ကိုယ်ဝန်ဆောင်ချိန်မှာ အသားအရည်ခြောက်တာ ဘယ်လိုကာကွယ်မလဲ

by: Nang Htwe
 0 comments  0 love

ရေနွေးနဲ့ ရေမချိုးပါနဲ့။ ရေနွေးနဲ့ရေချိုးတာက အသားအရည်ပေါ်က အဆီတွေဖယ်ရှားပေးပြီး အသားခြောက်လာပါတယ်။ အသားအရည်ယားတဲ့အခါ အရေပြားကို တအားမကုတ်ပါနဲ့။

မေမေလောင်းတို့ရေ ကိုယ်ဝန်‌ဆောင်ချိန်မှာ အသားအရည်မခြောက်အောင်၊ ယားယံမှုတွေနည်းအောင် ဘာတွေလုပ်ရမယ်ဆိုတာ ပြောပြပေးမယ်နော်။

ကိုယ်ဝန်ဆောင် ယားယံ

ရေနွေးနဲ့ရေချိုးတာက အသားအရည်ပေါ်က အဆီတွေဖယ်ရှားပေးပြီး အသားခြောက်လာပါတယ် (Photo by FirstCry Parenting)

  •  ဓါတုပစ္စည်းတွေအများကြီးပါတဲ့ ဆပ်ပြာကို မသုံးပါနဲ့။ ကလေးအတွက်ထုတ်ထားတဲ့ ဆပ်ပြာ ဒါမှမဟုတ် သဘာဝပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ဆပ်ပြာတွေကိုသုံးပါ။
  •  ရေနွေးနဲ့ ရေမချိုးပါနဲ့။ ရေနွေးနဲ့ရေချိုးတာက အသားအရည်ပေါ်က အဆီတွေဖယ်ရှားပေးပြီး အသားခြောက်လာပါတယ်။
  •  အသားအရည်ယားတဲ့အခါ အရေပြားကို တအားမကုတ်ပါနဲ့။ အသားအရည်ပျက်စီးသွားနိုင်လို့ပါ။
  •  ရေတစ်ရက်နှစ်ကြိမ်ထက် ပိုချိုးတာ နောက်ပြီး အဝတ်ခဏခဏ လျှော်တာမျိုး ရှောင်ပါ။ ဒါက အသားအရည်ခြောက်သွေ့စေတဲ့ ပြဿနာတွေထဲက တစ်ခုပါ။
  •  လက်ဖက်၊ လက်ဖက်ရည်၊ ကော်ဖီ စတဲ့ ကဖိန်းပါတဲ့ အစားအသောက်တွေ ရှောင်ပါ။
  • ကလိုရင်းပါတဲ့ရေတွေက အသားအရည်ပျက်စီးခြောက်သွေ့စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် ရေကူးကန်ထဲ မသွားတာ အကောင်းဆုံးပါ။
  • တဘတ်နဲ့ မျက်နှာကို တအားမသုတ်ပါနဲ့။
ကိုယ်ဝန်ဆောင် ယားယံ

မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ယားယံတာတွေ နည်းအောင် တကိုယ်ရည်သန့်ရှင်းရေး သေသေချာချာ ဂရုစိုက်ပေးပါ (Photo by Kingdom Of Baby)

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြရမလဲ?

အသားအရည်အလွန်ခြောက်သွေ့လာတဲ့အခါ ဆေးကုသမှု ခံယူရတော့မယ့် အခြေအနေ ရောက်လာပါပြီ။ အဲဒီအချိန်မှာ ဆရာဝန်နဲ့ပြပါ။

  • အသားအရည်ယားယံခြင်းနဲ့အတူ အနီဖုတွေထွက်လာတဲ့အခါ
  • ဘက်တီးရီးယားကူးစက်ခံရတဲ့အခါ ဒါမှမဟုတ် ကုတ်ရင်းနဲ့ သွေးထွက်လာတဲ့အခါ
  • ပွေး၊ ဝဲ၊ ညှင်း စတဲ့ အရေးပြားရောဂါတွေ ဖြစ်လာတဲ့အခါမျိုးမှာ ဆရာဝန်နဲ့ ပြရပါမယ်။

မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ယားယံတာတွေ နည်းအောင် တကိုယ်ရည်သန့်ရှင်းရေး သေသေချာချာ ဂရုစိုက်ပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles