အမျိုးသမီးအင်္ဂါ အပျိုတုန်းကအတိုင်းပြန်ဖြစ်အောင် ခွဲစိတ်ခြင်း

by: Nang Htwe
 0 comments  6 love

အမျိုးသမီးအင်္ဂါ အပျိုအတိုင်းပြန်ဖြစ်ဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ခွဲစိတ်တာနဲ့ လေဆာသုံးတဲ့ နည်းလမ်း (၂)ခုက အသုံးများပါတယ်။ အမျိုးသမီးတွေ ကိုယ်နဲ့အဆင်ပြေမယ့် ကုထုံးကို ရွေးနိုင်ပါတယ်

အမျိုးသမီးအင်္ဂါကျယ်ရင် လိင်ဆက်ဆံတဲ့နေရာမှာ အဆင်မပြေဖြစ်တတ်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးရပါတယ်။ ဇနီးသည်အနေနဲ့လည်း စိတ်ဖိစီးသလို ခင်ပွန်းသည်တော်တော်များများကလည်း မနှစ်သက်ကြပါဘူး။ နဂိုအတိုင်း တင်းတင်းကျပ်ကျပ်ဖြစ်ဖို့ ခွဲစိတ်မှု ပြုလုပ်လာကြပါတယ်။

အမျိုးသမီးအင်္ဂါကိုခွဲစိတ်တာက သဘာဝကျပြီး အံ့သြစရာကောင်းပါတယ် (Photo by GetWellGo)

ဘယ်လိုအခြေအနေမှာ အမျိုးသမီးအင်္ဂါခွဲစိတ်သင့်လဲ

(၁) ကလေးမွေးထားတဲ့ မိခင်တွေ (အထူးသဖြင့် ရိုးရိုးမွေးထားသူတွေ)

(၂) ကလေးများများမွေးထားသူတွေ

(၃) အမျိုးသမီးအင်္ဂါကျယ်တာကြောင့် လိင်ဆက်ဆံတဲ့အခါ စိတ်ကျေနပ်မှု မရတဲ့အခါ စတဲ့ အခြေအနေမျိုးမှာ ပြုလုပ်သင့်ပါတယ်။

နည်းလမ်းများ

အမျိုးသမီးအင်္ဂါ အပျိုအတိုင်းပြန်ဖြစ်ဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ခွဲစိတ်တာနဲ့ လေဆာသုံးတဲ့ နည်းလမ်း (၂)ခုက အသုံးများပါတယ်။ အမျိုးသမီးတွေ ကိုယ်နဲ့အဆင်ပြေမယ့် ကုထုံးကို ရွေးနိုင်ပါတယ်။

ဆရာဝန်နဲ့ တိုင်ပင်ခြင်း

အမျိုးသမီးအင်္ဂါကို ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ပထမဆုံး ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ မီးယပ်နဲ့ဆိုင်တဲ့ ရောဂါတွေ စစ်ဆေးတာပြုလုပ်ရမှာဖြစ်ပြီး ခွဲစိတ်တာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဆရာဝန်က ရှင်းပြမှာပါ။ ဒီလို အမျိုးသမီးအင်္ဂါကိုခွဲစိတ်တာက သဘာဝကျပြီး အံ့သြစရာကောင်းပါတယ်။ အရည်အချင်းရှိပြီး အတွေ့အကြုံရှိတဲ့ ဆရာဝန်တွေနဲ့ ခွဲစိတ်မယ်ဆိုရင်တော့ အပျိုတုန်းကအတိုင်း ပြန်ရမှာ ရာနှုန်းပြည့်ပါ။ အဓိကတော့ ဆရာဝန်နဲ့ အသေးစိတ် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ခွဲပြီးတဲ့နောက်ပိုင်း ခြောက်ပတ်ကြာတဲ့အထိ လိင်ဆက်ဆံတာ လုံးဝမလုပ်ရပါဘူး (Photo by Adobe Stock)

ဆရာဝန်က ခွဲစိတ်ခြင်းရဲ့ အကျိုးကျေးဇူး၊ ဘေးထွက်ဆိုးကျိုးတွေကို ရှင်းပြမှာပါ။ ခွဲပြီးတဲ့နောက်ပိုင်း ခြောက်ပတ်ကြာတဲ့အထိ လိင်ဆက်ဆံတာ လုံးဝမလုပ်ရပါဘူး။ ခြောက်ပတ်အကြာမှာ ဆရာဝန်ဆီ ပြန်ပြဖို့ လိုပါတယ်။

အကျိုးကျေးဇူးများ

အပျိုးတုန်းကအတိုင်း ပြန်ရသွားပါမယ်။ လိင်ဆက်ဆံတာ ပိုကောင်းလာပါတယ်။ ဇနီးသည်မှာလည်း ဖိအားတွေနည်းသွားသလို ခင်ပွန်းသည်အတွက်လည်း ကျေနပ်မှု ရစေပါတယ်။ ဓမ္မတာလာတဲ့အခါ tampons ပိုအဆင်ပြေလာတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း အဆင်ပြေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိလာတယ်။

ခွဲစိတ်မှုပြုလုပ်မယ့် အမျိုးသမီးက အသက်(၁၈)နှစ် အထက်ဖြစ်ရပါမယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles