
မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်က ကိုယ်ဝန်ဆောင်မေမေတွေကို အန္တရာယ်ပေးနိုင်တာကြောင့် မေမေတို့အနေနဲ့ သတိထားပြီး နေတာအကောင်းဆုံးပါ
မသန့််ရှင်းတဲ့ ပတ်ဝန်းကျင်မှာ
မကောင်းတဲ့ရောဂါပိုးနဲ့ အဆိပ်တွေ ရှိနေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ ရှောင်ရှားတာက အကောင်းဆုံးပါပဲ။ ကိုယ်ဝန်ဆောင်ချိန်ဟာ သာမန်ချိန်တွေထက် ကိုယ်ခံစွမ်းအားနည်းတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အထူးဂရုစိုက်ဖို့ လိုပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းတာတွေက တစ်နေ့ထက်တစ်နေ့ တိုးလာနေတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကို သတိထားဖို့ လိုပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်က ကိုယ်ဝန်ဆောင်မေမေတွေကို အန္တရာယ်ပေးနိုင်တာကြောင့် မေမေတို့အနေနဲ့ သတိထားပြီး နေတာအကောင်းဆုံးပါ။ ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ မသန့်ရှင်းတဲ့ လေတွေနဲ့ အဆိပ်တွေက သန္ဓေသားလောင်းကိုသာမက မွေးဖွားလာတဲ့ သားသားမီးမီးလေးတွေကိုပါ အန္တရာယ်တွေပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ နဲ့ ဗီနီကာ တို့ကိုရောစပ်ပြီး ပြတင်းပေါက်၊ တံခါးပေါက် နဲ့ မျက်နှာကျပ် တွေကို ဆေးကြောသန့်စင်ပေးပါ
ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်ဖြစ်စေတဲ့ ပစ္စည်းတွေကို ပထမဆုံးဖယ်ရှားပေးဖို့လို ပါတယ်။ မုန့်ဖုတ်ဆော်ဒါ နဲ့ ဗီနီကာ တို့ကိုရောစပ်ပြီး ပြတင်းပေါက်၊ တံခါးပေါက် နဲ့ မျက်နှာကျပ် တွေကို ဆေးကြောသန့်စင်ပေးပါ။ ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ လက်ကို သန့်ရှင်းအောင် ထားပါ။ ဖိနပ်တွေကို အိမ်ထဲ မထားပါနဲ့။ နေ့အချိန်မှာ အိမ်ထဲက အဆိပ်အတောက်တွေနဲ့ မကောင်းတဲ့လေတွေ ကို အပြင်ထွက်ဖို့အတွက် ပြတင်းပေါက်တွေကို ဖွင့်ပေးထားပါ။ အပြင်ကနေ ဝင်လာတဲ့ ဖုန်မှုန့် နဲ့ အမှိုက်တွေကို နေ့တိုင်းလှဲပေးပါ။
မသန့်ရှင်းတဲ့ ပတ်ဝန်းကျင် က သန္ဓေသားလောင်းလေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးကတော့ ခန္ဓာကိုယ်အလေးချိန်မပြည့်တဲ့ သားသားမီးမီးလေးတွေကို မွေးဖွားနိုင်တာပါ။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်က သားသားမီးမီးလေးတွေရဲ့ အဆုပ်ကို ထိခိုက်စေနိုင်တာကြောင့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားဖို့လိုပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကြောင့် သားသားမီးမီးလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ ဥာဏ်ရည် နဲ့ တခြားပြဿနာတွေကို ကြုံတွေ့နိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ သတိထားဖို့ အရေးကြီးတယ်နော်။
Comments