ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ဘူးဆိုရင်

by: Phyo Pyae Thu
 0 comments  137 love

 မေမေလောင်းလေးတို့ ကိုယ်ဝန်ဆောင်နေချိန်မှာ အိပ်မပျော်တာတွေနဲ့ အိပ်ရေးဝဝ မအိပ်ဖြစ်ခြင်းတွေက မလွဲမသွေ ကြုံတွေ့ရမှာပါပဲ။ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

တရေးတမော အိပ်တာကလည်း ကျန်းမာရေး ကောင်းစေတာမို့ အချိန်ရရင် အိပ်ပေးနော်  (Photo: Today’s Parent)

အိပ်စက်ခြင်းဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ အိပ်ချိန်များများ မရှိဘူးဆိုရင် ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ မေမေလောင်းလေးတို့ ကိုယ်ဝန်ဆောင်နေချိန်မှာ အိပ်မပျော်တာတွေနဲ့ အိပ်ရေးဝဝ မအိပ်ဖြစ်ခြင်းတွေက မလွဲမသွေ ကြုံတွေ့ရမှာပါပဲ။ ဒီလိုဆိုရင်တော့ မေမေလောင်းတို့ရဲ့ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

ဘယ်အချိန်မှာ အိပ်ရာဝင်ကို ဝင်မယ်၊ အိပ်ပျော်အောင် အိပ်မယ်လို့ ဆုံးဖြတ်ချက် ချပါ (Photo: Today’s Parent)

အိပ်ရေးဝဝ မအိပ်ဘူးဆိုရင်တော့

ကိုယ်ခန္ဓာရဲ့ ခံနိုင်ရည်စွမ်းအား ကျဆင်းလာပါလိမ့်မယ်။ ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းတတ်တဲ့ တုံ့ပြန်မှု ရပ်သွားပါတယ်။ ဒီလို ရပ်သွားပြီဆိုရင်တော့  cytokines တွေ ပိုထုတ်ပေးခြင်း ဖြစ်လာနိုင်ပါတယ်။  cytokines လေးတွေဟာ ကျန်းမာရေးအတွက် လိုအပ်တဲ့ မော်လီကျူးလေးတွေ ဖြစ်ပေမယ့် များလာမယ်ဆိုရင်တော့ ကျန်းမာတဲ့ဆဲလ်တစ်ချို့ကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ မေမေလောင်းတို့ ကျန်းမာရေး အားနည်းလာနိုင်ပါတယ်။ ဒီလို မော်လီကျူးတွေ များလာပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးခြင်း၊ကလေးစောမွေးခြင်းတွေ ဖြစ်တတ်ပါတယ်။ အပြင် Cytokins တွေ ပိုလျှံနေခြင်းဟာ စိတ်ဓာတ်ကျဆင်းခြင်း၊ သွေးကြောဆိုင်ရာရောဂါတွေနဲ့ အချင်းပေါ်မှာလည်း သက်ရောက်မှု ရှိစေနိုင်ပါသေးတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ပျော်ဖို့ဆိုရင်

ဘယ်အချိန်မှာ အိပ်ရာဝင်ကို ဝင်မယ်၊ အိပ်ပျော်အောင် အိပ်မယ်လို့ ဆုံးဖြတ်ချက် ချပါ။ လိုက်နာပါ။ ကဖင်းပါတာတွေ အိပ်ခါနီး မသောက်ပါနဲ့။ လက်ဖက်ရည်နွေးနွေးလေး သောက်ပါ။ ညင်သာစွာ နှိပ်နယ်တာတွေ လုပ်ဆောင်ပါ။ မီးအလင်းရောင်ကြောင့် အိပ်မပျော်ဘူးထင်ရင် မီးပိတ်ပါ။ အလင်းရောင်စူးစေတာတွေကို ရှောင်ပါ။ စိတ်လက်ပေါ့ပါးစေမယ့် အိပ်ရာခင်း၊ မွေ့ယာနဲ့သာ အိပ်ပါ။ အရမ်းထူလို့ ကိုယ့်စိတ်က အဆင်မပြေနေရင် လဲလှယ်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သက်တောင့်သက်သာ ဖြစ်စေမယ့် ဖက်လုံး၊ ခေါင်းအုံးကိုပဲ သုံးပါ။ စိတ်ဖိစီးမှု နည်းအောင် နေပါ။ မလိုအပ်ဘဲ တွေးကြောက်နေတာမျိုးတွေ မလုပ်ပါနဲ့။ ဖြည်းဖြည်းမှန်မှန်ရှူတဲ့ လေ့ကျင့်ခန်းတွေ လေ့ကျင့်ထားပါ။ နေ့လည်ခင်းတွေမှာ တရေးတမော အိပ်တာကလည်း ကျန်းမာရေး ကောင်းစေတာမို့ အချိန်ရရင် အိပ်ပေးနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles