မေမေအသစ်တွေအတွက် မီးတွင်းစိတ်ဓါတ်ကျခြင်းကို ကျော်လွှားနည်း

by: Nang Htwe
 0 comments  1 love

မီးဖွားပြီးချိန် စိတ်ဓါတ်ကျတဲ့ ပြဿနာက မေမေအသစ်တွေအတွက်တော့ ခက်ခဲလှပါတယ်

မီးဖွားပြီးချိန် စိတ်ဓါတ်ကျတဲ့ ပြဿနာက မေမေအသစ်တွေအတွက်တော့ ခက်ခဲလှပါတယ်။ စီနီယာ သားသားမီးမီးလေးတွေရှိတဲ့ မေမေတွေအတွက်တော့ မီးတွင်းစိတ်ဓါတ်ကျတာကို ပထမအတွေ့အကြုံကြောင့် အလွယ်တကူ ကျော်ဖြတ်နိုင်ကြပါတယ်။ ဒီတစ်ပတ် Kalay ကနေ မေမေအသစ်တွေအတွက် မီးတွင်းစိတ်ဓါတ်ကျတဲ့ ပြဿနာ ဖြေရှင်းနည်းကို ပြောပြပေးသွားပါမယ်။

မီးဖွားပြီးချိန် စိတ်ဓါတ်ကျတဲ့ ပြဿနာက မေမေအသစ်တွေအတွက်တော့ ခက်ခဲလှပါတယ် (Photo by South China Morning Post)

လက်ခံပါ

ကိုယ့်ကိုယ်ကို စိတ်ဓါတ်ကျနေပြီဆိုတာ ပထမဆုံး လက်ခံရပါမယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနေတာကြောင့်လည်းပါပါတယ်။ စိတ်ဓါတ်ကျတာကို လက်ခံလိုက်ပြီဆိုရင် ဘာတွေဆက်လုပ်ရမယ်ဆိုတာ နည်းလမ်းတွေသိလာမှာပါ။

သိထားပါ

စိတ်ဓါတ်ကျတဲ့ အဓိကပြဿနာက ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ ဟော်မုန်းတွေ ပုံမှန်အတိုင်းပြန်ဖြစ်သွားတဲ့အခါ သက်သာသွားပါလိမ့်မယ်။ ဒါကို မေမေတို့သိထားရင် ပြဿနာတွေ နည်းသွားမှာပါ။

သိအောင်ပြောပါ

မီးတွင်းစိတ်ဓါတ်ကျတဲ့ ပြဿနာကို ခင်ပွန်းသည်သိအောင် ပြောပြထားပါ။ ခင်ပွန်းသည်က နားလည်သိထားတယ်ဆိုရင် ပြဿနာမရှိတော့ပါဘူး။ ခင်ပွန်းသည် အကူအညီတွေကိုလည်း မေမေတို့ လက်ခံရရှိမှာပါ။

အကူအညီယူပါ

မေမေအသစ်တွေအနေနဲ့ ဒီလိုအချိန်မှာ အကူအညီတွေ အလွန်လိုအပ်နေပါတယ်။ ဒါကြောင့် ကိုယ့်မိဘ(အမေ) ဒါမှမဟုတ် ယောက္ခမရဲ့ အကူအညီယူပါ။

ကိုယ့်မိဘ(အမေ) ဒါမှမဟုတ် ယောက္ခမရဲ့ အကူအညီယူပါ (Photo by Sonata Senior Living )

သီးသန့်ချိန်ထားပါ

ကလေးငယ်ကို (၂၄)နာရီစောင့်ရှောက်ရတာကြောင့် မေမေတို့ရဲ့ ကိုယ်ပိုင်အချိန်တွေ ပျောက်ဆုံးနေပါတယ်။ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်သီးသန့်ထားပေးတာက စိတ်ဓါတ်ကျတဲ့ဝေဒနာ သက်သာစေပါတယ်။

အစားအသောက်စားပါ

ကျန်းမာရေးနဲ့ညီတဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုး၊ အစေ့အဆန် တို့ကို မျှမျှတတစားပေးပါ။

ဈေးဝယ်ထွက်ပါ

အရင်တုန်းက မေမေတို့ စိတ်ဖိစီးမှုများတဲ့အခါ ဈေးဝယ်ထွက်ကြပါတယ်။ မီးတွင်းစိတ်ဓါတ်ကျတဲ့ ပြဿနာရင်ဆိုင်ရတဲ့အခါ မေမေတို့အတွက် ကလေးငယ်အတွက် ဈေးဝယ်ထွက်တာက ပတ်ဝန်းကျင်နဲ့ ထိတွေ့မှုရစေပြီး စိတ်ဓါတ်ကျတာ သက်သာစေပါတယ်။

စိတ်ပူပန်တာလျှော့ပါ

ကလေးငယ်ကို စိတ်မချတာနဲ့ စိတ်ပူပန်လွန်းတာတွေကလည်း မေမေတို့ရဲ့ စိတ်ဖိစီးမှုကို ပိုဆိုးလာစေပါတယ်။

မေမေအသစ်တွေအနေနဲ့ မီးဖွားချိန် စိတ်ဓါတ်ကျတဲ့ ပြဿနာကို စနစ်တကျ ဖြေရှင်းဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x