မေမေတို့မိသားစုအတွက် ဒူးရင်းသီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

by: Nang Htwe
 0 comments  0 love

ဒူးရင်းသီးက မေမေတို့ရဲ့ စိတ်ခံစားချက်ကို ပျော်ရွှင်စေတဲ့ အသီးဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ လျှော့နည်းစေပြီး ပိုမိုပျော်ရွှင်စေပါတယ်

အခုရာသီက ဒူးရင်းသီးတွေ ပေါများတဲ့အချိန်ပါ။ ဒူးရင်းသီးအပြင် ဒူရင်းသီးကို အခြေခံထားတဲ့ မုန့်မျိုးစုံ ရရှိနေပါတယ်။ ဒူးရင်းသီးဟာဆိုရင် မေမေတို့မိသားစုအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ အမြောက်အများရှိနေပါတယ်။

ဒူးရင်းသီးမှာ အာဟာရ အမြောက်အများပါဝင်ပါတယ် (Photo by How to be Health)

(၁) အာဟာရများ

ဒူးရင်းသီးမှာ အာဟာရ အမြောက်အများပါဝင်ပါတယ်။ ဗီတာမင် C၊ B အုပ်စု၊ သံဓါတ်၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓါတ်တို့ ပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပြီး သွေးနီဆဲလ်ထုတ်လုပ်တာကို အထောက်အကူပြုပါတယ်။ အသားအရေကျန်းမာရေးကို အထောက်အကူပြုပါတယ်။

(၂) အိပ်စက်ခြင်း

ဒူးရင်းသီးက မေမေတို့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ဒူးရင်းသီးမှာပါတဲ့  tryptophan (အမိုင်နိုအက်ဆစ်အမျိုးအစား) ဖြစ်ပြီး ဟော်မုန်းတွေကို ထိန်းပေးတာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ မေမေတို့ အိပ်မပျော်ဘူးဆိုရင် ဒူးရင်းသီးကို စားပေးပါ။

ဒူးရင်းသီးအပြင် ဒူရင်းသီးကို အခြေခံထားတဲ့ မုန့်မျိုးစုံ ရရှိနေပါတယ် (Photo by Spoon University)

(၃) စွမ်းအင်

ဒူးရင်းသီးဟာဆိုရင် စွမ်းအင်တွေကို တိုးတက်လာစေပါတယ်။ ဒူးရင်းမှာ ကာဗိုဟိုက်ဒရိုက် ပါဝင်တာကြောင့် လျှော့နည်းတဲ့ စွမ်းအင်တွေကို တိုးတက်လာစေပါတယ်။

(၄) ပျော်ရွှင်စေခြင်း

ဒူးရင်းသီးက မေမေတို့ရဲ့ စိတ်ခံစားချက်ကို ပျော်ရွှင်စေတဲ့ အသီးဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ လျှော့နည်းစေပြီး ပိုမိုပျော်ရွှင်စေပါတယ်။

ဒူးရင်းသီးက မေမေတို့ရဲ့ စိတ်ခံစားချက်ကို ပျော်ရွှင်စေတဲ့ အသီးဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်တာ လျှော့နည်းစေပြီး ပိုမိုပျော်ရွှင်စေပါတယ် (Photo by mashable.com)

(၅) သွေးဖိအားနဲ့ ကိုလက်စထရော

ဒူးရင်းသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ သွေးဖိအားကို ထိန်းပေးပါတယ်။ ဒူးရင်းသီးမှာ ကိုလက်စထရောမပါဘဲ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီသာပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောတွေ လျှော့သွားစေပါတယ်။ ဒူးရင်းသီးဟာဆိုရင် မကောင်းတဲ့ အဆီတွေကို ဖယ်ရှားပေးပါတယ်။

ဒူးရင်းသီးဟာဆိုရင် မေမေတို့ မိသားစုအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with

Tag: Durianhealth

Comments

0 comments
Latest video
Refer to more useful articles
x