မေမေတို့ရေ ကြက်အရေခွံ စားသင့်လား မစားသင့်ဘူးလား

by: Nang Htwe
 0 comments  1 love

ကြက်တစ်ကောင်လုံးမှာ အရေခွံ(ကြက်ရေခွံ)က အဆီပါဝင်နှုန်း အများဆုံး အပိုင်းပါ။ ကြက်ခြေထောက်ကတော့ အဆီပါဝင်နှုန် အနည်းဆုံး အပိုင်းပါ။

ကြက်သားမှာ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ကြက်သားရွေးချယ်တဲ့အခါ အဆီပါဝင်မှုနည်းတဲ့ အပိုင်းကို ရွေးချယ်သင့်ပါတယ်။

ကြက်သားစားမယ်ဆိုရင် အရေခွံကို ဖယ်ရှားပြီးမှ စားတာ အကောင်းဆုံးပါ (Photo by The New York Times)

ကြက်အရေခွံဖယ်ပါ

မေမေတို့အနေနဲ့ ကြက်သားစားမယ်ဆိုရင် အရေခွံကို ဖယ်ရှားပြီးမှ စားတာ အကောင်းဆုံးပါ။ လတ်ဆက်တဲ့ အသားမှာ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ကြွယ်ဝစွာပါပါတယ်။ အကယ်လို့ မေမေတို့က ကြက်တစ်ကောင်လုံး မဝယ်ဘူးဆိုရင် အဆီများတဲ့အပိုင်းကို ဖယ်ခိုင်းလို့ရပါတယ်။

မစားသင့်တဲ့ ကြက်အရေခွံ

ကြက်အရေခွံက စားလို့မရဘူးလား။ အမှန်တော့ စားလို့ရပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တာပါ။ ကြက်သားမှာ အရေခွံနဲ့ အဆီပါတဲ့ အပိုင်းကိုဖယ်ပြီးရင် ကျန်အပိုင်းကို အရသာပိုရှိရင် ပဲငံပြာရည်၊ ဝိုင်၊ အသီးအရည်နဲ့ ဆေးဖက်ဝင်အမှုန့် (မဆာလာ၊ ကရဝေး၊ စမုံစပါး) တွေ ရောနှောနယ်ပြီး ချက်စားနိုင်ပါတယ်။ နောက်ထပ် ကြက်သားထဲက အဆီတွေ ဖယ်ထုတ်နိုင်တဲ့နည်းလမ်းကတော့ ပြုတ်လိုက်တာပါ။ ကြက်သားကို ပြုတ်လိုက်တဲ့အခါ အဆီတွေ ထွက်လာပါမယ်။ အပေါ်က အဆီတွေကို အကုန်ဖယ်ပြီး ကြက်သားကို ကြိုက်သလို လုပ်စားနိုင်ပါတယ်။ ကြက်ပြုတ်ရည်ကိုလည်း မေမေတို့ကြိုက်နှစ်သက်သလို ဖန်တီးနိုင်ပါတယ်။ ဒီနည်းလမ်းက ကြက်သားတင်မက အမဲသား၊ ဝက်သား၊ ဆိတ်သားတို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။

စားလို့ရပါတယ် ကျန်းမာရေးနဲ့ မညီညွတ်တာပါ (Photo by TODAYonline)

မျှမျှတတစားပါ

မေမေတို့အနေနဲ့ ကြက်သား၊ အမဲသား၊ ဝက်သား၊ ဆိတ်သား တို့ကို တစ်ပတ် (၂)ကြိမ် ဒါမှမဟုတ် (၃)ကြိမ်လောက်စားပြီး ကျန် ရက်တွေမှာ ပင်လယ်စာ (ငါး၊ ပုစွန်၊ ဂဏန်း) တစ်မျိုးမျိုးကို အစားထိုးစားပေးပါ။ ဟင်းသီးဟင်းရွက်ကိုလည်း နေ့တိုင်း စားပေးဖို့ မမေ့ပါနဲ့။

ကြက်အရေခွံက စားလို့ရပေမယ့်လည်း ကျန်းမာရေးနဲ့ မညီတာကိုတော့ မေမေတို့ သတိထားပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles