ကလေးမွေးပြီးနောက်ပိုင်းမှာ မေမေတို့ခန္ဓာကိုယ် ဘာတွေပြောင်းလဲသွားမလဲ

by: Nang Htwe
 0 comments  1 love

ကလေးမွေးဖွားပြီးတဲ့အခါ အရင်တုန်းကခန္ဓာကိုယ်ပြန်လည်ရရှိဖို့ အချိန်အနည်းငယ်ပေးရပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းနဲ့ သားအိမ်ရဲ့ ပြောင်းလဲခြင်းတွေကို ကြုံတွေ့ရပါတယ်။ ကိုးလကြာအောင် ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းတစ်ဦးဟာ မွေးဖွားပြီးတဲ့အခါမှာ သူမရဲ့ ခန္ဓာကိုယ်က ဘာတွေပြောင်းလဲသွားမလဲ။ မွေးဖွားပြီးနောက်ပိုင်းမှာ ကြုံတွေ့ရမယ့် ခန္ဓာကိုယ်အပြောင်းအလဲတွေကို Kalay ကနေ ပြောပြပေးမယ်နော်။

ကိုးလကြာအောင် ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းတစ်ဦးဟာ မွေးဖွားပြီးတဲ့အခါမှာ သူမရဲ့ ခန္ဓာကိုယ်က ဘာတွေပြောင်းလဲသွားမလဲ (Photo by Milliyet)

ကြွက်သားအပြောင်းအလဲ

ကိုးလလုံးလုံး ကိုယ်ဝန်လွယ်ထားပြီး မွေးဖွားလိုက်တဲ့အခါ သားအိမ်က သာမန်အနေအထားရောက်ဖို့ ခြောက်ပတ်လောက်အချိန်ယူရပါတယ်။ ဝမ်းဗိုက်က ကြွက်သားတွေ အရင်တိုင်းပြန်ဖြစ်ဖို့အတွက်လည်း အချိန်ယူရပါတယ်။ အရင်အတိုင်းပြန်မဖြစ်ခင် စပ်ကြားမှာ ဝမ်းဗိုက်အရေပြား တွန့်နေတာကို မေမေတို့ သတိထားမိမှာပါ။

သားအိမ်

ကိုယ်ဝန်ဆောင်ချိန်မှာ သားအိမ်က ပြန့်ကားပေးထားရတာကြောင့် မွေးဖွားပြီး တစ်ပတ်အထိ နာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒီလို နာကျင်တာတွေ သက်သာဖို့အတွက် ဆရာဝန်တွေက ဆေးဝါးတွေ လမ်းညွှန်ပေးပါတယ်။

ဓမ္မတာ

မွေးဖွားပြီးနောက် လိင်အင်္ဂါကနေ သွေးဆင်းပါတယ်။ ဒီလို သွေးဆင်းတာ အများဆုံး (၁၀)ရက်အထိ ကြာနိုင်ပါတယ်။ အလွန်အကျွံသွေးထွက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ကလေးမွေးဖွားပြီးတဲ့အခါ အရင်တုန်းကခန္ဓာကိုယ်ပြန်လည်ရရှိဖို့ အချိန်အနည်းငယ်ပေးရပါတယ် (Photo by Zwitsal)

ဆီး

ကလေးမွေးပြီးနောက် ဆီးသွားတဲ့အခါ နာကျင်တာကို ခံစားရနိုင်ပါတယ်။ ဒါဟာ သဘာဝပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးဖွားချိန်မှာ ဆီးအိမ်ကို အများကြီးသက်ရောက်တာကြောင့်ပါ။ ရေများများသောက်ခြင်း၊ လမ်းလျှောက်ခြင်းနဲ့ အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာတွေကို များများစားခြင်းဖြင့် ဆီးသွားတဲ့အခါ နာကျင်တာကို သက်သာစေပါတယ်။

လိင်အင်္ဂါ

ရိုးရိုးမွေးတဲ့အခါ လိင်အင်္ဂါကို ခွဲစိတ်ဖြတ်တောက်ရတာကြောင့် မွေးဖွားပြီးတဲ့အခါ သက်တောင့်သက်သာ မဖြစ်တာကို ခံစားရပါတယ်။ ငြင်ငြင်သာသာ ဆေးကြောပေးတာနဲ့ ရေခဲကပ်ပေးတာတွေ ပြုလုပ်ခြင်းဖြင့် သက်တောင့်သက်သာ မဖြစ်တာကို နည်းသွားစေပါတယ်။

ကိုယ်အလေးချိန် တိုးလာခြင်း

ကလေးမွေးဖွားပြီးတဲ့အခါမှာ ကိုယ်အလေးချိန် တိုးလာတာကို ကြုံတွေ့ရပါတယ်။ ပျော့ပျောင်းတဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း တို့ကို နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေပြီး ကိုယ်အလေးချိန် တိုးလာတာကို ကာကွယ်ပေးပါတယ်။

ကလေးမွေးဖွားပြီးတဲ့အခါ အရင်တုန်းကခန္ဓာကိုယ်ပြန်လည်ရရှိဖို့ အချိန်အနည်းငယ်ပေးရတာကြောင့် မေမေတို့ စိုးရိမ်သောက မဖြစ်ဖို့ kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles