ကိုယ်ဝန်ဆောင်ချိန်တွင်း ဗိုက်ဗိုက်လေးတို့ အဲယားကွန်းဖွင့်ပြီး အိပ်သင့်လား

by: Nang Htwe
 0 comments  0 love

အဲယားကွန်း(air corn) ကျွမ်းကျင်သူတွေကတော့ မိမိအိမ်မှာရှိတဲ့ အဲယားကွန်း(air corn)ကို တစ်နှစ် (၂)ကြိမ်ခန့် သန့်ရှင်းရေး ပြုလုပ်ပေးဖို့ တိုက်တွန်းပါတယ်

ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အသွားအလာ၊ အနေအထိုင်နဲ့ အိပ်စက်တာတွေ ခက်ခဲလာပါတယ်။ နေထိုင်ရတာ အဆင်မပြေဖြစ်လာပါတယ်။ အထူးသဖြင့် နွေရာသီနဲ့ မိုးရာသီ တချို့ရက်တွေမှာ ရာသီဥတု အလွန်ပူပါတယ်။ သာမန်လူတွေအတွက်တော့ ရာသီဥတုပူတာ ပြဿနာမရှိပေမယ့် အသွားအလာ၊ အနေအထိုင် အဆင်မပြေဖြစ်တဲ့ ဗိုက်ဗိုက်တို့ အပူဒဏ်ကို ပိုခံစားရပါတယ်။ အထူးသဖြင့် အိပ်ချိန်မှာ ပိုခက်ခဲပါတယ်။ နဂိုကတည်းက အိပ်ဖို့ ခက်ခဲနေရတဲ့အပြင် ရာသီဥတုပူအိုက်တဲ့အခါ ပိုဆိုးလာပါတယ်။

ပြင်ပရဲ့ ရာသီဥတုကိုလိုက်ပြီး အဲယားကွန်း(air corn) အတိုးအလျှော့ပြုလုပ်လို့ရတဲ့အပြင် လိုချင်တဲ့ အပူချိန်ကို သတ်မှတ်ပေးလို့ရပါတယ် (Photo by rupsojja.blogspot.com)

ရာသီဥတုနဲ့ အဲယားကွန်း(air corn)

ရာသီဥတုပူတဲ့အခါ သက်သာအောင် ပန်ကာ၊ air cooler နဲ့ အဲယားကွန်း(air corn)တို့ကို အသုံးပြုကြပါတယ်။ ပန်ကာလေးအကြာကြီးခံတာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ Air cooler ရဲ့ အားနည်းချက်က ရေဖြည့်ပေးရတာကြောင့် တစ်ညလုံးဖွင့်ထားဖို့ အခက်အခဲလေးတွေရှိပါတယ်။ ညပိုင်းအိပ်တဲ့အခါ ဆင်ပြေဆုံးကတော့ အဲယားကွန်း(air corn) ပါပဲ။ ပြင်ပရဲ့ ရာသီဥတုကိုလိုက်ပြီး အဲယားကွန်း(air corn) အတိုးအလျှော့ပြုလုပ်လို့ရတဲ့အပြင် လိုချင်တဲ့ အပူချိန်ကို သတ်မှတ်ပေးလို့ရပါတယ်။ ဒါကြောင့်လည်း အခုနောက်ပိုင်းမှာ အိမ်တိုင်းနီးပါး အဲယားကွန်း(air corn) တပ်ဆင်လာကြပါတယ်။ မိသားစုဝင်တွေ အတွက် အဆင်ပြေဆုံးနဲ့ ရေရှည်အသုံးပြုဖို့ အကောင်းဆုံးဖြစ်ပါတယ်။

အဲယားကွန်း(air corn) ကျွမ်းကျင်သူတွေကတော့ မိမိအိမ်မှာရှိတဲ့ အဲယားကွန်း(air corn)ကို တစ်နှစ် (၂)ကြိမ်ခန့် သန့်ရှင်းရေး ပြုလုပ်ပေးဖို့ တိုက်တွန်းပါတယ် (Photo by Health Magazine )

ကိုယ်ဝန်ဆောင်ချိန်မှာ အဲယားကွန်း(air corn) ဖွင့်ပြီး အိပ်သင့်လား

ရာသီဥတုပူအိုက်တဲ့နေ့တွေမှာ ဗိုက်ဗိုက်လေးတို့အနေနဲ့ အဲယားကွန်း(air corn) ဖွင့်အိပ်လို့ရပါတယ်။ အဲယားကွန်း(air corn)  က အသားအရည်ခြောက်သွေ့စေတာကို သတိထားပေးပါ။ အစိုဓါတ်ဖြည့်ခရင် (Moisture) အမြဲလိမ်းပေးဖို့နဲ့ အိပ်ခန်းထဲမှာ humidifier ဖွင့်ထားဖို့ မမေ့ပါနဲ့နော်။ ဓါတ်မတည့်တဲ့ပြဿနာ (allergies) ရှိတယ်ဆိုရင်တော့ အဲယားကွန်း(air corn) ကို သတိထားပေးပါ။ အဲယားကွန်း(air corn) ကို သန့်ရှင်းရေး ပြုလုပ်ပေးပါ။ အဲယားကွန်း(air corn) ကျွမ်းကျင်သူတွေကတော့ မိမိအိမ်မှာရှိတဲ့ အဲယားကွန်း(air corn)ကို တစ်နှစ် (၂)ကြိမ်ခန့် သန့်ရှင်းရေး ပြုလုပ်ပေးဖို့ တိုက်တွန်းပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ဗိုက်ဗိုက်တို့အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ အရေးကြီးကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Air-conpregnantsleep

Comments

0 comments
Latest video
Refer to more useful articles
x