ကိုယ်ဝန်ဆောင်ချိန်မှာ အစာမကြေဖြစ်တာကို ဒီလိုကာကွယ်မယ်

by: Nang Htwe
 0 comments  5 love

လတ်ဆက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။ အမျှင်ဓာတ်ပါဝင်နှုန်းမြင့်တာကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် မေမေလောင်းတို့ ပြဿနာတွေ အများကြီးရင်ဆိုင်ရပါတယ်။ ဟော်မုန်းအပြောင်းအလဲက အစာခြေစနစ် အပေါ် သက်ရောက်မှုရှိတာကြောင့် အစာမကြေတာကို ခံစားရပါတယ်။ အစားအစာ ပမာဏ အများအပြားစားတဲ့အခါ ရင်ပူတာနဲ့ အစာအိမ်နာကျင်တာကို ခံစားရပါတယ်။ မကြာခဏ အော့အန်တာကြောင့်လည်း အစာအိမ်နာကျင်လာပါတယ်။ ကိုယ်ဝန်ဆောင် ပထမ(၃)လမှာ အစာမကြေတာကို အများဆုံး ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် မေမေလောင်းတို့ ပြဿနာတွေ အများကြီးရင်ဆိုင်ရပါတယ် (Photo by Fullnomore)

ကိုယ်ဝန်ဆောင်ချိန်မှာ အစာမကြေတာ သက်သာစေဖို့ ဒီလိုကာကွယ်ကြမယ်

  • လတ်ဆက်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။ အမျှင်ဓာတ်ပါဝင်နှုန်းမြင့်တာကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။
  • အစားစားတဲ့အခါမှာ တခါတည်း အများကြီးမစားဘဲ နည်းနည်းချင်းစီ အကြိမ်ရေအတွက် များများစားပါ။ ဒီလိုစားပေးတာက အူကို ဖိအားသက်ရောက်မှု နည်းစေပါတယ်။

ဟော်မုန်းအပြောင်းအလဲက အစာခြေစနစ် အပေါ် သက်ရောက်မှုရှိတာကြောင့် အစာမကြေတာကို ခံစားရပါတယ် (Photo by gettyimage)

  • အစာကို ကြေညက်အောင် စားတာက အစာခြေစနစ်ကို အထောက်အကူပြုစေပါတယ်။
  • အစာခြေစနစ်ကို အခက်အခဲဖြစ်စေတဲ့ အစပ်နဲ့ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ရှားပါ။
  • ညဘက် အစားစားပြီးပြီးချင်း လှဲခြင်း၊ အိပ်ခြင်း ရှောင်ရှားပါ။
  • ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အခွံမာသီးများ၊ ဂျုံဘီစကစ်များနဲ့ အသီးများကို စားပေးပါ။
  • ဆေးလိပ်သောက်တာကို ရှောင်ရှားပါ။ ဆေးလိပ်သောက်တာက အစာအိမ်ကို ဖိအားတွေပိုပေးစေပါတယ်။
  • ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးပါ။
  • နွားနို့ပူပူလေးထဲကို ပျားရည်အနည်းငယ်ထည့်ပြီး သောက်ပေးတာက အစာအိမ်ကို အထောက်အကူပြုပါတယ်။
  • ဂျင်းလက်ဖက်ရည် သို့မဟုတ် ပူစီနံလက်ဖက်ရည် ကို သောက်သုံးပေးတာက ရင်ပူတာကို သက်သာစေပါတယ်။
  • အူလှုပ်ရှားတာကို အထောက်အကူပြုတဲ့ သစ်သီးဖျော်ရည်တွေကို သောက်သုံးပေးနိုင်ပါတယ်။
  • ညအိမ်တဲ့အခါမှာ ခေါင်းအုံးကို ခပ်မြင့်မြင့်ထားပြီးအိပ်ပေးပါ။
  • ဒိန်ချဉ်ကတော့ ရင်ပူတာနဲ့ အစာအိမ်နာကျင်တာကို သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့အနေနဲ့ အသွားအလာ၊ အနေထိုင်နဲ့ အစားအသောက်တို့ကို အရင်ကထက်ပိုပြီး ဂရုစိုက်ပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x