ကိုယ်ဝန်ဆောင်တစ်ယောက်ပါ စောမွေးမှာစိုးရိမ်လို့ ဘယ်လိုကာကွယ်ရမလဲ

by: Nang Htwe
 0 comments  1 love

ကိုယ်ဝန်ရှိတာ သိသိချင်း ကျန်းမာရေးကို စပြီးဂရုစိုက်ပါ။ အောက်မှာပြောပြထားတဲ့ အချက်အလက်တွေကို လိုက်နာမယ်ဆိုရင် ကလေးစောမွေးတာကို လျှော့ချနိုင်ပါတယ်

 

စောမွေးခြင်းကို အမြဲတမ်း မကာကွယ်ပေးနိုင်ပါဘူး (Photo by Today’s Parent)

ကျွန်မက ကိုယ်ဝန်ဆောင်တစ်ယောက်ပါ။ စောမွေးမှာစိုးရိမလို့ ဘယ်လိုမျိုး ကာကွယ်ရမလဲ

အဖြေ။ စောမွေးခြင်းကို အမြဲတမ်း မကာကွယ်ပေးနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်အနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းက ကလေးကို ဂရုစိုက်ခြင်းပါပဲ။ ကိုယ်ဝန်စဆောင်ပြီဆိုကတည်းက ကျန်းမာရေးကို ဂရုစိုက်လာရပါမယ်။

ကိုယ်ဝန်ရှိတာ သိသိချင်း ကျန်းမာရေးကို စပြီးဂရုစိုက်ပါ။ အောက်မှာပြောပြထားတဲ့ အချက်အလက်တွေကို လိုက်နာမယ်ဆိုရင် ကလေးစောမွေးတာကို လျှော့ချနိုင်ပါတယ်။

  • ဆီးချိုစတဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင်နေပါ။ ဖြစ်ခဲ့ရင်လည်း အခြေအနေကို ထိန်းချုပ်ပါ။ ဆရာဝန် ညွှန်ကြားတာကို တိတိကျကျ လိုက်နာပါ။
  • ဆေးလိပ်၊ အရက်၊ ဘီယာ၊ ဝိုင်စတဲ့ အယ်ကိုဟောပါတဲ့အရာတွေ လုံးဝရှောင်ပါ။
  • မူးယစ်ဆေးသုံးစွဲခြင်းကို ရှောင်ပါ။
  • ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်တွေနဲ့ အသားငါးတွေကို များများစားပါ။
  • လေ့ကျင့်ခန်း နေ့တိုင်းလုပ်ပါ။
  • ကိုယ်အလေးချိန် အတက်မခံပါနဲ့။
  • ကူးစက်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပါ။ လက်ခဏခဏ ဆေးပါ။ အသားစိမ်း၊ ငါးစိမ်းတွေ ကိုင်တဲ့အခါ သတိထားပါ။ ခင်ပွန်းသည်နဲ့ အတူနေမယ်ဆိုရင် ကွန်ဒုံးသုံးပါ။
  • စိတ်ဖိစီးမှုတွေ လျှော့ချပါ။
  • ငွေကြေးပြဿနာတွေအတွက် ခင်ပွန်းသည် ဒါမှမဟုတ် မိသားစုနဲ့ တိုင်ပင်ပါ။
  • မိသားစုဝင်နဲ့ သူငယ်ချင်းတွေရဲ့ အကူအညီရယူပါ။

ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်တွေနဲ့ အသားငါးတွေကို များများစားပါ (Photo by ParentPrime!)

အောက်ပါ ပြဿနာတွေက ကိုယ်ဝန်ဆောင်တွေကို ကလေးစောမွေးစေပါတယ်

(၁) အဝလွန်ခြင်း

(၂) ကလေးတစ်ယောက်နဲ့ တစ်ယောက် မွေးဖွားတာ ကပ်နေခြင်း ( နှစ်တွေနီးနေခြင်း)

(၃) နှစ်မွှာပူး၊ သုံးမွှာပူး ကိုယ်ဝန်ဆောင်ထားရခြင်း

(၄) သားအိမ်ခေါင်းကင်ဆာနဲ့ အမျိုးသမီးအင်္ဂါမှာ ပြဿနာရှိနေခြင်း

(၅) ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်း

(၆) အလုပ်လက်မဲ့ဖြစ်လို့ မေမေလောင်းတို့ စိတ်ဖိစီးမှုများတဲ့အခါ

(၇) အိမ်တွင်းအကြမ်းဖက်မှုဖြစ်ခြင်း (ခင်ပွန်းသည်က ရိုက်နက်ခြင်း) စတဲ့ အခြေအနေတွေကြောင့် ကလေးစောမွေးနိုင်ပါတယ်။

ကျန်းမာရေး မကြာခဏ စစ်ဆေးပေးတဲ့ ဗိုက်ဗိုက်တို့ဆိုရင် ကလေးစောမွေးမှာကို ကြိုသိနိုင်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: avoidbaby-early


Comments

0 comments
Latest video
Refer to more useful articles