ကိုယ်ဝန်လနုစဉ်တုန်းက အားငယ်တဲ့ ခံစားချက်ကြုံတွေ့ခဲ့ရတဲ့ မချယ်ရီလှိုင်

by: Nang Htwe
 0 comments  0 love

 နောက်ပိုင်း (၃)လကျော်လောက်တော့ သက်သာသွားတယ်။ တဖြည်းဖြည်းနဲ့ စားလို့ကောင်းလာတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေက မေမေလောင်းတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်မှုတွေ ရှိလာစေပါတယ်။ ဝမ်းနည်းအားငယ်တာ၊ ဒေါသထွက်တာ၊ စိတ်တိုတာနဲ့ အလိုမကျတာတွေ ကြုံတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ဖြစ်တဲ့ မချယ်ရီလှိုင် က ကိုယ်ဝန်ဆောင်ချိန်မှာ သူမအနေနဲ့ ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေကို ဝေမျှခဲ့ပြီး လနုစဉ် အခါက ကြုံ တွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ ကို အခြေခံပြီးတော့လည်း ကိုယ်ဝန်ဆောင်မိခင်တွေကို စိတ်အားငယ်တတ်တာတွေနဲ့ပတ်သက်လို့ အကောင်းဆုံး ဖြေရှင်းတဲ့ နည်းလမ်းတွေကို ပြောပြခဲ့ပါတယ်။

မချယ်ရီလှိုင် (Photo by Kalay.com.mm)

ကိုယ်ဝန်နဲ့ ပတ်သက်ပြီး လတ်တစ်လောခံစားချက်

နာမည်ကတော့ မချယ်ရီလှိုင်ပါ။ ကိုယ်ဝန်အပတ်ရေကတော့ (၃၀)ပတ်ရှိပါပြီ။ ဆရာဝန်ဆီမှာ တစ်လတစ်ကြိမ် ပုံမှန်ပြနေပါတယ်။ အားဆေးလည်းသောက်ပါတယ်။ ကိုယ်ဝန်အတွက် လတ်တလော ခံစားရတာကတော့ သွားရလာရတာ နည်းနည်းလေးလာတာရှိတယ်။ ကြွက်သားတွေ ဘာတွေနည်းနည်းနာတာတွေ ရှိလာပြီ။

ကိုယ်ဝန်အတွက် လေ့လာဖြစ်ပုံ

Kalay website တွေထဲဝင်ကြည့်ပါတယ်။ သိချင်တာလေးတွေရှိရင်လည်း Dr.K မှာ ဝင်မေးပါတယ်။ နောက်ပြီးတော့ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ ဆရာဝန်ကြီးတွေ ပြောတဲ့ ပွဲတွေ တတ်ဖြစ်တယ်။ ဒါကတော့ ပထမဆုံးတတ်ဖြစ်တဲ့ ပွဲပါ။ Facebook ကနေလည်း ဗဟုသုတလေးတွေ ကြည့်ဖြစ်တယ်။

ကိုယ်ဝန်လနုစဉ်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ

လနုစဉ်မှာတော့ ပထမပိုင်းမှာ အစားအသောက်ပျက်တာ၊ ပျို့တာ၊ အန်တာတွေ ခံစားရတယ်။ နောက်ပိုင်း (၃)လကျော်လောက်တော့ သက်သာသွားတယ်။ တဖြည်းဖြည်းနဲ့ စားလို့ကောင်းလာတယ်။ အိပ်လို့ကောင်းတယ်။ ဒါပေမယ့် အခုချိန်ကျတော့ ကိုယ်ဝန်နည်းနည်းလောက် လရင့်လာတော့ အိပ်ရတာ ညဖက်တွေ အိပ်မပျော်တော့တာတွေရှိတယ်။ မနက်ကျရင် အစားကို ပိုပြီးတော့စားတယ်။ လမ်းလျှောက်ပေးတယ်။ ရေများများသောက်တာတွေ ပြန်လုပ်ပေးတယ်။

Image result for asian pregnancy and TV

စကားပြောဖော်မရှိလို့ အထီးကျန်တဲ့အခါ ဇာတ်လမ်းလေးတွေ ကြည့်လိုက်တယ် (Photo by The Bump)

ကိုယ်ဝန်ဆောင်နေစဉ် စိတ်ခံစားချက်

အစောပိုင်းကာလတွေမှာတော့ရှိဖူးတယ်။ စိတ်ထဲမှာ တစ်ခုခုဆိုရင် အားငယ်သွားတာ၊ ကိုယ့်ဘေးနားမှာ စကားပြောဖော်မရှိရင် အထီးကျန်တာမျိုးတော့ ဖြစ်တတ်တယ်။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ တွေ့တယ်။ စကားပြောတယ်။ နောက်ပြီးတော့ ဇာတ်လမ်းလေးတွေ ကြည့်လိုက်တယ်။ အဲဒီလိုမျိုးလေးတွေ လုပ်ဖြစ်ခဲ့ပါတယ်။

မေမေလောင်းတို့အတွက် လက်ဆောင်စကား

ကိုယ်ဝန်ဆောင်တွေအတွက်ကတော့ စရှိပြီဆိုတာနဲ့ ဆရာဝန်တွေနဲ့ ပြသပါ။ အားရှိမယ့်အစားအစာတွေ စားပေးပါ။ မတည့်တဲ့ အစားအစာတွေ သေချာကြည့်ပြီး ရှောင်ရှားဖို့ ပြောချင်ပါတယ်။

နောက်အပတ်မှာလည်း ကိုယ်ဝန်ဆောင်မေမေတွေရဲ့ အတွေ့အကြုံတွေကို Kalay ကနေ ထပ်ပြီး ဝေမျှပေးသွားဦးမှာပါ။

From Kalay with


Comments

0 comments
Latest video