အရေးပေါ်ခရီးသွားမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အန္တရာယ်ကင်းစေဖို့

by: Nang Htwe
 0 comments  56 love

ဆရာဝန်တွေက ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ ကျန်းမာရေး နဲ့ ခရီးအနီးအဝေးပေါ်မူတည်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ညွှန်ကြားပေးမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ခရီးသွားတယ်ဆိုတာ အန္တရာယ်များလှပါတယ်။ အကြောင်းကိစ္စ တစ်ခုခုကြောင့် မဖြစ်မနေ ခရီး သွားရတော့မယ်ဆိုရင်တော့ အန္တရာယ်ကင်းအောင် စီမံဖို့ လိုပါတယ်။ ခရီးသွားမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အန္တရာယ်ကင်းဖို့အတွက် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ခရီးသွားမယ့် ကိုယ်ဝန်ဆောင်မေမေတွေ အန္တရာယ်ကင်းဖို့အတွက် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ် (Photo by Nhà thuốc Long Châu)

မေမေလောင်းတို့ရဲ့ ကျန်းမာရေး အခြေအနေ၊ခရီးအနီးအဝေးပေါ် မူတည်ပြီး ဆရာဝန်တွေက ညွှန်ကြားပေးပါလိမ့်မယ်။ ခရီးသွားမယ့် ကိုယ်ဝန်ဆောင်မေမေတွေအတွက် အန္တရာယ်ကင်းစေပြီး လုံခြုံစိတ်ချမှု ရစေဖို့ Kalay ကနေ ဝေမျှပေးလိုက်ပါတယ်နော်။

အရေးပေါ်ကား နဲ့ ဆေးရုံဆေးခန်းများ

ကိုယ်ဝန်ဆောင်ချိန် ပထမပိုင်းနဲ့ တတိယပိုင်းကို ရောက်နေတဲ့ မေမေတွေအတွက် ခရီးသွားတဲ့အခါမှာ အကူအညီရစေမယ့် အရေးပေါ်ကားတွေရဲ့ ဖုန်းနံပါတ်ကို မှတ်သားထားပါ။ လမ်းခရီး တလျောက်က ဆေးရုံဆေးခန်းတွေကိုလည်း စုံစမ်းထားပါ။

မိသားစုဆရာဝန်

ကိုယ်ဝန်ဆောင်မေမေတွေ ခရီးသွားတဲ့အခါမှာ မိသားစုဆရာဝန်ကို ခေါ်သွားတာက မေမေလောင်းတွေအတွက် ပိုပြီးလုံခြုံမှုကို ရစေပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ခရီးသွားတဲ့အခါမှာ အကူအညီရစေမယ့် အရေးပေါ်ကားများရဲ့ ဖုန်းနံပါတ်ကို မှတ်သားထားပါ (Photo by Flickr)

ပြင်ဆင်ထားပါ

ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ခရီးသွားတဲ့အခါမှာ လမ်းမှာတွေ့တဲ့ အစားအစာတွေက သန့်ရှင်းမှုအားနည်းတဲ့အတွက် မေမေလောင်းတွေ မစားသင့်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ လမ်းမှာစားဖို့အတွက် အိမ်ကနေ အစားအစာတွေနဲ့ ရေကို ပြင်ဆင်ပြီး ယူလာတာက အန္တရာယ်ကင်းစေပါတယ်။

လက်ဆေးပါ

ခရီးသွားတဲ့အခါမှာ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ လက်ကို မကြာခဏ ဆေးပေးဖို့လိုပါတယ်။ ဘူတာရုံ၊ ကားဂိတ်၊ လေယာဉ်ကွင်း စတဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ ပိုးမွှားတွေ ရှိနေတာကြောင့် မကူးစက်ဖို့ လက်ကို မကြာခဏ ဆေးပေးပါ။

ဖျက်သိမ်းခြင်း

ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ပိတ်ရက် နဲ့ တခြားအားလပ်ရက်များမှာ ခရီးမသွားတာ အကောင်းဆုံးပါပဲ။ ပိတ်ရက်တွေမှာ ခရီးသွားတွေ များတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ အဲဒီရက်တွေကို ရှောင်ရှားသင့်ပါတယ်။

သတိထားပါ

ကိုယ်ဝန်ဆောင်မေမေတွေ ထပ်မံသတိထားရမှာကတော့ ခြင်ကိုက်တာပါပဲ။ ခရီးသွားတဲ့ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ ခြင်ကိုက်မခံဖို့ Kalay ကနေ သတိပေးလိုက်ပါတယ်။

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: guideimportanttravel


Comments

0 comments
Latest video
Refer to more useful articles