ကိုယ်ဝန် (၂၄) ပတ်ကနေ (၂၈) ပတ်အတွင်းမှာ သကြားဓာတ်ပါဝင်မှု ပမာဏ စစ်ဆေးခြင်းဖြင့် ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ ဆီးချိုရောဂါ ရှိ/မရှိကို သိရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝာန်ကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါ ရဲ့လက္ခဏာ တွေကို သိနေရင် မြန်မြန် လုပ်သင့်တာတွေ လုပ်နိုင်မှာပါ။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါက ကိုယ်ဝန်ရှိစဉ်မှာပဲ ဖြစ်တတ်ပြီး ကလေးမွေးပြီးတာနဲ့ ချက်ချင်း ပျောက်သွားတတ်ပါတယ်။ သေချာ မထိန်းချုပ်နိုင်ဘူးဆိုရင် မိခင်ရော ကလေးရောရဲ့ ကျန်းမာရေးကို ဆိုးရွား စွာ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါ ကိစ္စအများစုမှာ သတ်သတ်မှတ်မှတ် လက္ခဏာရပ်တွေ မရှိတဲ့အပြင် ပုံမှန်မီးမဖွားခင် ထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့ပဲ ကုသလို့ ရပါတယ်။
ဆီးနည်းတာကို ဖြေရှင်းနည်း
ကိုယ်ဝန်ဆောင်စဉ်အတွင်း hCG ဟော်မုန်းပမာဏနဲ့ ဆီးအိတ်အပေါ် ဖိအားသက်ရောက်တာ များလာတဲ့ အတွက် မိခင်တွေ ပုံမှန်ထက် အပေါ့ပိုသွားတာ ဖြစ်ပါလိမ့်မယ်။ ဒါက ကိုယ်ဝန်သည်တွေအတွက် ပုံမှန် သမာရိုးကျ အခြေအနေ တစ်ခုဖြစ်ပေမယ့် ဒါကြောင့် မိခင်တွေက လျစ်လျူရှုထားတတ်လို့ သူတို့မှာ ဆီးချို ရှိနေတာ မသိတတ်ပါဘူး။ ကျွမ်းကျင်သူတွေအရ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါ က ဂလူးကို့စ်က ဇီဝမပြိုကွဲပဲ သွေးထဲမှာပဲရှိတဲ့အခါ ကျောက်ကပ်ကဆီးကို ထိန်းချုပ်ရာမှာ ကမောက်ကမဖြစ်လာပြီး ဆီးမထိန်းနိုင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါက ခန္ဓာကိုယ် ကိုဆီး များများသွားအောင် လှုံ့ဆော်ပြီး အိမ်သာခဏခဏ သွားရတာတွေ ကြုံမှာပါ။ ညဘက် တွေမှာ ဆီးအရမ်း သွားတာကြောင့် အိပ်ရေးပျက်တာတွေ များလာပြီဆို ဆရာဝန်ဆီပြပါ။
ပါးစပ်ခြောက်ပြီး ရေငတ်ခြင်း
သွေးထဲမှာ သကြားဓာတ်များနေတာက ဆီးများများသွား စေတာကြောင့် ရေဓာတ်ဆုံးရှုံးစေပြီး ရေပိုသောက်ဖို့ လိုအပ်ပါတယ်။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါ ခံစားနေရတဲ့ မိခင်တွေက ပုံမှန်ထက် ပါးစပ်ခြောက်ပြီး ရေငတ်တာမျိုးတွေ ဖြစ်နေမှာပါ။
တရစပ်စားခြင်း
တစ်ခါစားရင် နှစ်ယောက်စာစားရတဲ့အတွက် များများစားတာကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် အများကြီး စားထားပြီးရင်တောင် အချိန်တိုင်း ဗိုက်ဆာနေရင် ဆန်းစစ်ကြည့်ဖို့ လိုပါပြီ။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါ ခံစားနေရတဲ့ လူတွေမှာ အင်ဆူလင်က ခန္ဓာကိုယ် အတွက် ဂလူးကို့စ်ကို စွမ်းအင်အဖြစ် မပြောင်း နိုင်တဲ့ အတွက်ကြောင့် စွမ်းအင် လုံလုံလောက်လောက် မရရှိဘဲ ဦးနှောက်ကို ဗိုက်ဆာတယ်ဆိုပြီး အချက်ပြတဲ့ အတွက် ခဏခဏဗိုက်ဆာ နေရတာ ဖြစ်ပါတယ်။
မိန်းမအင်္ဂါ ကူးစက်ရောဂါရနိုင်ခြေ မြင့်ခြင်း
ခန္ဓာကိုယ်ထဲမှာ ဂလူးကို့စ်ပမာဏများနေတာက မိန်းမအင်္ဂါက ဘက်တီးရီးယားပိုးတွေကို ပိုဆိုးစေပြီး မိန်းမအင်္ဂါ ရောဂါ ပိုးကူးစက်ခံရနိုင်ခြေ ပုံမှန်ထက် များပါတယ်။ ဆီးသွားတဲ့အခါ ယားယံတာ၊ စပ်တာနဲ့ မိန်းမအင်္ဂါက အနံ့ဆိုးတွေ ထွက်နေရင် ဆရာဝန်ဆီ မြန်မြန်ပြသင့်ပါတယ်။
ရုတ်တရက်အမြင်ဝါးသွားခြင်း
သွေးထဲမှာ သကြားဓာတ် ရုတ်တရက်မြင့်လာတဲ့အတွက် ခန္ဓာကိုယ် ကဒီပြောင်းလဲမှုကို လိုက်လျောညီထွေ မဖြစ်နိုင်တဲ့အခါ ရုတ်တရက်အမြင်ဝါးသွားတာမျိုး ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်က လိုက်လျောညီထွေ ဖြစ် သွားတဲ့ အခါ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေအပြင် အောက်မှာပြထားတဲ့ အချက်တွေထဲက တစ်ခုခုနဲ့ ကိုက်ညီနေရင် သတိထားသင့်ပြီး သွေးစစ်ဆေးချက် ခဏခဏ လုပ်သင့်ပါတယ်။
- ကိုယ်အလေးချိန် အရမ်းများခြင်း၊ BMI က ၃ဝ ထက်ကျော်နေခြင်း။
- ၄.၅ ကီလိုဂရမ်ထက် လေးတဲ့ကလေးကို မွေးဖူးခြင်း။
- ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရောဂါ ရောဂါအရင်က ဖြစ်ဖူးခြင်း (သို့) ရှိသူနဲ့ ဆွေမျိုးတော်စပ်ခြင်း။
ဒါပေမယ့် တချို့ကိစ္စတွေမှာ သကြားပမာဏက အရမ်းမြင့်နေရင် မိခင်တွေအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ ဆီးချိုရောဂါ လက္ခဏာအချို့ကို တွေ့ရမှာဖြစ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။
Comments