မိသားစုကျန်းမာရေးအတွက် မေမေတို့ သိထားသင့်တဲ့ Probiotics အကြောင်း

by: Khin Nyein Lwin
 0 comments  4 love

Probiotics ဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေဖြစ်တဲ့ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေအပြင် အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေကို ကာကွယ်ပေးပါတယ်။

Probiotics ဆိုတာ အစာအိမ်နဲ့ အူလမ်းကြောင်းကို အကျိုးပြုတဲ့ ပိုးမွှားလေးတွေပါ။ အထူးသဖြင့် ကလေးငယ်တွေ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာတွေကို ကာကွယ်ပေးပါတယ်။ အစာခြေစနစ်ကို မျှတစေတဲ့ အရာပါ။

ကလေးငယ်နဲ့ အရင်းအနှီးဆုံးဖြစ်တဲ့ ဒိန်ချဉ်မှာ အများဆုံးပါပါတယ် (Photo by The Candida Diet)

Probiotics ကို ဘယ်ကနေ ရနိုင်လဲ

ကလေးငယ်နဲ့ အရင်းအနှီးဆုံးဖြစ်တဲ့ ဒိန်ချဉ်မှာ အများဆုံးပါပါတယ်။ လူကြီးတွေအတွက်တော့ ဟင်းသီးဟင်းရွက်တွေကို အချဉ်တည်ထားတဲ့ အစားအစာတွေမှာ တွေ့ရပါတယ်။ အခုနောက်ပိုင်းမှာတော့ Probiotics ဖြည့်စွက်ထားတဲ့ အစားအသောက်တွေရှိလာပါပြီ။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာ ပါလာသလို ဖြည့်စွက်ဆေးတွေလည်း အလွယ်တကူ ဝယ်ယူနိုင်ပါပြီ။

Probiotics ရဲ့ အကျိုးကျေးဇူး

Probiotics ဟာ အစာအိမ်နဲ့ အူလမ်းကြောင်း ပြဿနာတွေဖြစ်တဲ့ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေအပြင် အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ကလေးငယ်တွေရဲ့ စိတ်ဖိစီးမှုဟာ  အစာအိမ် အူလမ်းကြောင်းနဲ့ သက်ဆိုင်တာကြောင့် Probiotics ဟာ အရေးကြီးပါတယ်။

Probiotics ရဲ့ အားသာချက်က ကိုယ်ခံအားစနစ်ကော အစာခြေစနစ်ကိုပါ မျှတစေပါတယ် (Photo by www.milenio.com)

Probiotics နဲ့ အစာခြေစနစ်

Probiotics ရဲ့ အားသာချက်က ကိုယ်ခံအားစနစ်ကော အစာခြေစနစ်ကိုပါ မျှတစေပါတယ်။ နောက်ပြီး အစာခြေလမ်းကြောင်းမှာရှိတဲ့ ကောင်းတဲ့ပိုးမွှားတွေနဲ့ မကောင်းတဲ့ ပိုးမွှားတွေကို ဟန်ချက်ညီစေပါတယ်။ အစာခြေလမ်းကြောင်းကို ကျန်းမာစေတဲ့ပြင် စနစ်တကျ အလုပ်လုပ်လာတာကြောင့် ခန္ဓာကိုယ်ထဲ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ၊ အဆိပ်အတောက်တွေ၊ ဓါတုပစ္စည်းတွေနဲ့ ပျက်စီးစေနိုင်တဲ့ စွန့်ပစ်အရာတွေကို ဖယ်ရှားပေးပါတယ်။

Probiotics ကို ပမာဏ အများကြီး စားမိရင် ဘာတွေဖြစ်လာမလဲ

Probiotics ဟာ တော်တော်များများအတွက် အန္တရာယ်ကင်းပေးမယ့်လည်း ပမာဏအများကြီးသုံးမိရင်တော့ တချို့သူတွေမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလာပါတယ်။ ဘယ်လိုလူတွေမှာ ကြုံရလဲဆိုတော့ ကိုယ်ခံစွမ်းအား မကောင်းတဲ့သူနဲ့ ပြင်းပြင်းထန်ထန် ဖျားနေတဲ့သူတွေမှာပါ။ အဲဒီလိုသူတွေက ပမာဏ အများကြီး မစားသင့်ပါဘူး။

Probiotics ပါတဲ့ အစားအသောက်မဟုတ်ဘဲ Probiotics ဖြည့်စွက်ဆေးကို သောက်မယ်ဆိုရင်တော့ ဆရာဝန် ဒါမှမဟုတ် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ အထူးကုတွေနဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ သောက်နေချိန်မှာလည်း ဆရာဝန်နဲ့ မကြာခဏ ပြသစစ်ဆေးသင့်ကြောင်း ပြောပြလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles