မေမေတို့ရေ လက်ဆေးဆပ်ပြာနဲ့ ရေချိုးဆပ်ပြာ အတူတူပဲလား

by: Nang Htwe
 0 comments  0 love

လက်ဆေးဆပ်ပြာက ကိုယ်တိုက်ဆပ်ပြာအမျိုးအစားကနေ ခွဲထွက်ထားပြီး သဘာဝပစ္စည်းတွေနဲ့သာ အများဆုံးပြုလုပ်ထားပါတယ်

Covid -19 ဖြစ်ပွားပြီးနောက်မှာ လက်ဆေးဆပ်ပြာရည် အသုံးပြုမှု ပိုမိုမြင့်တက်လာပါတယ်။ လူတိုင်းနီးပါး သုံးစွဲလာကြပြီး အဆိုးထဲက အကောင်းလို့ သတ်မှတ်ကြသလို ကျန်းမာရေးအသိပညာတွေ တိုးတက်လာပါတယ်။ လက်နဲ့ အရာဝတ္ထုတွေ မကြာခဏ ကိုင်တွယ်ရလို့ ပိုးမွှားတွေ အများဆုံး ရှိနေတတ်ပါတယ်။ လက်ဆေးဆပ်ပြာရည်နဲ့ မကြာခဏ လက်ဆေးပေးတာက ကျန်းမာရေးပြဿနာတော်တော်များများကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

Covid -19 ဖြစ်ပွားပြီးနောက်မှာ လက်ဆေးဆပ်ပြာရည် အသုံးပြုမှု ပိုမိုမြင့်တက်လာပါတယ် (Photo by Daily Express)

ဆပ်ပြာကို ဘာနဲ့လုပ်ထားလဲ

ဆပ်ပြာဆိုတာ ရေ၊ အယ်ကာလိုင်းနဲ့ အဆီ (၃)မျိုးပေါင်းပြီး ပြုလုပ်ထားပါတယ်။ ဆပ်ပြာက ပိုးမွှားတွေကို ဖယ်ရှားပေးပြီး အသားအရည်ကျန်းမာရေးကို စောင့်ရှောက်ပေးပါတယ်။ ဆပ်ပြာအမျိုးမျိုးရှိပါတယ်။ လက်ဆေးဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ပန်းကန်ဆေးဆပ်ပြာ၊ ကားရေဆေးဆပ်ပြာ ဈေးကွက်ထဲမှာ အမျိုးအစား အမြောက်အများ ရှိပါတယ်။

လက်ဆေးဆပ်ပြာ

လက်ဆေးဆပ်ပြာက ကိုယ်တိုက်ဆပ်ပြာအမျိုးအစားကနေ ခွဲထွက်ထားပြီး သဘာဝပစ္စည်းတွေနဲ့သာ အများဆုံးပြုလုပ်ထားပါတယ်။ အမြှပ်ထွက်နည်းပြီး ခဏခဏ လက်ဆေးလို့ရပါတယ်။ အမြှပ်ထွက်နည်းတယ်ဆိုတာ တခြားဆပ်ပြာအမျိုးအစားတွေလောက် မထွက်တာကို ပြောတာပါ။ လက်ဆေးဆပ်ပြာ ထုတ်လုပ်တဲ့အခါ ကုမ္မဏီ တစ်ခုနဲ့တစ်ခု ဖော်မြူလာမတူတာကြောင့် တချို့လက်ဆေးဆပ်ပြာရည်တွေက် အသားအရည်ခြောက်စေပါတယ်။ လက်ဆေးဆပ်ပြာသုံးပြီးရင် hand cream လေး လိမ်းပေးပါ။

လက်ဆေးဆပ်ပြာက ကိုယ်တိုက်ဆပ်ပြာအမျိုးအစားကနေ ခွဲထွက်ထားပြီး သဘာဝပစ္စည်းတွေနဲ့သာ အများဆုံးပြုလုပ်ထားပါတယ် (Photo by Allure )

သဘာဝကုန်ကြမ်း

လက်ဆေးဆပ်ပြာကြောင့် အသားအရည်ထိခိုက်တာမျိုး မဖြစ်အောင် မေမေတို့အနေနဲ့ သဘာဝကုန်ကြမ်းတွေ အများဆုံးအသုံးပြုထားတဲ့ အမျိုးအစားကို ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ မေမေတို့က အမွှေးအနံ့တွေနဲ့ ဓါတ်မတည့်ရင် အနံ့မပါတဲ့ အမျိုးအစားကို ရွေးချယ်ဝယ်ယူပါ။

ဓါတုပစ္စည်းပါဝင်နှုန်းနည်းတဲ့ လက်ဆေးဆပ်ပြာအမျိုးအစားက မေမေတို့အတွက် အကောင်းဆုံးဖြစ်မှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Hand soap


Comments

0 comments
Latest video
Refer to more useful articles