ကိုယ်ဝန်ဆောင်၊ မွေးကင်းစ နဲ့ ကလေးငယ်တွေအပေါ် COVID-19 သက်ရောက်မှု

by: Nang Htwe
 0 comments  44 love

ကလေးငယ်တွေမှာ သက်ကြီးရွယ်အိုတွေလောက် ရောဂါကူးစက်မှု နှေးပေမယ့်လည်း တစ်နှစ်အောက်ကလေးငယ်တွေ ရောဂါကူးစက်ခံရမယ်ဆိုရင် ပြင်းထန်တဲ့ ဝေဒနာကို ခံစားရပါမယ်

COVID-19 က သက်ကြီးရွယ်အိုတွေအပေါ်သက်ရောက်မှု အလွန်များတယ်လို့ ကြားသိရပါတယ်။ ဒါဆို ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်နိုင်လဲ။

သာမန်အမျိုးသမီးနဲ့ယှဉ်ရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ရောဂါကူးစက်ခံရရင် အသက်အန္တရာယ် ထိခိုက်နိုင်ချေ မြင့်ပါတယ် (Photo by Healthline)

COVID-19 နဲ့ ကလေးငယ်များ

ကလေးငယ်တွေ COVID-19 ကြောင့် သေဆုံးနိုင်ချေ အခွင့်အလမ်း နည်းပါတယ်။ အသက်ရှူလမ်းကြောင်း ကူးစက်တဲ့ရောဂါတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ COVID-19 ကူးစက်ခံရတဲ့ ကလေးအရေအတွက် နည်းတာကို တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေကို ကြည့်ပြီး မှတ်ချက်ချလို့ရပါတယ်။ COVID-19 သံသယရှိတဲ့ ကလေး (၁,၃၉၁) ယောက်ကို စစ်ဆေးခဲ့တဲ့အခါ တကယ်ရောဂါပိုးရှိတဲ့ကလေး (၁၂)ရာခိုင်နှုန်းပဲ ရှိပါတယ်။ ကလေးဆီ ရောဂါပိုးမကူးစက်တာ မဟုတ်ပါဘူး၊ သက်ကြီးရွယ်အိုတွေနဲ့ ယှဉ်ရင် ကူးစက်နှုန်းနည်းတာကို ပြောတာပါ။

COVID-19 က ကလေးငယ်တွေဆီ ကူးစက်ခံရရင် အောက်စီဂျင်နည်းတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားရပါတယ်။ ငယ်တဲ့ ကလေးငယ်တွေရဲ့ အဆုတ်က COVID-19 ရောဂါပိုးကူးစက်မယ်ဆိုရင် ခံနိုင်ရည်နည်းတာကိုလည်း ဆေးပညာဂျာနယ်အချို့မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ကလေးငယ်တွေမှာ သက်ကြီးရွယ်အိုတွေလောက် ရောဂါကူးစက်မှု နှေးပေမယ့်လည်း တစ်နှစ်အောက်ကလေးငယ်တွေ ရောဂါကူးစက်ခံရမယ်ဆိုရင် ပြင်းထန်တဲ့ ဝေဒနာကို ခံစားရပါမယ်။ ကလေးတွေထဲမှာတောင် အသက်ငယ်တဲ့ကလေးက ပိုအန္တရာယ်ရှိပါတယ်။

COVID-19 က မိခင်နို့ကနေ တဆင့် မကူးစက်ပါဘူး (Photo by Time)

COVID-19 နဲ့ ကိုယ်ဝန်ဆောင်

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအား အပြောင်းအလဲဖြစ်ပါတယ်။ သာမန်အမျိုးသမီးနဲ့ယှဉ်ရင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ရောဂါကူးစက်ခံရရင် အသက်အန္တရာယ် ထိခိုက်နိုင်ချေ မြင့်ပါတယ်။

Royal Australian and New Zealand College သားဖွားမီးယပ်အထူးကုဌာန ပြောပြချက်အရ

  • COVID-19 ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တွေရဲ့ အခြေအနေက သာမန်အမျိုးသမီးတစ်ယောက် ကူးစက်ခံရတဲ့ အခြေအနေနဲ့ အတူတူဖြစ်ကြောင်း (နှိုင်းယှဉ်တဲ့အခါ ထူးတဲ့ လက္ခဏာမျိုးမပြတာပါ)
  • ကိုယ်ဝန်ပျက်ကျနိုင်တာမျိုး မရှိပါ
  • ကိုယ်ဝန်ဆောင်ကနေ သန္ဓေသားဆီ ကူးစက်တဲ့ အထောက်အထား မတွေ့ရသေးပါ
  • ဗိုင်းရပ်စ်က မွေးလာတဲ့ကလေးအပေါ် ပုံမှန်မဟုတ်တဲ့ လက္ခဏာ အထောက်အထားတွေ မတွေ့ရသေးပါ
  • မိခင်မှာ COVID-19 ကူးစက်ခံရရင် သန္ဓေသားအပေါ် သက်ရောက်မှုရှိတဲ့ အထောက်အထားတွေ မတွေ့ရသေးပါ
  • တရုတ်ပြည်မှာတော့ COVID-19 ကူးစက်ခံထားရတဲ့ ကိုယ်ဝန်ဆောင်ကနေ ကလေးစောမွေးတာမျိုး ရှိပေမယ့်လည်း ဒီရောဂါကြောင့် စောမွေးတာလားဆိုတာ အတိအကျမသိရပါ
  • COVID-19 ကြောင့် မွေးကင်းစကလေးမှာ ရောဂါတွေ များလာတဲ့ အထောက်အထား မတွေ့ရသေးပါ
  • COVID-19 က မိခင်နို့ကနေ တဆင့် မကူးစက်ပါဘူး။ မိခင်အနေနဲ့ တကိုယ်ရည်သန့်ရှင်းမှု ဂရုစိုက်ရပြီး နို့တိုက်ကျွေးချိန်မှာ Mask တပ်ထားသင့်ပါတယ်။

COVID-19 နဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကိုလည်း Kalay ကနေ ဆက်ပြီး ပြောပြပေးသွားမယ်နော်။

Ref: https://www.abc.net.au/

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: COVID-19


Comments

0 comments
Latest video
Refer to more useful articles