ကိုယ်ဝန်ပထမသုံးလမှာ ဗိုက်ဗိုက်တို့ ကြုံတွေ့ရနိုင်တဲ့ ပြဿနာ(၁၃)ခု

by: Nang Htwe
 2 comments  14 love

စစ်တမ်းတွေအရ ကိုယ်ဝန်ပထမသုံးလမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အမြင့်ဆုံးဖြစ်တယ်လို့သိရပါတယ်

ကိုယ်ဝန်ဆောင်ပထမသုံးလမှာ မေမေလောင်းတို့ အပြောင်းအလဲတွေ ရင်ဆိုင်ရပါတယ်။ ကိုယ်ဝန်ဆောင်ပထမသုံးလမှာ မေမေလောင်းတို့ ရင်ဆိုင်ရနိုင်တဲ့ ပြဿနာ (၁၃)ခုကို Kalay ကနေ ပြောပြပါ့မယ်။

ကိုယ်ဝန်ပထမပိုင်း သုံးလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် အစာအိမ်ပြဿနာဖြစ်တာပါ (Photo by Dragons and football)

ကိုယ်ဝန်ပျက်ကျခြင်း

စစ်တမ်းတွေအရ ကိုယ်ဝန်ပထမသုံးလမှာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အမြင့်ဆုံးဖြစ်တယ်လို့သိရပါတယ်။ ကိုယ်ဝန်ပျက်ကျဖူးသူ (၈၀)ရာခိုင်းနှုန်းက ဒီ ပထမသုံးလအတွင်းမှာ ဖြစ်ပွားကြတာပါ။ ရောဂါကူးစက်တာ၊clotting disorders ၊ မျိုးရိုးဗီဇမမှန်ကန်တာ၊ သားအိမ်နဲ့ ခန္ဓာကိုယ်မှာ ပြဿနာရှိတာတွေကြောင့် ကိုယ်ဝန်ပျက်ကြ ကြတာပါ။

သားအိမ်ပြင်ပမှာ သန္ဓေတည်ခြင်း

သားအိမ်ပြင်မှာ သန္ဓေတည်တဲ့ပြဿနာကို ကိုယ်ဝန်ပထမပိုင်းမှာ တွေ့ကြုံရပါတယ်။ ကုသမှု အမြန်ခံယူသင့်ပါတယ်။ အချိန်တွေကြာသွားမယ်ဆိုရင် မေမေလောင်းတို့အတွက် အန္တရာယ်များပါတယ်။

ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာ

ကိုယ်ဝန်ပထမပိုင်း သုံးလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် အစာအိမ်ပြဿနာဖြစ်တာပါ။ ဝမ်းလျှောတာထက် ဝမ်းချုပ်တာကို ပိုကြုံရနိုင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ရေဓါတ်မခမ်းခြောက်သွားအောင် သတိထားပါ။ ဆရာဝန်ထံ ပြသပြီး ကုသမှု ခံယူပါ။

အမြွှာကိုယ်ဝန်များ

မေမေလောင်းတို့က အမြွာကိုယ်ဝန်ဆောင်ထားရတယ်ဆိုရင် ကိုယ်ဝန်ပထမသုံးလမှာ သတိထားသင့်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အမြွာထဲက တစ်ယောက် ပျောက်သွားတာနဲ့ တိမ်မြုပ်တာကို ရင်ဆိုင်ရနိုင်ပါတယ်။

အမျိုးသမီးအင်္ဂါယားယံခြင်း

အမျိုးသမီးအင်္ဂါ ယားယံတာနဲ့ နီရဲတာတွေကြုံရနိုင်ပါတယ်။ သဘာဝပါ။ ရောဂါပိုးကူးစက်မှု မဖြစ်အောင်သတိထားပါ။ သာမန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်ပွားနေတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ကိုယ်ဝန်ပထမသုံးလမှာ အသက်ရှူရတာ ခက်ခဲတဲ့ ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ် (Photo by FirstCry Parenting )

ဆီးသွားတဲ့အခါ နာကျင်တာ

ဆီးသွားတဲ့အခါတိုင်း နာကျင်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဆီးလမ်းကြောင်းကနေ ရောဂါပိုးကူးစက်တာ ပိုဖြစ်ပွားနိုင်ပါတယ်။ နောက်ဆုံး ကျောက်ကပ်ရောဂါကူးစက်တာကို ဖြစ်ပွားနိုင်ပါတယ်။

အသက်ရှူရခက်ခဲတာ

ကိုယ်ဝန်ပထမသုံးလမှာ အသက်ရှူရတာ ခက်ခဲတဲ့ ပြဿနာကို ရင်ဆိုင်ရနိုင်ပါတယ်။ ရင်တုန်တာတွေ၊ အသက်ရှူရတာ အလွန်ခက်ခဲတာနဲ့ အသက်ရှူကျပ်တဲ့အခါ ချောင်းဆိုးတာတွေ ဖြစ်လာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေပါပြီ။

သွေးအနည်းငယ်ဆင်းခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးစက်အနည်းငယ်ဆင်းတာ ကြုံရနိုင်ပါတယ်။ မေမေလောင်းတို့ စိတ်ထဲမှာ မတင်မကျဖြစ်တာနဲ့ သံသယရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပေးပါ။

နာကျင်တာနဲ့ ခေါင်းကိုက်တာ

ပင်ပန်းနွမ်းနယ်မှုနဲ့အတူ ခေါင်းကိုက်တဲ့ ဝေဒနာကိုလည်း ခံစားရပါတယ်။ ခြေထောက်ကြွက်တက်တဲ့ နာကျင်မှုကိုလည်း ကြုံရနိုင်ပါတယ်။

သားအိမ်ပြင်မှာ သန္ဓေတည်တဲ့ပြဿနာကို ကိုယ်ဝန်ပထမပိုင်းမှာ တွေ့ကြုံရပါတယ် (Photo by fernando23gonzalez.wordpress.com)

ပျို့အန်တာ၊ အော့အန်တာ

ကိုယ်ဝန်ပထမသုံးလမှာ မေမေလောင်းတိုင်းနီးပါး အော့အန်တာ၊ ပျို့အန်တာတွေ ကြုံရပါတယ်။

ပင်ပန်းနွမ်းနယ်တာနဲ့ အိပ်မပျော်တာ

ကိုယ်ဝန်ပထမသုံးလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် မောပန်းတာနဲ့ ပင်ပန်းနွမ်းနယ်တာကို ခံစားရနိုင်ပါတယ်။

ကိုယ်အပူချိန်မြင့်တက်တာ

ကိုယ်ဝန်ပထမသုံးလမှာ ခန္ဓာကိုယ်အပူချိန် မြင့်တက်တာကို ရင်ဆိုင်ရပါတယ်။

ရောင်ရမ်းခြင်း

ရောင်ရမ်းတဲ့ လက္ခဏာတွေကိုလည်း ကိုယ်ဝန်ပထမသုံးလမှာ ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ်ဝန်ပထမသုံးလမှာ မေမေလောင်းတို့ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x