ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဒါတွေကို လုံးဝရှောင်ရှားပါ

by: Nang Htwe
 0 comments  0 love

ကိုယ်ဝန်ေ်ဆာင်ချိန်မှာ အန္တရာယ်တွေ ဝန်းရံနေပါတယ်။ အသွားမတော်တလှမ်းဆိုတဲ့စကားအတိုင်း အမှားအယွင်းအနည်းငယ်တောင် ရှိနေလို့မရပါဘူး။

မေမေလောင်းတို့ရဲ့ ဘဝမှာ လှပတဲ့အချိန်လေးတွေ အများကြီး ပိုင်ဆိုင်ခဲ့ဖူးမှာပါ။ ကိုယ်ဝန်ဆောင်ချိန်က အဲဒီလှပတဲ့ အချိန်လေးထဲက တစ်ခုပေါ့။ လှပတဲ့ ကိုယ်ဝန်ဆောင်သည် တစ်ဦးဖြစ်ဖို့ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ် ကျန်းကျန်းမာမာရှိနေဖို့လိုပါတယ်။  ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တချို့လှုပ်ရှားမှုတွေကို ရပ်ပေးရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ တချို့လှုပ်ရှားမှုတွေကို ရပ်ပေးရပါမယ် (Photo by Patras Events)

ကိုယ်ဝန်ဆောင်ချိန်မှာ ရပ်ပေးရမယ့် လှုပ်ရှားမှု တချို့

အလေးအပင်မခြင်း

လေးတဲ့မတာတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရှားပေးရပါမယ်။ ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ မဖြစ်မနေ လေးတဲ့ပစ္စည်းတွေ မရတော့မယ်ဆိုရင် ပစ္စည်းကို ခန္ဓာကိုယ်နဲ့ နီးနီးကပ်ကပ်ထားပြီးမပါ။ ဒူးကွေးတဲ့အခါ ဖြေးဖြေးချင်းကွေးပါ။ နောက်ကျောအား မထည့်မိဖို့ သတိပြုပါ။ မကြာခဏ အလေးအပင်မတာကို လုံးဝရှောင်ရှားပါ။

ယောဂအချို့

ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂကျင့်တာက မေမေလောင်တို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ တချို့ယောဂတွေက ကိုယ်ဝန်ဆောင်မေမေတို့နဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် ယောဂနည်းပြနဲ့ တိုင်ပင်ဖို့လိုပါတယ်။

အစာအိမ်ပေါ် သက်ရောက်တဲ့ လေ့ကျင့်ခန်း

အစာအိမ်ပေါ် သက်ရောက်တဲ့ လေ့ကျင့်ခန်း တွေက ကလေးငယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အစာအိမ်ပေါ်သက်ရောက်တဲ့ အမျိုးအစားကို ရှောင်ရှားပေးပါနော်။

ရေပူကန်မှာ အနားယူခြင်း

အများသုံးရေပူကန်တွေမှာ ဘက်တီရီးယားပိုးမွှားတွေ ပေါက်ဖွားနေပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မေမေလောင်းတို့ မှာ အားအင်နည်းတာကြောင့် ဒီပိုးမွှားတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင်း ရေပူကန်မှာ အနားယူခြင်း ရှောင်ရှားပါ။

Roller-coaster စီးခြင်း

ကစားကွင်းမှာရှိတဲ့ roller-coaster တွေကိုလည်း ကိုယ်ဝန်ဆောင်ချိန်မှာ မစီးသင့်ပါဘူး။ Roller-coaster က ဒေါင်လိုက်အတက်အဆင်းတွေ ပြုလုပ်တာမို့ သန္ဓေသားကို ထိခိုက်စေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝရှောင်ရှားပေးပါ။

အမြန်ပြေးခြင်းနဲ့ ရွရွပြေးခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ပြေးတဲ့လေ့ကျင့်ခန်းက ကောင်းပါတယ်။ ဒါပေမယ့်လည်း ပြေးနေရင်း ခန္ဓာကိုယ်အလေးချိန် မထိန်းနိုင်ဘူးဆိုရင် ချော်လဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုချော်လဲတဲ့အခါ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပြေးတဲ့လေ့ကျင့်ခန်းအစား လမ်းလျှောက်လေ့ကျင့်ခန်းကိုသာ ပြုလုပ်ပေးဖို့ တိုက်တွန်းပါတယ်။

စက်ဘီး

ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ စက်ဘီးစီးတာကို ရှောင်ရှားပေးပါနော်။ ကောင်းတဲ့ စိတ်ကူးလည်း မဟုတ်ပါဘူး။ စက်ဘီးက ကိုယ်ဝန်ဆောင်မေမေတို့ရဲ့ ခန္ဓကိုယ်ကို ဟန်ချက် ပျက်စေပါတယ်။ လူစည်ကားတဲ့နေရာတွေမှာ စက်ဘီးစီးမယ်ဆိုရင် အလွန်အန္တရာယ်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ဆိုင်ကယ်စီးတာကိုလည်း ရှောင်ရှားပေးပါဦးနော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ယောဂကျင့်တာက မေမေလောင်တို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ် (Photo by myphysiosa)

အပူချိန်

ကိုယ်ဝန်ဆောင်ချိန်က သာမန်အချိန်တွေထက် ကိုယ်ခံစွမ်းအားနည်းပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အိမ် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်တွေအတွက် သီးသန့်သင်တန်းတွေမှာသာ ပြုလုပ်ပေးသင့်ပါတယ်။ Gym မှာ သွားကစားမယ်ဆိုရင်တော့ အိမ်နဲ့နီးတဲ့ gym ကိုရွေးပါ။ လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ ထွက်လာတဲ့ ခန္ဓာကိုယ်အပူချိန်နဲ့ အခန်းတွင်းအပူချိန်တွေကြောင့် မေမေလောင်းတို့ကို အခက်အခဲတွေဖြစ်စေနိုင်လို့ပါ။

နှင်းလျှောစီးခြင်း၊ ရေလွှာလျှောစီးခြင်းနဲ့ ရေငုပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ နှင်းလျှောစီးတာက ရေဓာတ်ဆုံးရှုံးတာနဲ့ ပင်းပန်းနွမ်းနယ်တာကို ခံစားရနိုင်ပါတယ်။ ရေလွှာလျှောစီးတာနဲ့ ရေငုပ်တာတွေက မေမေလောင်းတို့ကို ထိခိုက်အန္တရာယ်တွေ တိုးပွားစေပါတယ်။

တင်းနစ်ကစားခြင်းနဲ့ မြင်းစီးခြင်း

မေမေလောင်းတို့ ဆန္ဒရှိတယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန် ပထမသုံးလမှာ တင်းနစ်ကစားနိုင်ပါတယ်။ ဒုတိယသုံးလကို ရောက်လာပြီဆိုရင်တော့ မစားသင့်တော့ပါဘူး။ ခန္ဓာကိုယ် ဟန်ချက်ပျက်တာကို ကြုံတွေ့ရနိုင်လို့ပါ။ မြင်းတစ်ကောင်က ဘယ်လိုတုန့်ပြန်မယ်ဆိုတာ မသိနိုင်တာမို့ ကိုယ်ဝန်ဆောင်ချိန်တွင်း မြင်းစီးတာက အလွန်အန္တရာယ်များပါတယ်။

အထက်မှာ ပြောပြထားတဲ့ လှုပ်ရှားမှုတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ လုံးဝမပြုလုပ်မိဖို့ Kalay ကနေ သတိပေးလိုက်တယ်နော်။

 

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video