ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မက်ဆိုးတွေ မမက်အောင် ဘယ်လိုကာကွယ်မလဲ

by: Nang Htwe
 0 comments  0 love

ဟော်မုန်းပြောင်းလဲတာက မေမေလောင်းတို့ကို အိမ်မက်ဆိုးတွေ မက်စေပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ကြောက်စရာပုံရိပ်တွေ ဖြစ်ပေါ်လာပြီး အိမ်မက်ဆိုးတွေ မက်တာပါ။

အိပ်မက်ဟာ မေမေလောင်းတို့ကို ပျော်ရွှင်စေနိုင်သလို၊ ဝမ်းနည်း ထိတ်လန့်စေပါတယ်။ အိပ်မက်ဆိုး တွေ မက်တဲ့အခါ မေမေလောင်းတို့ စိုးရိမ်ပူပန်လာပါတယ်။ ဘာကြောင့် မေမေလောင်းတို့ အိပ်မက်ဆိုးတွေ မက်ရတာလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မက်ဆိုးတွေ မက်တာက ပုံမှန်ပါပဲနော်။ စိတ်ရှုပ်ထွေးတာတွေနဲ့ အမှတ်တရတွေကို ဦးနှောက်ထဲမှာ သိုလှောင်ထားတာကြောင့် အဲဒါတွေက အိပ်မက်အဖြစ် ပြန်လည် ထွက်ပေါ်လာတာပါ။ ဒါကြောင့် အိပ်မက်ဆိုးမက်တာကို မေမေလောင်းတို့ စိုးရိမ်စရာမလိုပါဘူး။ ပျော်ပျော်ရွှင်ရွှင်နေခြင်းဖြင့် အိပ်မက်ဆိုးတွေကို တွန်းလှန်နိုင်ပါတယ်။

အိပ်မက်ဆိုးမက်တာကို မေမေလောင်းတို့ စိုးရိမ်စရာမလိုပါဘူး (Photo by Calmmother)

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကြောင့် မေမေလောင်းတို့ အိပ်မက်ဆိုးတွေ မက်ကြပါတယ်။ အိပ်မက်ဆိုးတွေက တခါတလေမှာ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ အိပ်မက်ဆိုးမက်လို့ လန့်နိုးလာတဲ့အခါ ပြန်အိပ်မပျော်တော့တာနဲ့ ပြတ်တောင်းပြတ်တောင်း အိပ်တာတွေ ကြုံတွေ့ရလာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မက်ဆိုး မက်နိုင်တဲ့ ပြဿနာ (၃)ရပ် ရှိပါတယ်။ အဲဒါတွေကတော့

  •  ဟော်မုန်းပြောင်းလဲခြင်း
  •  စိုးရိမ်ပူပန်ခြင်းနဲ့
  •  အိပ်စက်ခြင်း ပြဿနာတွေကြောင့် အိပ်မက်ဆိုးတွေ မက်နိုင်ပါတယ်။

(၁) ဟော်မုန်းပြောင်းလဲခြင်း

ဟော်မုန်းပြောင်းလဲတာက မေမေလောင်းတို့ကို အိပ်မက်ဆိုးတွေ မက်စေပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ကြောက်စရာပုံရိပ်တွေ ဖြစ်ပေါ်လာပြီး အိပ်မက်ဆိုးတွေ မက်စေပါတယ်။

(၂) စိုးရိမ်ပူပန်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတိုင်း စိုးရိမ်ပူပန်တာက သဘာဝပါပဲ။ ဒါပေမယ့်လည်း စိုးရိမ်ပူပန်မှုတွေလွန်ကဲပြီး အနုတ်လက္ခဏာအတွေးတွေပဲ တွေးနေမယ်ဆိုရင် အိပ်မက်ဆိုးတွေ မက်လာနိုင်ပါတယ်။

(၃) အိပ်စက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဖိအားတွေကြောင့် အိပ်မပျော်တာတွေက အိပ်မက်ဆိုးတွေ မက်လာစေပါတယ်။

အဆိုးမြင်တဲ့ ခံစားချက်တွေ ဖျောက်ပြီး ညအိပ်ယာဝင်ချိန်မှာ အိပ်ပျော်အောင်အိပ်ပါ (Photo by Tinystep)

အိပ်မက်ဆိုးတွေ မမက်အောင် ဘယ်လိုကာကွယ်မလဲ

  • ကျန်းမာရေးဆိုင်ရာပြဿနာတွေ၊ ကြောက်ရွံ့မှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဆရာဝန်နဲ့ တိုင်ပင်ဖြေရှင်းပါ။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးတာ၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်တာနဲ့ ယောဂကျင့်တာတွေကို ပြုလုပ်ပေးပါ။
  • အကောင်းမြင်စိတ်ထားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ပါ။
  • အဆိုးမြင်တဲ့ ခံစားချက်တွေ ဖျောက်ပြီး ညအိပ်ယာဝင်ချိန်မှာ အိပ်ပျော်အောင်အိပ်ပါ။
  • ညအိပ်ခါနီးမှာ အစာမကြေလွယ်တဲ့ အစားအသောက်တွေကို မစားမိအောင်နေပါ။ ပျို့အန်တာတွေ၊ ရင်ပူတာတွေနဲ့ အစာခြေပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ညအိပ်ခါနီးမှာ အစာကြေလွယ်တဲ့ အစားအစာတွေသာ ရွေးချယ်စားပေးပါ။
  • အနားယူပါ။ မေမေလောင်းတို့ ပင်ပန်းလွန်းရင်လည်း ညအိပ်တဲ့အခါ အိမ်မက်ဆိုးတွေ မက်စေပါတယ်။ များများအနားယူပေးပါ။
  • တရားထိုင်တာနဲ့ ယောဂကျင့်တာတွေက စိတ်ဖိစီးမှုတွေ နည်းစေပြီး ကိုယ်ဝန်ဆောင်မေမေတို့ကို အိပ်ရေးဝဝ အိပ်ပျော်စေပြီး အိမ်မက်ဆိုးတွေ မက်တာကို တားဆီးပေးပါတယ်။
  • ယောဂကျင့်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ၊ လေ့ကျင့်ခန်းပြုလုပ်ပေးတာတွေက စိတ်ဖိစီးမှုတွေ သက်သာစေပါတယ်။

ကိုယ်ဝန်ေဆာင်ချိန်မှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်စားတာနဲ့ လေ့ကျင့်ခန်းတွေ နေ့တိုင်းပြုလုပ်တာက အိမ်မက်ဆိုးတွေ မမက်အောင် ကာကွယ်ပေးပါတယ်။

 

From Kalay with


Comments

0 comments
Latest video