COVID-19 ကူးစက်ခံထားရတဲ့ မေမေ ကလေးနို့တိုက်သင့်လား

by: Nang Htwe
 0 comments  73 love

COVID-19 ကူးစက်ခံထားရတဲ့ မေမေတွေအနေနဲ့ နို့တိုက်ကျွေးစဉ် တကိုယ်ရည်သန့်ရှင်းရေး ရှိဖို့လိုပါတယ်။ အထူးသဖြင့် Mask တပ်ဆင်ထားဖို့ လိုပါတယ်

COVID-19 ပြဿနာဟာ နို့တိုက်နေတဲ့ မိခင်တွေကို စိုးရိမ်မှု ထိပ်လန့်စေပါတယ်။ အကယ်လို့ ကိုယ့်မှာ သံသယရှိနေတာ ဒါမှမဟုတ် ကူးစက်ခံနေရပြီဆိုရင် ဘာတွေ ဆက်လုပ်ရမှန်းမသိ ဖြစ်နိုင်ပါတယ်။ WHO ကတော့ COVID-19 ကူးစက်ခံထားရတဲ့ မေမေတွေ ကိုယ့်ကလေးကို မိခင်နို့ဆက်လက်တိုက်ကျွေးနိုင်တယ်လို့ ဆိုပါတယ်။ အရင်တုန်းကလိုတော့ မတိုက်ရပါဘူး။ အကာအကွယ်တွေ ပြုလုပ်ပြီး တိုက်ရပါမယ်။

COVID-19 ကူးစက်ခံထားရတဲ့ မေမေတွေ ကိုယ့်ကလေးကို မိခင်နို့ဆက်လက်တိုက်ကျွေးနိုင်တယ်လို့ ဆိုပါတယ်

  • COVID-19 ကူးစက်ခံထားရတဲ့ မေမေတွေအနေနဲ့ နို့တိုက်ကျွေးစဉ် တကိုယ်ရည်သန့်ရှင်းရေး ရှိဖို့လိုပါတယ်။ အထူးသဖြင့် Mask တပ်ဆင်ထားဖို့ လိုပါတယ်။
  • ကလေးကို မကိုင်ခင်နဲ့ ကိုင်ပြီး လက်ကို ဆပ်ပြာနဲ့ဆေးပါ။
  • မေမေတို့ လက်ဆေးတဲ့အခါ Alcohol ပါတဲ့ ဆပ်ပြာ ဒါမှမဟုတ် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာနဲ့ ဆေးဖို့ လိုပါတယ်။

COVID-19 နဲ့ ပတ်သက်တဲ့ နို့တိုက်မိခင်တွေရဲ့ မေးခွန်းများ

အမေး။ COVID-19 ကူးစက်ခံရရင် ကလေးကို ကိုင်လို့ရလား၊ နို့တိုက်လို့ရလား

အဖြေ။ အကာအကွယ်တွေ ပြုလုပ်ပြီး ကလေးကို နို့တိုက်ကျွေးလို့ရပါတယ်။

  •  နို့တိုက်မိခင်ဟာ တကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ရပါမယ်။
  •  မေမေတို့လက်က ကလေးငယ်ရဲ့ အသားအရည်ကိုပဲ ကိုင်ပါ။ မေမေတို့လက်နဲ့ ကလေးငယ်ရဲ့ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းတို့ကို မကိုင်ပါနဲ့။
  • ကလေးနို့တိုက်ဖို့ အခန်းတစ်ခန်း သီးသန့်ထားပါ။
  • ကလေးနို့တိုက်ပြီးရင် လက်ကို ပြန်ဆေးပါ။ မေမေတို့ နို့တိုက်ခဲ့တဲ့ နေရာကိုလည်း သန့်ရှင်းရေး ပြန်လုပ်ပါ။

နို့တိုက်မေမေတွေအနေနဲ့ ကလေးကို မကိုင်ခင်နဲ့ ကိုင်ပြီး လက်ကို ဆပ်ပြာနဲ့ဆေးဖို့ မမေ့ပါနဲ့ (Photo by ZME Science)

အမေး။ ကျွန်မ မှာ COVID-19 ကူးစက်ခံထားရလို့ ကလေးကို မိခင်နို့တိုက်ရိုက် မတိုက်ချင်ပါဘူး။ ဘယ်လိုမျိုးနဲ့ တိုက်သင့်လဲရှင့်

အဖြေ။ COVID-19 ကြောင့် မိခင်က ကလေးကို နို့မတိုက်တာမျိုး မလုပ်သင့်ပါဘူး။ လုံလုံခြုံခြုံနည်းလမ်းတွေနဲ့ နို့တိုက်နိုင်ပါတယ်။ အကယ်လို့ မေမေတို့က တိုက်ရိုက်မတိုက်ချင်ဘူးဆိုရင်လည်း မိခင်နို့ကို နို့ဗူးထဲထည့်ပြီး တိုက်တာမျိုး ပြုလုပ်နိုင်ပါတယ်။

နို့တိုက်မေမေတွေအနေနဲ့ ကလေးကို မကိုင်ခင်နဲ့ ကိုင်ပြီး လက်ကို ဆပ်ပြာနဲ့ဆေးဖို့ မမေ့ပါနဲ့။

Ref: who.int

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles