ကိုယ်ဝန်ဆောင်ချိန်အလိုက် ဗိုက်ဗိုက်လေးတွေ တက်ထားသင့်တဲ့ သင်တန်းများ

by: Nang Htwe
 0 comments  0 love

 မေမေလောင်းတို့အတွက်ကော သားသားမီးမီးလေးတွေအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရစေပါတယ်။

သင်တန်းဆိုတာ မေမေတို့နဲ့ ရင်းနှီးပြီးသားပါ။ ငယ်ငယ်တုန်းက ကျူရှင်တွေ၊ သင်တန်းတွေ အများကြီး တက်ခဲ့ရပါတယ်။ ဒါကြောင့် သင်တန်းတွေနဲ့ မေမေလောင်းတို့ မစိမ်းပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း မေမေလောင်းတို့ တက်ထားသင့်တဲ့ သင်တန်းတွေ ရှိပါတယ်။

Image result for pregnancy classes

ကိုယ်ဝန်ဆောင်ချိန်မှာ သင်တန်းတွေ တက်ထားလိုက်ခြင်းက မေမေလောင်းတို့အတွက်ကော သားသားမီးမီးလေးတွေအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရစေပါတယ် (Photo by Bubele)

ကိုယ်ဝန်ဆောင်ချိန်မှာ သင်တန်းတွေ တက်ထားလိုက်ခြင်းက မေမေလောင်းတို့အတွက်ကော သားသားမီးမီးလေးတွေအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရစေပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ဘယ်လိုရှာဖွေရမလဲ။ ဆေးရုံကြီးတွေမှာ ကိုယ်ဝန်ဆောင်မေမေတို့ကို သင်တန်းပေးတာတွေရှိပါတယ်။ အတွေ့အကြုံရှိတဲ့ ဝါရင့် ကျွမ်းကျင်သူတွေ တည်ထောင်ထားတဲ့ သင်တန်းတွေလည်းရှိပါတယ်။ မိခင်နဲ့ ကလေးငယ်ကို စောင့်ရှောက်ပေးနေတဲ့ စင်တာတွေကနေလည်း သင်တန်းပေးတာတွေရှိပါတယ်။ မေမေလောင်းတို့ အဆင်ပြေတဲ့နေရာကို ရွေးချယ်နိုင်ပါတယ်။ မေမေလောင်းတို့ အဓိက တက်ထားသင့်တဲ့ သင်တန်းတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

မေမေလောင်းတို့ တက်ထားသင့်တဲ့ သင်တန်းများ

ကိုယ်ဝန်ဆောင်မေမေတို့နဲ့ သက်ဆိုင်တဲ့ သင်တန်း တွေဟာဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုနေထိုင်ရမယ်၊ မွေးခါနီးမှာ ဘယ်လိုပြင်ဆင်ရမယ်၊ မွေးဖွားချိန်မှာ အဆင်ပြေအောင် ဘယ်လိုလုပ်ဆောင်ထားရမယ်၊ မွေးကင်းစကလေးငယ်ကို ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတဲ့ ဗဟုသုတတွေ ရရှိစေပါတယ်။ အပိုင်းသုံးပိုင်းခွဲခြားပြီး ပြောပြပေးပါမယ်။

Related image

သားသားမီးမီးလေးတို့ကို စနစ်တကျ ဂရုစိုက်နိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သင်တန်းလေးတွေ တက်ထားသင့်ပါတယ် (Photo by Active Birth Center)

ကိုယ်ဝန်ဆောင်ချိန် ပထမပိုင်း (ပထမ(၃))လ

  • ယောဂ သင်တန်း

ကိုယ်ဝန်ဆောင်ချိန် ဒုတိယပိုင်း (ဒုတိယ(၃))လ

  • မွေးဖွားလာမယ့် ကလေးငယ် ရောဂါကူးစက်မှု မရှိအောင် ဆောင်ရန်၊ ရှောင်ရန်များ
  • မေမေအသစ်တွေ သိထားသင့်တဲ့ ကလေးငယ် စောင့်ရှောက်နည်းများ (ဥပမာ အနှီး၊ လေထုတ်ပေးခြင်း၊ ဒိုက်ပါအသုံးပြုနည်း)
  • ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါမဖြစ်အောင် ကာကွယ်ရေးနည်းလမ်းများ
  • ဆရာဝန်နဲ့ တွေ့ဆုံတဲ့အခါ ဘယ်လိုမေးခွန်းတွေ မေးရမယ်ဆိုတာ သင်ကြားပေးခြင်း

ကိုယ်ဝန်ဆောင်ချိန် တတိယပိုင်း (တတိယ(၃))လ

  • ကလေးမွေးဖွားဖို့ ပြင်ဆင်ပေးတဲ့ သင်တန်းများ
  • ကလေးမွေးဖွားဖို့အတွက် လိုအပ်တဲ့ ညွှန်ကြားချက်များ
  • ကလေးမွေးဖွားဖို့ ပြင်ဆင်ခြင်း
  • မိခင်နို့ စနစ်တကျ တိုက်ကျွေးနည်းများ

မွေးဖွားပြီးနောက်ပိုင်း

  • မိဘအုပ်ထိန်းမှုနဲ့ ပံ့ပိုးမှုများ
  • တခြားအပိုထပ်ဆောင်း သင်တန်းများ

သားသားမီးမီးလေးတို့ကို စနစ်တကျ ဂရုစိုက်နိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှာ သင်တန်းလေးတွေ တက်ထားသင့်ပါတယ်။ နောက်အပတ်မှာလည်း ဖေဖေလောင်းတို့ တက်သင့်တဲ့ သင်တန်းတွေကို Kalay ကနေ ညွှန်ပြပေးသွားဦးမယ်နော်။

 

 

 

 

 

 

From Kalay with

Tag: Classespregnancy

Comments

0 comments
Latest video