နေရောင်ခြည်နဲ့ မေမေတို့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးများ

by: Nang Htwe
 1 comments  0 love

နေရောင်ခြည်ထိတွေ့မှု နည်းလာတဲ့အခါမှာ စိတ်ဓာတ်ကျတာနဲ့ ဝမ်းနည်းတဲ့စိတ်တွေ ဝင်ရောက်လာပါတယ်။

နေရောင်ခြည်က မေမေတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ပြင်းထန်တဲ့ နေရောင်ခြည်ကတော့ မေမေတို့ရဲ့ အသားအရေကို ပျက်စီးစေတယ်နော်။ ပြင်းထန်တဲ့ နေရောင်ခြည်ကို ရှောင်ရှားပြီး မနက်ခင်းနေရောင်ခြည်ကို မေမေတို့ အသုံးချနိုင်ပါတယ်။

နေရောင်ခြည်က မေမေတို့ရဲ့ ကျန်းမာရေးကို အထောက်အကူပြုပါတယ် (Photo by Tinh Hoa)

နေရောင်ခြည်နဲ့ မေမေတို့ကျန်းမာရေအကျိုးကျေးဇူးများ

၁။ သွေးဖိအား

နေရောင်ခြည်နဲ့ အသားအရေထိတွေ့လိုက်တဲ့အခါမှာ သွေးကြောတွေ ပြေလျော့သွားပြီး သွေးဖိအားမြင့်တက်တာကို လျော့ချပေးပါတယ်။ သွေးပေါင်ချိန်ကျခြင်း၊ နှလုံးထိခိုက်မှုရှိခြင်း၊ သွေးပေါင်ချိန်ကျခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

၂။ အရိုးကျန်းမာရေး

နေရောင်ခြည်မှာ ဗီတာမင်ဒီပါဝင်ပါတယ်။ ဗီတာမင်ဒီက အရိုးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၃။ ဦးနှောက်

နေရောင်ခြည်မှာပါတဲ့ ဗီတာမင်ဒီက အရိုးများကို ခိုင်ခံစေရုံသာမက ဦးနှောက်အစိတ်အပိုင်း ကြီးထွားလာမှုကို လှုံ့ဆော်ပေးပါတယ်။

၎။ စိတ်ကျရောဂါ

နေရောင်ခြည်ထိတွေ့မှု နည်းလာတဲ့အခါမှာ စိတ်ဓာတ်ကျတာနဲ့ ဝမ်းနည်းတဲ့စိတ်တွေ ဝင်ရောက်လာပါတယ်။ နေရောင်ခြည်နည်းပါးတဲ့ မိုးရာသီနဲ့ ဆောင်ရာသီမှာ အဖြစ်များပါတယ်။ အဆောက်အဦးထဲမှာ အချိန်ကြာရှည်စွာ အလုပ်လုပ်ရတဲ့ မေမေတွေမှာလည်း နေရောင်ခြည်ထိတွေ့မှုနည်းပြီး စိတ်ဓာတ်ကျတာနဲ့ ဝမ်းနည်းတဲ့စိတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

နေရောင်ခြည်မှာ ဗီတာမင်ဒီပါဝင်ပါတယ် (Photo by Hello Joburg)

၅။ အိပ်စက်ခြင်း

နေရောင်ခြည်နဲ့ ထိတွေ့ပေးတာက မေမေတို့ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ အိပ်မပျော်တဲ့ မေမေတွေအနေနဲ့ မနက်ခင်းနေရောင်ခြည်ကို ထိတွေ့ပေးပါ။

၆။ မှတ်ဥာဏ်ပျောက်ဆုံးခြင်း

နေရောင်ခြည်က မေမေတို့အသက်ကြီးလာတဲ့အခါမှာ ကြုံတွေ့ရနိုင်တဲ့ မှတ်ဥာဏ်ပျောက်ဆုံးခြင်းတွေကို လျော့ချပေးပါတယ်။

၇။ အသားအရေ

နေရောင်ခြည်က ဝက်ခြံ၊ နှင်းခူ၊ အသားအရေကြမ်းခြင်း၊ အသားဝါနဲ့ တခြားအရေပြားရောဂါတွေကို ပျောက်ကင်းစေပါတယ်။ ပြင်းထန်တဲ့ နေရောင်ခြည်မှာ ခရမ်းလွန်းရောင်ခြည်တွေ ပါဝင်တာကြောင့် မေမေတို့ရဲ့ အသားအရေကို ပျက်စီးစေနိုင်ပါတယ်။

၈။ ကိုယ်ခံစွမ်းအား

နေရောင်ခြည်က ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ရောဂါတွေကို တိုက်ခိုက်ပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးပါတယ်။

နေရောင်ခြည်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရရှိပေမယ့်လည်း ပြင်းထန်တဲ့နေရောင်ခြည်က မေမေတို့ရဲ့ အသားအရေကို ပျက်စီးစေနိုင်တာကို မေမေတို့သတိထားဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x