ကလေးမွေးပြီးနောက်ရင်သားတွေ မတင်းတော့ရင်

by: Phyo Pyae Thu
 3 comments  149 love

သားသားမီးမီးလေး နို့စို့တာကြောင့် ရင်သားတွေ မတင်းတော့ဘူး ဖြစ်နေလား။ လှပဖို့အတွက် ရင်သားလေးတွေ ပြန်လည်တင်းရင်းအောင် လုပ်ဖို့ လိုလာပါပြီနော်။

မေမေတို့ရေ သားသားမီးမီးလေး နို့စို့တာကြောင့် ရင်သားတွေ မတင်းတော့ဘူး ဖြစ်နေလား။ ဒီလိုဆိုရင်တော့ မေမေတို့ လှပဖို့အတွက် ရင်သားလေးတွေ ပြန်လည်တင်းရင်းအောင် လုပ်ဖို့ လိုလာပါပြီနော်။ ရင်သားလေးတွေ ပြန်လည်တင်းရင်းဖို့ ဘာတွေ လုပ်လို့ ရမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။

နို့စို့တာကြောင့် ရင်သားတွေ မတင်းတော့ဘူး ဖြစ်နေလား(Photo: Grow bigger)

Wall Press လေ့ကျင့်ခန်း

Wall pressလေ့ကျင့်ခန်း(photo: Yes4All Official Blog)

ရင်သားတင်းရင်းဖို့အတွက် အိမ်မှာတင် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေး ရှိပါတယ်။ ပထမဆုံး မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ရှေ့ဘက်ကို တန်းတန်းဆန့်ပြီး လက်ဖဝါးနဲ့ နံရံမှာ ထောက်ထားလိုက်ပါ။ ပြီးရင် ခန္ဓာကိုယ်ကို အားစိုက်ပြီး ရင်ဘတ်နေရာကို အသုံးပြုကာ လက်တံတောင်ဆစ်ကို ကွေးလိုက်ပါ။ ရင်ဘတ်ကို အားပြုပြီး တွန်းတဲ့သဘောပါ။ (၁) ကနေ (၅) အတွင်း ရေတွက်ပြီး လုပ်ပါ။

ဂေါ်ဖီရွက် အသုံးပြုခြင်း

ဂေါ်ဖီရွက်ကလည်း ရင်သားတွေ တင်းရင်းဖို့ အထောက်အကူပြုပါတယ်။ ဂေါ်ဖီရွက်ကို အသုံးပြုရမယ့် နည်းလမ်းလေးကလည်း လွယ်ကူတာမို့ လိုက်လုပ်ကြည့်ဖို့ အတော်လေး အဆင်ပြေမှာပါနော်။ ဂေါ်ဖီထုပ်ဆိုရင်တော့ အပေါ်ဆုံး အနာအဆာ ပါဝင်နိုင်တဲ့ အရွက်တွေကို ဖယ်လိုက်ပါ။ ရေသေချာ ဆေးပြီးရင်တော့ အအေးခံရပါမယ်။ ရေခဲသေတ္တာထဲ ထည့်ပြီး ခပ်အေးအေး အနေအထားလေး ဖြစ်အောင် ထားလိုက်ပါ။ ပြီးရင်တော့ အရွက်လိုက်လေး ရင်သားတစ်ဖက်စီမှာ ကပ်ထားပေးပါ။ မိနစ်(၂၀) လောက် ကြာအောင် ထားလိုက်ပါနော်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးနိုင်ပြီး ရင်သားလေး တင်းရင်းလာတာကို တွေ့ရမှာပါ။

လှပဖို့အတွက် ရင်သားလေးတွေ ပြန်လည်တင်းရင်းအောင် လုပ်ဖို့လိုပါတယ်(Photo: Bridesigh)

Vaseline

မေမေတို့ရေ ကလေးမွေးပြီးနောက်ပိုင်းမှာ ရင်သားတွေ လျော့ရဲလာလို့ စိတ်ညစ်နေရင်တော့ လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ Vaseline လေး လိမ်းလို့ရပါတယ်။ Vaseline လေးလိမ်းပြီး စက်ဝိုင်းပုံသဏ္ဍန် နှိပ်နယ်ပေးပါ။ ဒါဆိုရင်တော့ ရင်သားလေးတွေ ပြန်လည်တင်းရင်းလာမှာပါ။

မေမေတို့ရေ လွယ်ကူတဲ့ နည်းလမ်းလေး (၃) ခုကို သိပြီဆိုရင်တော့ ကြိုးစားကြည့်သင့်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: adviceexercisefitness

Comments

0 comments
Latest video
Refer to more useful articles
x