ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်အနံ့ ပြောင်းလား

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ဆောင်ချိန်မှာ ဇီဝဖြစ်စဥ်ပိုမိုတိုးလာတယ်။ သွေးစီးဆင်းမှုနဲ့ ခန္ဓာကိုယ်အပူချိန်တိုးတက်စေတယ်။ ဒီတော့ ချွေးဂလင်းက ပိုအလုပ်လုပ်ရပြီး ချွေးပိုထွက်တယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ တချို့မေမေလောင်းတွေ ကိုယ့်ရဲ့ခန္ဓာကိုယ်အနံ့ အပြောင်းအလဲတွေ ကြုံရတတ်ကြတယ်။ ဆေးပညာကျွမ်းကျင်သူတွေကတော့ ဒါကို အာရုံမစိုက်ဖို့ ပြောကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက်အနေအထိုင် ပြောင်းလဲမှုကြောင့် ကိုယ်နံ့ပြောင်းလဲသွားတာပါ။

ကိုယ်နံ့နံ ကိုယ်ဝန်ဆောင်

ကိုယ့်ရဲ့ကိုယ်အနံ့က မနှစ်မြို့ဖွယ် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အနံ့ဖြစ်ပေါ်တဲ့ အကြောင်းအရင်းတစ်ခုက ချွေးထွက်လို့ပါ (Photo by Healthline)

ကိုယ့်ရဲ့ကိုယ်အနံ့က မနှစ်မြို့ဖွယ် ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အနံ့ဖြစ်ပေါ်တဲ့ အကြောင်းအရင်းတစ်ခုက ချွေးထွက်လို့ပါ။ ချွေးတွေကြောင့်လည်း အနံ့ဆိုးတွေ ထွက်တတ်တယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့ထွက်တာ ပုံမှန်ပဲလား?

ကိုယ်ဝန်ဆောင်ချိန်မှာ ဇီဝဖြစ်စဥ်ပိုမိုတိုးလာတယ်။ သွေးစီးဆင်းမှုနဲ့ ခန္ဓာကိုယ်အပူချိန်တိုးတက်စေတယ်။ ဒီတော့ ချွေးဂလင်းက ပိုအလုပ်လုပ်ရပြီး ချွေးပိုထွက်တယ်။ နောက်ပြီး တချို့မေမေလောင်းတွေက ကိုယ်ဝန်‌ဆောင်ချိန်မှာ အနံ့ပိုခံနိုင်တယ်။  ဒီ(၂)ချက်ကြောင့် ခန္ဓာကိုယ်အနံ့ပိုမိုသတိထားမိတာပါ။

ကိုယ်ဝန်ဆောင် ရေချိုး ကိုယ်ရနံ့

တစ်ရက်ကို ရေနှစ်ကြိမ်ချိုးပါ။ ရေချိုးတဲ့အခါ mild anti-bacterial အမျိုးအစား ဆပ်ပြာကိုသုံးပါ (Photo by BabyCenter)

ဘာကြောင့် ခန္ဓာကိုယ်အနံ့ပြောင်းသွားတာလဲ?

(၁) ဟော်မုန်းအပြောင်းအလဲ

(၂) ချွေးထွက်တာ

(၃) အစားအသောက်အပြောင်းအလဲနဲ့

(၄) မမျိုးပွားအင်္ဂါမှာ pH levels အပြောင်းအလဲ ကြောင့် ဖြစ်နိုင်တယ်။

ကိုယ်အနံ့သဘာဝအတိုင်းရှိနေဖို့ ဘာတွေလုပ်ပေးရမလဲ?

(၁) တစ်ရက်ကို ရေနှစ်ကြိမ်ချိုးပါ။ ရေချိုးတဲ့အခါ mild anti-bacterial အမျိုးအစား ဆပ်ပြာကိုသုံးပါ။

(၂)  ရေချိုးပြီးတိုင်း အဝတ်အစားလှဲပါ။ တဘတ်တွေ လျှော်ပါ။

(၃) ဆံပင်သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ထားပါ။ အဆင်ပြေရင် အတိုလေးညှပ်လိုက်တာ ပိုကောင်းတယ်။

(၄) ရေများများသောက်ပါ။

(၅) လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေကိုသာ ဝတ်ပါ။

(၆) အနံ့အသက်ပြင်းတဲ့ အစားအသောက်ကို လျှော့ပါ။

(၇) မမျိုးပွားအင်္ဂါ (လိင်အင်္ဂါ) ကို သန့်ရှင်းရေးလုပ်ပါ။

(၈) ချွေးထွက်လို့ အနံ့နံခြင်း သက်သာအောင် ပေါင်ဒါမှုန့်အသုံးပြုပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြရမလဲ?

  • ခန္ဓာကိုယ်အနံ့ပြောင်းလဲခြင်း သိသာလာတဲ့အခါ
  • အလွန်အကျွံ့ချွေးထွက်တဲ့အခါ
  • ကိုယ့်ရဲ့အနံ့ကို သည်းမခံနိုင်တော့တဲ့အခါ

မေမေလောင်းတို့ရေ ဒီလောက်ဆိုရင် ဘာကြောင့် ကိုယ့်အနံ့နံရတာလဲဆိုတာ သတိထားမိလောက်ပြီနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles