင်းကြီး မထိခိုက်မိရင် ရပါတယ်နော်။ ဒီလို ကိုယ်ဝန်ကို မဖိမိစေဖို့အတွက်ဆိုတာ မေမေလောင်းက အပေါ်က နေရမှာပါ။ ခုံပေါ်မှာဆိုရင် ဖေဖေလောင်းအတွက် အဆင်ပြေပြီး မေမေလောင်းလေးလည်း သက်တောင့်သက်သာ ဖြစ်လောက်မှာပါ။

ပုံစံ(၄)

ပုံစံ (၄)

ဖေဖေလောင်းတို့ မေမေလောင်းလေးကို အပေါ်ဘက်မှာ မနေစေချင်ဘူးဆိုရင် ဘေးတိုက်လေး နေပေးနော်။ ဘေးတိုက်နောက်ကနေတဲ့ အနေအထားကလည်း ဖေဖေလောင်းနဲ့ မေမေလောင်းအတွက် အဆင်ပြေစေပြီး မေမေ့လောင်းအတွက် အရမ်း သက်တောင့် သက်သာ ရှိပြီး သားအိမ်ကိုလည်း မထိခိုက်စေနိုင်တော့ပါဘူး။ မေမေလောင်းကို မြှင့်စေချင်တယ်ဆိုရင်တော့ ခြေထောက်နားမှာ ခေါင်းအုံး၊ စောင် ခု ပေးထားလိုက်ပါ။ ဖေဖေလောင်းရော မေမေလောင်းပါ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ချရတဲ့ လိင်ပုံစံ အနေအထားလေးတွေနဲ့ သန္ဓေသားလေး မထိခိုက်နိုင်ဘဲ ချစ်နိုင်ပါစေနော်။

 

Source: BabyCenter

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles