နို့တိုက်မေမေတို့အတွက် ပိန္နဲသီးရဲ့အကျိုးကျေးဇူးများ

by: Nang Htwe
 0 comments  0 love

လတ်ဆက်တဲ့ ပိန္နဲသီးမှာ သကြားပါဝင်ပါတယ်။ ပိန္နဲသီးမှာပါဝင်တဲ့သကြားဟာဆိုရင် ခန္ဓာကိုယ်က လွယ်ကူစွာစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် မေမေတို့ စိုးရိမ်စရာမလိုပါဘူး။

ပိန္နဲသီးဟာ အရသာရှိပြီး လူကြိုက်များကျော်ကြားတဲ့ အသီးအနှံပါ။ ပိန္နဲသီးမှာ ဗီတာမင် B6၊ ပိုတက်ဆီယမ်နဲ့  anti-oxidants တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ကလေးနို့တိုက်နေတဲ့ မေမေတွေ ပိန္နဲသီးစားလို့ရလား။ ကလေးနို့တိုက်မေမေတွေလည်း ပိန္နဲသီးစားလို့ရပါတယ်။ ရရှိတဲ့ အကျိုးကျေးဇူးတွေကတော့ အတူတူပါပဲ။

ကလေးနို့တိုက်မေမေတွေလည်း ပိန္နဲသီးစားလို့ရပါတယ် (Photo by Doctor NDTV)

ပိန္နဲသီးမှာပါဝင်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်များ

ပိန္နဲသီးမှာ ကာဗိုဟိုက်ဒရိုက်နဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ လတ်ဆက်တဲ့ ပိန္နဲသီးမှာ သကြားပါဝင်ပါတယ်။ ပိန္နဲသီးမှာပါဝင်တဲ့သကြားဟာဆိုရင် ခန္ဓာကိုယ်က လွယ်ကူစွာစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် မေမေတို့ စိုးရိမ်စရာမလိုပါဘူး။ နို့တိုက်မေမေတွေအတွက်လည်း စွမ်းအင်တွေပေးပါတယ်။ ဆားဓါတ်ပါဝင်နှုန်းနည်းတာကြောင့် မေမေတို့အနေနဲ့ သရေစာအဖြစ် ပိန္နဲသီးကို စားပေးလို့ရပါတယ်။ ပိန္နဲသီးတစ်ခွက်မှာ (၁၁၅)ကယ်လိုရီပါဝင်ပါတယ်။ (၄)ကယ်လိုရီဟာ အဆီ(၁)ဂရမ်နဲ့ ညီမျှပါတယ်။ ပိန္နဲသီးမှာပါဝင်တဲ့ အာဟာရတွေကတော့

  • ကာဗိုဟိုက်ဒရိုက်
  • ကယ်ဆီယမ်
  • အမျှင်ဓါတ်
  • အဆီ
  • ဖောလိတ်
  • သံဓါတ်
  • မဂ္ဂနီဆီယမ်နဲ့
  • အိုမီဂါ(၃) တို့ပါဝင်ပါတယ်။

ပိန္နဲသီးရဲ့ အကျိုးကျေးဇူးတွေကတော့

(၁) ကင်ဆာ

ပိန္နဲသီးမှာ ကင်ဆာကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ ပိန္နဲသီးမှာပါဝင်တဲ့ phytonutrients က ကင်ဆာဖြစ်စေတဲ့ free radicals တွေကို တိုက်ထုတ်ပေးပါတယ်။ ဆဲလ်တွေ ပျက်စီးသွားတာကို နှေးကွေးသွားစေပါတယ်။

(၂) ဆီးချို

ပိန္နဲသီးဟာဆိုရင် ဆီးချိုရောဂါကို ဆန့်ကျင်ပေးပါတယ်။

Image result for Is It Safe For Breastfeeding Mothers To Eat Jackfruit?

ပိန္နဲသီးဟာဆိုရင် ဆီးချိုရောဂါကို ဆန့်ကျင်ပေးပါတယ် (Photo by Tinystep)

(၃) အနာ

အနာရောဂါတွေကို ပျောက်ကင်းအောင် အကူအညီပေးပါတယ်။ အစောခြေစနစ်ကိုလည်း တိုးတက်ကောင်းမွန်လာစေပါတယ်။

(၄) သွေးအားနည်း

ပိန္နဲသီးမှာ ဗီတာမင် A ပါဝင်တာကြောင့် သွေးလည်ပတ်မှုကို ကူညီပေးပြီး သွေးအားနည်းတာကို ပျောက်ကင်းစေပါတယ်။

ပိန္နဲသီးကို ပမာဏ အများကြီး စားမယ်ဆိုရင် ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိလာနိုင်ပါတယ်။

  • မိခင်နို့အရသာပြောင်းလဲတာကြောင့် ကလေးငယ်နို့မစို့တာကို ကြုံရနိုင်ပါတယ်။
  • ကလေးငယ်ရဲ့ အစာအိမ်အူလမ်းကြောင်းက ဇီဇာကြောင်တဲ့ လက္ခဏာတွေ ပြသနိုင်ပါတယ်။
  • ကလေးငယ်နဲ့ ဓါတ်မတည့်တဲ့ ပြဿနာ ကြုံရနိုင်ပါတယ်။

ကလေးနို့တိုက်နေတဲ့ မေမေတွေအနေနဲ့ ပိန္နဲသီးကို ပမာဏအများကြီးမဟုတ်ဘဲ ပုံမှန်စားလို့ရနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x