ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ဆေးဘယ်လိုသောက်မလဲ

by: Nang Htwe
 0 comments  0 love

ဆေးသောက်တာနဲ့ ပတ်သက်ပြီး ဆရာဝန်ရဲ့ ခွင့်ပြုချက်တောင်းရတာလဲဆိုတော့ တချို့ဆေးတွေ သောက်တာ ရပ်လိုက်ရင် မေမေလောင်းတို့ကိုကော သန္ဓေသားကိုပါ အန္တရာယ်ဖြစ်စေနိုင်လို့ပါ။

ဗိုက်ဗိုက်လေးတွေလည်း သိကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်ညွှန်ကြားထားခြင်းမရှိတဲ့ ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ဘူးဆိုတာပါ။ တချို့ဆေးတွေက သန္ဓေသားအပေါ် သက်ရောက်မှုတွေ ရှိနေလို့ ဆရာဝန်ရဲ့ ခွင့်ပြုချက် လိုအပ်တာပါ။

အကယ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်တဲ့ဝေဒနာ၊ နေမကောင်းတဲ့ ပြဿနာတွေ ကြုံလာရရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးနဲ့ အမှန်ဆုံးပါ (Photo by FirstCry Parenting)

အကယ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ နာကျင်တဲ့ဝေဒနာ၊ နေမကောင်းတဲ့ ပြဿနာတွေ ကြုံလာရရင် ဆရာဝန်နဲ့ ပြသတာ အကောင်းဆုံးနဲ့ အမှန်ဆုံးပါ။ ဆေးတစ်မျိုးမျိုးသောက်တော့မယ်ဆိုရင် ဆရာဝန်၊ သားဖွားဆရာမ၊ သူနာပြု စတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ အရင်ပြသ စစ်ဆေးပါ။

အရင်တုန်းက နေ့တိုင်းရေရှည်စွဲသောက်ရတဲ့ ဆေးဝါးတွေရှိရင်လည်း ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ရပ်ထားသင့်၊ မသင့် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်တာမျိုး လုံးဝမလုပါနဲ့။

ဘယ်ဆေးတွေက အန္တရာယ်ကင်းလဲ

ဗိုက်ဗိုက်လေးတို့ရေ အန္တရာယ်ကင်းတဲ့ဆေးဆိုတာ သိဖို့ မလွယ်ပါဘူး။ တချို့ဆေးအညွှန်းတွေမှာတော့ ကိုယ်ဝန်ဆောင်ချိန် မသောက်ဖို့ သတိပေးချက်တွေ ပါတတ်ပါတယ်။ အတိအကျသိဖို့နဲ့ စိတ်ချရဖို့ကတော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ပါ။ ကိုယ်ဝန်ဆောင်ချိန် ဘာလိုဆေးတွေသောက်ရမယ်ဆိုတာကိုလည်း ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ ဆရာဝန်နဲ့ ပြသတဲ့အခါ ကိုယ်ဝန်ရှိကြောင်း အရင်ဆုံးပြောပါ။

ဆေးဝါးပေါ်က အညွှန်းနဲ့ပတ်သက်ပြီး တိတိကျကျ မသိဘူးဆိုရင် ဆရာဝန်၊ သားဖွားဆရာမ ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေထံ မေးပါ (Photo by Medical News Today Constipation in pregna)

သောက်နေကျဆေးတွေ ရပ်သင့်၊ မရပ်သင့်

ဆေးသောက်တာနဲ့ ပတ်သက်ပြီး ဆရာဝန်ရဲ့ ခွင့်ပြုချက်တောင်းရတာလဲဆိုတော့ တချို့ဆေးတွေ သောက်တာ ရပ်လိုက်ရင် မေမေလောင်းတို့ကိုကော သန္ဓေသားကိုပါ အန္တရာယ်ဖြစ်စေနိုင်လို့ပါ။ ဒီတော့ မေမေလောင်းတို့ ကိုယ်ဝန်ရှိတာ သိသိချင်း

  • အရင်တုန်းက သောက်လာခဲ့တဲ့ဆေးတွေ ဆက်သောက်သင့်၊ မသောက်သင့် ဆရာဝန်၊ သားဖွားဆရာမတွေဆီ ပြသပါ။
  • မီးယပ်သားဖွားဆရာဝန်မဟုတ်ဘဲ တခြားဆရာဝန်တွေနဲ့ ပြသမယ်ဆိုရင် ကိုယ်ဝန်ရှိကြောင်း အရင်ပြောပါ။
  • ပုံမှန်ဆေးသောက်နေရသူဆိုရင် ကိုယ်ဝန်စရှိရှိခြင်း ဆရာဝန်နဲ့ ချက်ချင်း စကားပြောပါ။
  • ဆေးဝါးပေါ်က အညွှန်းနဲ့ပတ်သက်ပြီး တိတိကျကျ မသိဘူးဆိုရင် ဆရာဝန်၊ သားဖွားဆရာမ ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူတွေထံ မေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ့်သဘောနဲ့ကိုယ် ဆေးမသောက်ရပါဘူးနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles