ဗိုက်ဗိုက်လေးတွေ ကိုယ်ဝန်ဆောင်ချိန်တွင်း ရေယုန်ပေါက်တဲ့ ပြဿနာ

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအတက်အကျတွေကြောင့် ခန္ဓာကိုယ်ထဲ ဗိုင်းရပ်တွေ၊ ဘက်တီးရီးယားတွေ ဝင်ရောက်လာတာမျိုးကြောင့် ရေယုန်ပေါက်နိုင်ပါတယ်

ရေယုန်အများစုက နှုတ်ခမ်း၊ ပါးစပ်၊ ပါး၊ နှာခေါင်းနဲ့ မေးစေ့တို့မှာ အများဆုံးဖြစ်ပေါ်လေ့ရှိပါတယ်။ ရေယုန်ပေါက်တဲ့အခါ ပထမဆုံး ယားယံတာကို အရင်ကြုံရပြီး နောက်ပိုင်း နာကျင်တဲ့အသွင် ပြောင်းသွားပါတယ်။ ရေယုန်ပေါက်တာက ချက်ချင်းပေါ်မလာဘဲ ရက်သတ္တပတ်အနည်းငယ်ကြာမှာ ပေါ်လာပါတယ်။

Image result for Is It Common To Get Cold Sores (Fever Blisters) During Pregnancy?

ရေယုန်အများစုက နှုတ်ခမ်း၊ ပါးစပ်၊ ပါး၊ နှာခေါင်းနဲ့ မေးစေ့တို့မှာ အများဆုံးဖြစ်ပေါ်လေ့ရှိပါတယ် (Photo by ask the Boogor Doctor)

ကိုယ်ဝန်ဆောင်ချိန်မှာ ရေယုန်ပေါက်နိုင်လား

ကိုယ်ဝန်ဆောင်ချိန်မှာ ရေယုန်ပေါက်နိုင်ပါတယ်။ အထူးသဖြင့် ပါးစပ်နားတဝိုက်မှာ ပိုဖြစ်ပါတယ်။ လိင်အင်္ဂါမှာလည်း ပေါက်နိုင်ပါတယ်။ သာမန်အချိန်မှာတော့ ရေယုန်ပေါက်တာ ပြဿနာမရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ ကုသမှု ခံယူသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘာကြောင့် ရေယုန်ပေါက်ရတာလဲ

ရေယုန်ပေါက်ခြင်း အမျိုးမျိုးရှိပါတယ်။ အဲဒါတွေကတော့

Herpes simplex virus

HSV 1 နဲ့ HSV 2 ဆိုပြီး (၂)မျိုးရှိပါတယ်။ HSV 1 ကြောင့် အများဆုံးရေယုန်ပေါက်တာပါ။ ပါးစပ်တဝိုက်နဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ ရေယုန်ပေါက်တယ်ဆိုရင် HSV 2 ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်တွေဟာဆိုရင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတာနဲ့ ချက်ချင်းမပြဘဲ နောက်မှ ပြသတာမျိုးတွေလည်း အများကြီးရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လက္ခဏာပြတာချင်း မတူညီကြပါဘူး။

Image result for ampollas en los labios

စိတ်ဖိစီးမှုများတာတွေ၊ ကြောက်လန့်တာတွေ များလာတာကြောင့်လည်း ရေယုန်‌ပေါက်တဲ့ ပြဿနာကြုံရနိုင်ပါတယ် (Photo by Dallas Morning News )

 

ဟော်မုန်းအပြောင်းအလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအတက်အကျတွေကြောင့် ခန္ဓာကိုယ်ထဲ ဗိုင်းရပ်တွေ၊ ဘက်တီးရီးယားတွေ ဝင်ရောက်လာတာမျိုးကြောင့် ရေယုန်ပေါက်နိုင်ပါတယ်။

စိတ်ဖိစီးမှုများ

စိတ်ဖိစီးမှုများတာတွေ၊ ကြောက်လန့်တာတွေ များလာတာကြောင့်လည်း ရေယုန်‌ပေါက်တဲ့ ပြဿနာကြုံရနိုင်ပါတယ်။

တခြားပြဿနာများ

လွန်ကဲတဲ့ အစားအသောက် အထူးသဖြင့် စပ်လွန်းတဲ့အစားအစာ၊ ငံလွန်းတဲ့ အစားအစာ၊ အက်ဆစ်ဓါတ်များလွန်းတဲ့ အစားအသောက်တွေကြောင့် ရေယုန်ဖြစ်တဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။

ရေယုန်လက္ခဏာများ

  • နှုတ်ခမ်းရောင်ရမ်းခြင်း
  • အရည်ကြည်ဖုထခြင်း
  • နီခြင်း
  • ဖျားခြင်း
  • နာကျင်ခြင်း
  • လည်ချောင်းနာခြင်းနဲ့
  • နှုတ်ခမ်းတဝိုက်မှာ အဖုသေးသေးလေးတွေ အများကြီးပေါက်လာတာမျိုး စတဲ့လက္ခဏာတွေ ကြုံရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ရေယုန်ပေါက်တယ်ဆိုရင် ဆရာဝန်နဲ့ စနစ်တကျ ကုသမှုခံယူသင့်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x