ကလေးမွေးပြီး ဘယ်အချိန်မှာ မေမေတို့ရဲ့  အလှအပကို ပြန်ထိန်းသိမ်းကြမလဲ

by: Nang Htwe
 0 comments  15 love

ကလေးဘယ်အရွယ်လောက်ကနေစတင်ပြီးတော့ ဝိတ်ပြန်ချနိုင်တယ် ဆိုတဲ့ အတွေ့အကြုံတွေကို  ဒီဇိုင်နာမပုံ့က အခုလို ဝေမျှခဲ့ပါတယ်။

ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ မေမေတို့ ရင်ဆိုင်ရတဲ့ပြဿနာတစ်ခုက ကိုယ်အလေးချိန် တိုးလာတာပါ။ မိခင်နို့တိုက်ကျွေးရတာကြောင့် အာဟာရပြည့်ပြည့်ဝဝ စားသုံးနေရပါတယ်။ ဒီလိုအချိန်မှာ ဝိတ်ချဖို့ အဆင်မပြေပါဘူး။ ကိုယ်ဝန်ဆောင်ပြီးပြီးချင်း အရမ်းကို ဝိတ်တက်ခဲ့တဲ့မေမေတွေ အနေနဲ့လည်း ကလေးဘယ်အရွယ်လောက်ကနေစတင်ပြီးတော့ ဝိတ်ပြန်ချနိုင်တယ် ဆိုတဲ့ အတွေ့အကြုံတွေကို  ဒီဇိုင်နာမပုံ့က အခုလို ဝေမျှခဲ့ပါတယ်။

Designer Ma Pont

ကလေးနို့တိုက်ချိန်

အစ်မက ကလေးသုံးယောက်ရှိသွားပြီ။ အဓိက ကတော့ ကလေးမွေးဖွားပြီးတဲ့အချိန်မှာ ချက်ချင်းကြီးခန္ဓာကိုယ် ပိန်ဖို့၊ ကိုယ်ရည်စစ်ဖို့ မလွယ်ဘူး။ ကလေးနို့တိုက်နေရတာကြောင့်ပါ။ အစ်မ မှတ်မိသလောက် ကလေးတစ်နှစ်ပြည့် မွေးနေ့ကိုတော့ ပြန်ပြီးခန္ဓာကိုယ် fit ဖြစ်အောင် အစားအသောက်တွေ ပြန်ပြီးပြင်ဆင်တယ်။ လေ့ကျင့်ခန်းပြန်လုပ်တယ်။ ကလေးတစ်နှစ်ပြည့်မွေးနေ့မှာ နည်းနည်းပါးပါး ကြည့်ပျော်ရှုပျော်တော့ ရှိသွားတာပေါ့နော်။ ကိုယ့်ကိုယ်ကို အရင်ဆုံး fit ဖြစ်အောင်လို့ အရင်လုပ်ရတာပေါ့နော်။ ဒါပေမယ့် မွေးမွေးပြီးချင်းကနေ ခြောက်လလောက်အထိ အဓိက ကတော့ ဗိုက်စည်းပေါ့။ ဗိုက်စည်းကိုတော့ ဒုက္ခခံပြီးစည်းတယ်။ ကျန်တဲ့ အစားအသောက်နဲ့ ပတ်သက်ပြီး ဝိတ်လျှော့တာတော့ မလုပ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က ကလေးနို့တိုက်နေချိန် ဖြစ်တာမို့ပါ။

Related image

ဖြည့်စွက်စာလည်း စကျွေးပြီဆိုတော့ အဲဒီအချိန်မှာ အစ်မစားတာကို plan လေးနဲ့ ပြန်ချိန်လိုက်တယ် (Photo by Woman – The Nest)

ဝိတ်ချဖို့ စိတ်ချရတဲ့အချိန်

အဓိကကတော့ အစ်မက ကလေးခြောက်လမှာ ဖြည့်စွက်စာကျွေးနေပြီဆိုတော့ နို့တိုက်တာလည်း လျှော့သွားပြီ။ လျှော့သွားပြီဆိုတော့ သူတို့လေးတွေ ညအိပ်ချိန်နဲ့ နေ့ခင်း သုံးကြိမ်လောက်ပဲ မိခင်နို့တိုက်ဖြစ်တယ်။ ကျန်တဲ့အချိန်မှာတော့ နို့ဗူးလည်းတိုက်တယ်။ အစ်မရဲ့ နို့ရော နို့ဗူးပါ နှစ်မျိုးစလုံးတိုက်တယ်။ နောက်ပြီးတော့ ဖြည့်စွက်စာလည်း စကျွေးပြီဆိုတော့ အဲဒီအချိန်မှာ အစ်မ စားတာကို plan လေးနဲ့ ပြန်ချိန်လိုက်တယ်။ Gym မှာလည်း trainer နဲ့ သေချာလေးပြန်ဆော့ဖြစ်တယ်။ ခြောက်လလောက်ဆို စိတ်ချရပြီဆိုတော့ အဆင်ပြေတယ်။

နောက်အပတ်မှာလည်း မေမေတို့ရဲ့ အတွေ့အကြုံတွေကို Kalay ကနေ ပြန်ပြီး ဝေမျှပေးသွားဦးမယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: bodyexercisefitinterview


Comments

0 comments
Latest video
Refer to more useful articles
x