ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်းထွက်တာတွေ ဖြစ်ရင်

by: Phyo Pyae Thu
 0 comments  3 love

မေမေလောင်းတို့ တပတ်ကို (၃) ခါထက်နည်းပြီး ဝမ်းသွားတယ်ဆိုရင်တော့ ဒါကို ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ ရပါတယ်။ ကာကွယ်လို့ရမယ့် နည်းလမ်းလေးတွေ ဖတ်ကြည့်ပါဦးနော်။

ကိုယ်ဝန်ဆောင်နေချိန်မှာ မေမေလောင်းတို့ရဲ့ အူလှုပ်ရှားတာက ပုံမှန်ထက် နှေးကွေးတာကြောင့် ဝမ်းချုပ်တာပါ။

မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကြုံရမှာတွေက တော်တော်လေးတော့ များနိုင်ပါတယ်။ မေမေလောင်းတိုင်းတော့ မဟုတ်ပါဘူး။ ဒီတစ်ခါမှာတော့ ဝမ်းချုပ်ခြင်းနဲ့ လိပ်ခေါင်းထွက်ခြင်း အကြောင်းတွေကို Kalay ကနေ မျှဝေပေးလိုက်ပါတယ်။

မေမေလောင်းတို့ တပတ်ကို (၃) ခါထက်နည်းပြီး ဝမ်းသွားတယ်ဆိုရင်တော့ ဒါကို ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ ရပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အူလှုပ်ရှားတာက ပုံမှန်ထက် နှေးကွေးတာကြောင့် ဝမ်းချုပ်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သောက်တဲ့ သံဓါတ်အားဖြည့်ဆေးကလည်း ဝမ်းတော့ ချုပ်စေပါတယ်။

အူသိမ်အဆုံးပိုင်းနဲ့ စအိုတဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းကားရောင်ရမ်းတာကို လိပ်ခေါင်းလို့ အလွယ်ခေါ်ကြပါတယ်။ တချို့ မေမေလောင်းတွေမှာဆိုရင် အဲ့ဒီ့ သွေးကြောလေးတွေဟာ ဖောင်းကားလွန်းနေပြီး အရမ်းတင်းနေတာကြောင့် ပါးလှပ်နေပြီး အပြင်ကိုကျွံထွက်လာတတ်ကာ နေရတာ ကသိကအောင့်ဖြစ်ပြီး နာကျင်စေပါတယ်။ ဒီလိုနာကျင်ပြီး ကသိကအောက်ဖြစ်ရတဲ့ အခြေအနေဟာ ကိုယ်ဝန်ဆောင်တွေမှာ အရမ်းကို အဖြစ်များပါတယ်။ ကိုယ်ဝန် (၂၇)ပတ်နောက်ပိုင်းမှာ အဖြစ်ပိုများပါတယ်။ ဝမ်းချုပ်တာကနေပြီးတော့လည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။

ဝမ်းချုပ်တာကနေပြီးတော့လည်း လိပ်ခေါင်းဖြစ်တတ်ပါတယ်။

ကာကွယ်ဖို့အတွက်

နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ အမျှင်ဓာတ်ကို လုံလုံလောက်လောက် ပါအောင် စားပေးရပါမယ်။ သစ်သီး၊ဟင်းသီးဟင်းရွက် နဲ့ အစေ့အဆံတွေကို များများ စားပေးဖို့ လိုပါတယ်နော်။  အရည်များများသောက်ပေးပါနော်။ အိမ်သာတက်တဲ့အခါ အရမ်းမညှစ်ပါနဲ့။ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ မမေ့ပါနဲ့။

ကိုယ်ဝန်ဆောင်ချိန်မှာ  ဒီလို ကျန်းမာရေး ပြဿနာတွေ ရှိတယ်ဆိုရင်တော့ အိမ်သာတက်ပြီးတိုင်း စအိုပတ်လည်ကို သေသေချာချာ စင်ကြယ်အောင်ဆေးပါ။ ကလေးသုံးတဲ့ တစ်ရှူး အပျော့စားကိုသုံးပြီး အရှေ့ကနေ အနောက်ကို ပွတ်ပီးဆေးပါ။ ယားယံတာတွေသက်သာစေဖို့ ရေနွေးစိမ်ပါ။ ရေခဲအိတ်ကပ်ပါ။ အချိန်အကြာကြီး မထိုင်ပါနဲ့။ ခပ်ကြာကြာထိုင်ပြီးတိုင်း ခဏတဖြုတ်နားပါ။ လမ်းထလျှောက်ပါ။ ဒီနည်းလမ်းတွေက သက်သာစေမှာပါ။ မေမေလောင်းတို့အနေနဲ့ ပုံမှန်ထက် ပိုပြီး ဝမ်းချုပ်ခဲ့ရင် ဆရာဝန်ဆီ မြန်မြန်ပြပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။ မဟုတ်ရင် ဗိုက်အောင့်တာတွေကြောင့် ဆေးသောက်ရရင် အဆင်မပြေပါဘူး။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicecarehealthsafe


Comments

0 comments
Latest video
Refer to more useful articles