မေမေတို့ မောပန်းနွမ်းနယ်တာတွေ ဖြစ်နေတယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  0 love

ကလေးတစ်ဖက်၊ အလုပ်တစ်ဖက်၊ အိမ်ထောင်မှုကိစ္စတွေကြောင့် မောပန်းနွမ်းနယ်နေပြီလား။ အိမ်တစ်အိမ်မှာ မေမေတို့က အဓိကပါပဲနော်။ အားအင်ပြည့်ဝနေဖို့ လိုပါတယ်။

အလုပ်တစ်ဖက်၊ အိမ်ထောင်မှုကိစ္စတွေကြောင့် မောပန်းနွမ်းနယ်နေပြီလား (Photo: Daily mail)

မေမေတို့ရေ ကလေးတစ်ဖက်၊ အလုပ်တစ်ဖက်၊ အိမ်ထောင်မှုကိစ္စတွေကြောင့် မောပန်းနွမ်းနယ်နေပြီလား။ အိမ်တစ်အိမ်မှာ မေမေတို့က အဓိကပါပဲနော်။ ဒီတော့ မေမေတို့ အားအင်ပြည့်ဝနေဖို့ လိုပါတယ်။ မေမေတို့ အိမ်မှာနေရင်း အချိန်နည်းနည်းလောက် ပေးရုံနဲ့တင် အားအင်တွေ ပြန်လည်ပြည့်ဝစေမယ့် နည်းလမ်းလေးတွေ ပေးချင်ပါတယ်။

မေမေတို့ မောပန်းလွယ်တာဟာ သံဓါတ်ချို့ယွင်းတာကြောင့်ပါ

သံဓါတ်ချို့ယွင်းခြင်းကြောင့် သွေးအားနည်းတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင်တော့ မောပန်းနွမ်းနယ်လာနိုင်ပါတယ်။ ဒီအခြေအနေ သက်သာစေဖို့ အမျှင်ဓါတ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်ဓါတ်တွေ စားပေးဖို့ လိုပါတယ်။ အသီးအရွက်၊ အမဲသား၊ ဖောလစ်အက်ဆစ်ပါဝင်တဲ့ အစားအစား၊ နွားနို့၊ အသားတွေ စားသင့်ပါတယ်။

မောပန်းလွယ်တာဟာ သံဓါတ်ချို့ယွင်းတာကြောင့်ပါ(Photo: Knock)

 

လေ့ကျင့်ခန်းလုပ်တာက

မေမေတို့ရဲ့ အဆုတ်၊ နှလုံးသွေးကြော၊ အရိုးနဲ့ ကြွက်သားတွေကို ကောင်းမွန်စေပါတယ်။ အတွင်းကလိစာတွေ ကောင်းကောင်းလှုပ်ရှားနိုင်ဖို့ လေ့ကျင့်ခန်းက အကူအညီပေးနိုင်ပါတယ်။ မေမေတို့ တစ်နေ့ကို (၁၅) မိနစ်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုပါတယ်။ နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို (၃) ရက်လောက် လုပ်ပေးပါ။

 မောပန်းလာတဲ့အခါမှာ အသက်ရှူရခက်တတ်ပါတယ်

ဒီလိုဆိုရင်တော့ အသက်ရှူလေ့ကျင့်ခန်းလေးတွေလည်း လုပ်ထားသင့်ပါတယ်။ အဆုတ်လေ့ကျင့်ခန်းအတွက် ပါးစပ်စေ့ထားတဲ့ အသက်ရှူခြင်းကို ပြုလုပ်ဖို့အတွက် နှာခေါင်းနဲ့ အသက်အပြည့်အဝရှူပြီး စေ့ထားတဲ့ ပါးစပ်ကနေ လေကို ဖြည်းညှင်းစွာ ပြန်ထုတ်သင့်ပါတယ်။ အသက်ရှူနှုန်းကို နှေးစေပြီး ပုံမှန် အသက်ရှူမှုကို ပြန်ရစေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိတ်ပူခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အကယ်လို့များ ဆေးလိပ် နည်းနည်းပါးပါး သောက်တတ်တယ်ဆိုရင်

ဖြတ်ပစ်လိုက်ဖို့ အကြံပေးပါရစေ။ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေနဲ့ ယှဉ်ရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနှုန်း (၂-၃) ဆ ပိုများတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ရင် အမောမခံနိုင်ဘူးဆိုတာ မေမေတို့ သိထားပြီးသား ဖြစ်မှာပါ။ အဆုတ်ပြန်ကောင်းလာဖို့ ဆေးလိပ်ဖြတ်ပါ။ ဒါဆိုရင် မောပန်းတာ လျှော့မှာပါ။

 

 

 

 

From Kalay with

Tag: fitnesshealthways

Comments

0 comments
Latest video