မီးထွက်မှာ မေမေတို့ ဘာတွေကိုစိတ်ပူလဲ၊ တကယ်ရော စိုးရိမ်သင့်ရဲ့လား

by: Nang Htwe
 0 comments  0 love

မေမေတို့အနေနဲ့ စိတ်ဖိစီးမှုနည်းအောင် အိပ်ရေးဝဝအိပ်တာ၊ အာဟာရမျှမျှတတစားတာ၊ ရေများများသောက်တာနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။

ကိုယ်ဝန်ဆောင်ချိန်တုန်းကလည်း မေမေတို့မှာ စိုးရိမ်စိတ်တွေရှိခဲ့သလို ကလေးမွေးဖွားချိန်မှာလည်း စိတ်ပူပန်ပါတယ်။ မီးထွက်မှာလည်း နောက်တမျိုး စိတ်ပူရပြန်ရော။ တချို့စိတ်ပူတဲ့ ကိစ္စတွေက တကယ်တမ်းတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး စိုးရိမ်စရာ မလိုအပ်ပါဘူး။ မီးထွက်မှာ ဘာတွေကို မစိုးရိမ်သင့်တာလဲဆိုတာ Kalay ကနေ ပြောပြပေးပါ့မယ်။

ကိုယ်ဝန်ဆောင်ချိန်တုန်းကလည်း မေမေတို့မှာ စိုးရိမ်စိတ်တွေရှိခဲ့သလို ကလေးမွေးဖွားချိန်မှာလည်း စိတ်ပူပန်ပါတယ် (Photo by KissRocks)

သွေးဆင်းခြင်း

ကလေးမွေးထားတဲ့ မေမေတို့မှာ သွေးအနည်းငယ်ဆင်းတာကို ကြုံရပါတယ်။ ဒီသွေးအနည်းငယ်ဆင်းတဲ့ကိစ္စကို မေမေတို့ စိတ်ပူကြပါတယ်။ မွေးဖွားပြီး (၂)ပတ်ကနေ (၃)ပတ်အထိ ကြာနိုင်ပါတယ်။ သွေးဆင်းတဲ့ပြဿနာက ကလေးမွေးထားတဲ့ မေမေတိုင်းကြုံရနိုင်တာကြောင့် စိုးရိမ်စရာမလိုတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။

ဝမ်းချုပ်တဲ့ပြဿနာ

ကလေးမွေးထားတဲ့မေမေတွေ နောက်ထပ်ကြုံရတာတစ်ခုက ဝမ်းချုပ်တာပါ။ အမျှင်ပါတဲ့ အသီးအနှံနဲ့ အစားအသောက်တွေများများစားပေးတာနဲ့ ရေများများသောက်ပါ။ ဒါကလည်း စိုးရိမ်စရာမလိုတဲ့ ကိစ္စတစ်ခုပါ။

ဝနေသေးတာ

မွေးဖွားပြီးပြီးချင်း ကိုယ်အလေးချိန်က ရုတ်တရက် အရင်တုန်းကလို ပြန်ဖြစ်မသွားပါဘူးနော်။ မေမေတို့ နေ့စဉ်စားသောက်တဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းပေါ် မူတည်ပြီး ခန္ဓာကိုယ် ပိန်တာ၊ ဝတာ ကွဲပြားသွားမှာပါ။

ငိုခြင်း

ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ခံစားချက် အပြောင်းအလဲတွေဖြစ်ပြီး ဝမ်းနည်းလွယ်တာနဲ့ ငိုချင်တာတွေဖြစ်တတ်ပါတယ်။ ဒါကိုလည်း စိုးရိမ်စရာ မလိုပါဘူး။ တဖြည်းဖြည်းနဲ့ ပုံမှန်ပြန်ဖြစ်သွားမှာပါ။

တချို့စိတ်ပူတဲ့ ကိစ္စတွေက တကယ်တမ်းတော့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပြီး စိုးရိမ်စရာ မလိုအပ်ပါဘူး (Photo by Klik.gr)

ဆံပင်ကျွတ်

မီးဖွားပြီးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်တာကို မေမေတို့ကြုံရပါတယ်။ စိုးရိမ်စရာမလိုတဲ့ ကိစ္စတစ်ခုပါ။

မိခင်နို့တိုက်ခြင်း

ကလေးငယ်ကို မိခင်နို့တိုက်ကျွေးတဲ့အခါ အခက်အခဲလေးတွေကြုံရပါတယ်။ ဒီအခက်အခဲကို မေမေအသစ်တွေမှာ အများဆုံးကြုံရပါတယ်။

အမြင်မကြည်ခြင်း

ဟော်မုန်းအပြောင်းအလဲတွေ၊ စိတ်ဖိစီးတာတွေ၊ စိုးရိမ်စိတ်တွေကြောင့် ခင်ပွန်းသည်ကို အမြင်မကြည်တာ ဖြစ်နေနိုင်ပါတယ်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

ပူအိုက်ခြင်း

သာမန်ထက် ပူအိုက်လွယ်တာ၊ ချွေးထွက်လွယ်တာကိုလည်း မီးဖွားထားတာမကြာသေးတဲ့ မေမေတွေ ခဏခဏ ကြုံရနိုင်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။

မေမေတို့အနေနဲ့ စိတ်ဖိစီးမှုနည်းအောင် အိပ်ရေးဝဝအိပ်တာ၊ အာဟာရမျှမျှတတစားတာ၊ ရေများများသောက်တာနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးပါ။

 

 

 

 

 

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x