ကိုယ်ဝန်ဆောင်ချိန်မှာ ချက်ချင်းပြသရမယ့် ရောဂါဝေဒနာများ အပိုင်း(၁)

by: Nang Htwe
 1 comments  87 love

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့က ကျန်းမာရေး၊ အနေအထိုင်၊ စိတ်ခံစားချက်နဲ့ အစားအစာတွေကို သတိထားပြီး ဂရုစိုက်ပေးရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်က သာမန်အချိန်တွေထက် ကိုယ်ခံအားနည်းနိုင်ပါတယ်။ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ တခြားစိတ်အနှောင့်အယှက်ဖြစ်တာကို ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေက အပြောင်းအလဲဖြစ်နေပြီး ဝမ်းနည်းတာတွေနဲ့ စိတ်အားငယ်တာတွေ ခံစားရနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်မေမေတိုင်းနီးပါး ကြုံတွေ့ရနိုင်ပါတယ်။ မေမေလောင်းတို့ ခံစားနေရတဲ့ ဝေဒနာတွေက ဆိုးရွားတဲ့ လက္ခဏာကို ကြုံတွေ့ခံစားနေရတယ်ဆိုရင် ဆရာဝန်ဆီကို အမြန်ဆုံး ပြသပေးဖို့ လိုအပ်နေပါပြီ။

ကိုယ်ဝန်ဆောင်ချိန်က သာမန်အချိန်တွေထက် ကိုယ်ခံအားနည်းနိုင်ပါတယ် (Photo by getty image)

ကိုယ်ဝန်ဆောင်ချိန်မှာ ချက်ချင်းပြသရမယ့် ရောဂါလက္ခဏာများ

၁။ မျိုးပွားအင်္ဂါမှ သွေးထွက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ မျိုးပွားအင်္ဂါမှ သွေးထွက်တယ်ဆိုရင် ဆရာဝန်နဲ့ပြသပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမ(၃)လမှာ မျိုးပွားအင်္ဂါမှ သွေးထွက်လာခဲ့ရင် ကိုယ်ဝန်ပျက်နိုင်ခြေများပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းကြောင့် မျိုးပွားအင်္ဂါမှာ သွေးထွက်နိုင်သလို အချင်းကြောင့်လည်း ထွက်နိုင်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်စေ မျိုးပွားအင်္ဂါမှာ သွေးထွက်တယ်ဆိုရင်တော့ ဆရာဝန်ဆီအမြန်ဆုံးပြပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေရတယ်ဆိုရင် ပေါ့ပေါ့ဆဆမနေဘဲ အမြန်ဆုံး ဆေးကုသမှုခံယူပါ (Photo by getty image)

၂။ အပြင်းအထန် ခေါင်းကိုက်ခြင်းနဲ့ အမြင်အာရုံဝေဝါးခြင်း

အများအားဖြင့် ကိုယ်ဝန်သက်တမ်း(၂၀)ပတ်နောက်ပိုင်းမှာ သွေးဖိအားမြင့်တက်လာခြင်းနဲ့ ဆီးထဲမှာ ပရိုတိန်းဓာတ်တွေ ပါဝင်သွားတာကြောင့်လည်း ခေါင်းကိုက်တာနဲ့ အမြင်အာရုံမှုန်ဝါးတာတွေ ဖြစ်လာပါတယ်။ သွေးပေါင်ချိန် တအားမြင့်တက်သွားတာက ကိုယ်ဝန်ကို ထိခိုက်စေပါတယ်။ သန္ဓေသားလောင်းကော မေမေလောင်းတို့ကိုပါ အန္တရာယ်ရှိစေပါတယ်။

၃။ သန္ဓေသားလှုပ်ရှားမှု နည်းခြင်း

သန္ဓေသားလှုပ်ရှားမှုတွေကို မှတ်သားထားပါ။ တစ်ရက်နဲ့တစ်ရက် သန္ဓေသားလှုပ်ရှားတဲ့ အကြိမ်အရေအတွက် မတူနိုင်ပါဘူး။ တစ်နေ့ကို (၁၀) ကြိမ်ထက် နည်းလာခဲ့ရင်တော့ ဆရာဝန်ဆီမှာ ပြသပေးပါ။ ဒါက လုံးဝမပေါ့ဆသင့်တဲ့ ပြဿနာတစ်ခုပါ။

၎။ နောက်ကျောနာကျင်ခြင်း

ကိုယ်ဝန်ဆောင်စဉ်မှာ မေမေလောင်းတို့ နောက်ကျောနာကျင်တာကို ခံစားရနိုင်ပါတယ်။ မကြာခဏ နောက်ကျောနာကျင်နေမယ်ဆိုရင် ကျောက်ကပ် သို့မဟုတ် ဆီးအိမ်မှာ ပြဿနာရှိနေပါပြီ။ ဆရာဝန်ဆီပြသပေးတာကတော့ အကောင်းဆုံးပါပဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ သာမန်ထက် ပြင်းထန်တဲ့ ဝေဒနာကို ခံစားနေရတယ်ဆိုရင် ပေါ့ပေါ့ဆဆမနေဘဲ အမြန်ဆုံး ဆေးကုသမှုခံယူပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles