ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့က သန္ဓေသားနဲ့ မေမေလောင်းတို့အပေါ် ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။ ဆေးလိပ်ငွေ့မှာ နီကိုတင်း၊ ကတ္တရာနဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ကို မရှုရှိုက်မိအောင် သတိထားပါ။ ဆေးလိပ်သောက်သူတစ်ဦးဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ဖြတ်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ်တိုင်ကမသောက်ပေမယ့် အနီးနားရှိသူတွေက ဆေးလိပ်သောက်တယ်ဆိုရင် ဆေးလိပ်ငွေ့ရှုမိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်အနီးနားမှာ ဆေးလိပ်မသောက်ဖို့ သတိပေးလိုက်ပါ။

ဆေးလိပ်သောက်သူတစ်ဦးဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ဖြတ်ထားတာ အကောင်းဆုံးပါ
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်ငွေ့ကို ရှုရှိုက်မိပါက ရရှိလာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

အနီးနားရှိသူတွေက ဆေးလိပ်သောက်တယ်ဆိုရင် ဆေးလိပ်ငွေ့ရှုမိနိုင်တာကြောင့် ဆေးလိပ်မသောက်ဖို့ သတိပေးလိုက်ပါ
ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ကလေးအသေမွေးဖွားခြင်း
ဆေးလိပ်ငွေ့က မေမေလောင်းတို့ကို မထင်မှတ်ဘဲ ကိုယ်ဝန်ပျက်ကျတာနဲ့ ကလေးအသေမွေးတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပထမပိုင်းမှာ ပိုပြီး ပျက်ကျနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အချင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်လာစေတဲ့အပြင် သန္ဓေသားလောင်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေပါတယ်။
ပြင်ပသန္ဓေတည်ခြင်း
နီကိုတင်းဓာတ်ဟာ ဥပြွန်ကို ကျုံ့စေတာကြောင့် သားအိမ်ထဲမှာ သန္ဓေသားဖြစ်တည်မှုကို တားဆီးပါတယ်။ နောက်ဆွဲတွဲ ဆိုးကျိုးအနေနဲ့ သားအိမ်ပြင်ပမှာ သန္ဓေတည်တာတွေ ဖြစ်လာပါတယ်။
ရုတ်တရက် အနေအထားပြောင်းခြင်း
ဆေးလိပ်ငွေ့က သန္ဓေသားလောင်းလေးရဲ့ အနေအထားတွေကို ပြောင်းစေပါတယ်။ အချင်းကနေ ရုတ်တရက်သွေးထွက်လာနိုင်ပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ အမှတ်မထင်တဲ့ ခွဲစိတ်ကုသမှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ အချင်းပြဿနာကြောင့် သန္ဓေသားဆီကို အောက်ဆီဂျင်ပို့ဆောင်မှု နည်းသွားပြီး အသက်အန္တရာယ်ရှိစေပါတယ်။
လမစေ့ဘဲ မွေးဖွားခြင်း
ဆေးလိပ်ငွေ့ကြောင့် လမစေ့ဘဲ မွေးဖွားတာတွေ ဖြစ်လာနိုင်ပါတယ်။ လမစေ့ဘဲ မွေးလာတဲ့ ကလေးငယ်တွေမှာ
- အမြင်အာရုံချို့ယွင်းခြင်း
- စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိခြင်း
- သင်ယူမှုဆိုင်ရာ ပြဿနာများရှိခြင်း
- အသက်သေဆုံးနိုင်ခြင်း
ပေါင်မပြည့်ခြင်း
ခန္ဓာကိုယ်အလေးချိန် မပြည့်တဲ့ ကလေးငယ်တွေကို မွေးဖွာလာစေပါတယ်။ နောက်ဆက်တွဲအနေနဲ့
- ဖွံ့ဖြိုးမှုဆိုင်ရာ နှောင့်နှေးခြင်း
- ဦးနှောက်မှာ ပြဿနာရှိခြင်း
- အကြားအာရုံ ပြဿနာရှိခြင်း
Comments