လက်ရှိကြုံတွေ့နေတဲ့ အခြေအနေတွေကြောင့် စိတ်ညစ်နေရပြီး အစားစားချင်စိတ် ကုန်နေပြီလား။ ဘာတွေပဲကြုံရကြုံရ နေ့စဥ် အစားမှန်မှန်စားဖို့ အရေးကြီးတယ်။ ကိုယ်မှာ ခွန်အားတွေရှိနေမှ စိတ်ညစ်တာကို တွန်းလှန်နိုင်မှာပါ။ ခံနိုင်ရည်ရှိဖို့ အစားအသောက်(ထမင်းဟင်း) မှန်မှန်စားပေးဖို့လိုတယ်။ အစားစားချင်စိတ်နည်းနေတဲ့ မေမေတို့မိသားစုအတွက် အခုလိုပေါ့ပေါ့ပါးပါးလေးတွေ ရွေးစားပေးနိုင်ပါတယ်။

အစားစားချင်စိတ်နည်းနေတဲ့ မေမေတို့မိသားစုအတွက် ပေါ့ပေါ့ပါးပါးလေးတွေ ရွေးစားပေးနိုင်ပါတယ် (Photo by agoda)
အရွက်သုပ်
မိသားစုအကုန်လုံးနီးပါးကြိုက်တဲ့ ဟင်းသီးဟင်းရွက်ကို ပြုတ်ပြီး သုပ်စားတာပါ။ ထမင်းစားလို့ မြိန်စေပါတယ်။ အမျှင်ဓါတ်နဲ့ ဗီတာမင်တွေ ရတယ်။ ကျန်းမာရေးအထောက်အကူပြုတယ်။ တစ်ခု သတိထားရမှာက ဟင်းသီးဟင်းရွက်တွေကို ပျော့နေအောင် မပြုတ်ဖို့ပါ။
အသားသုပ်
အသားကို ပြုတ်လိုက်ပြီး ကြက်သွန်နီ၊ ခရမ်းချဥ်သီး စတဲ့ အစာပလာတွေ ထည့်သုပ်တာပါ။ ကလေးတွေလည်း ကြိုက်တော့ မေမေတို့လည်း ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတာပေါ့နော်။ အသားသုပ်ထဲမှာ မုန်လာဥနီ၊ အရွက်တစ်မျိုးမျိုး ရောပြီးထည့်သုပ်ပေးရင်တော့ တစ်ခွက်ထဲနဲ့ ပြည့်စုံသွားပါပြီ။ အခုလိုအချိန် ဟင်းအများကြီး မချက်ချင်ရင် အသားသုပ်က အဆင်ပြေပါတယ်။
ဟင်းရည်
စွန်တန်၊ မီဆို စတဲ့ အသင့်သောက် ဟင်းရည်ထုပ်လေးတွေကို ဝယ်ထားသင့်ပါတယ်။ အချိန်ကုန်သက်သာပြီး ထမင်းမြိန်စေပါတယ်။ ဟင်းရည်ပေါ်မှာ ကြက်သွန်မြိတ်၊ နံနံပင် လေးတွေ အုပ်ပေးရင် ပိုပြည့်စုံတာပေါ့။
ပဲ
ပဲသုပ်၊ ပဲပြုတ် တစ်ခုခု ထမင်းဝိုင်းထဲမှာ ပါပါစေ။ အသားငါး မချက်ချင်ရင် ပဲတစ်မျိုးမျိုးတော့ပါသင့်တယ်။ ခန္ဓာကိုယ်တွက် ပရိုတိန်းဓါတ်နေ့တိုင်းရဖို့ ပါ။

ပဲသုပ်၊ ပဲပြုတ် တစ်ခုခု ထမင်းဝိုင်းထဲမှာ ပါပါစေ (Photo by agoda)
ခေါက်ဆွဲ
ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည် တို့ကိုက အစားစားချင်စိတ်နည်းတဲ့ မေမေတို့မိသားစုအတွက် အဆင်ပြေတဲ့ အစားအစာပါ။ အသားနဲ့ အရွက် ထည့်ဖို့တော့ မမေ့နဲ့နော်။
ကိတ်မုန့်၊ ပေါင်မုန့်
ကိတ်မုန့်၊ ပေါင်မုန့် တွေကလည်း မေမေတို့မိသားစု အဆာပြေ အချိန်မရွေးစားဖို့ ဝယ်ထားသင့်ပါတယ်။ မနက်စာပဲဖြစ်ဖြစ်၊ သရေစာပဲဖြစ်ဖြစ် အစာပြေအနေနဲ့ အသင့်စားနိုင်အောင်လို့ပါ။
နွားနို့၊ ကော်ဖီ၊ လက်ဖက်ရည်
မနက်စာအတွက် ဝယ်ထားသင့်ပါတယ်။ အသင့်သောက်နို့ဗူးလေးတွေက ကလေးအတွက် အဆင်ပြေပါတယ်။
အသီးအနှံ
ရာသီပေါ်အသီးအနှံ (စတော်ဘယ်ရီ၊လိမ္မော်သီး) ဝယ်ထားသင့်ပါတယ်။ ထမင်းဟင်းမစားချင်ရင် ဒီအသီးအနှံလေးတွေ အစာပြေစားလို့ရပါတယ်။
ရေ
မေမေတို့ရေ အခုလိုအချိန်မှာ ရေသောက်ပေးဖို့ မမေ့ပါနဲ့နော်။
သရေစာမုန့်
သရေမုန့်လေးတွေကိုလည်း ဆောင်ထားသင့်ပါတယ်။ ထမင်းစားချိန်မဟုတ်တဲ့အခါမျိုး ဗိုက်ဆာတဲ့အခါ စားရအောင်လို့ပါ။
ထမင်းဟင်းစားချင်စိတ်မရှိဘူးဆိုရင် ဒါမျိုးလေးတွေ စားပေးလို့ရတယ်နော်။
Comments