မေမေတို့ မျက်နှာက အရေးအကြောင်းတွေ လျော့စေဖို့

by: Phyo Pyae Thu
 1 comments  0 love

နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့အတွက် အပြင်ထွက်တဲ့အခါမှာ နေကာမျက်မှန်၊ အင်္ကျီလက်ရှည်၊ ထီးတို့ အသုံးပြုပါ။ SPF ပါတဲ့ ခရင်မ်တွေ လိမ်းတာမျိုး အလေ့အကျင့်လုပ်ပေးပါ။

သစ်သီး၊ အရွက်မျိုးစုံနဲ့ Omega fatty acid များများပါဝင်တဲ့ ငါးတွေ စားသုံးပေးပါ (photo: Lionesse | Beauty Bar)

မေမေတို့ရေ အသက်(၃၀) ကျော်လောက်ဆိုရင် မျက်နှာမှာ အရေးအကြောင်းလေးတွေ နည်းနည်းချင်းစီ စပြီးဖြစ်လာပါပြီ။ အချိန်တွေကို တားဆီးလို့ မရနိုင်ပေမယ့် အရွယ်မတိုင်ခင် အရေးအကြောင်းတွေ မဖြစ်အောင်တော့ ကာကွယ်လို့ ရပါတယ်။

မျက်နှာပေါ်က အရေးအကြောင်းတွေဟာ

နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အချိန်ကြာမြင့်စွာ နေရောင်ခြည်နဲ့ ထိတွေ့တာဟာ မျက်နှာမှာ အရေးအကြောင်းဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ အရက်နဲ့ ဆေးလိပ်သောက်တာကလည်း အရွယ်မတိုင်ခင် အရေးအကြောင်း ဖြစ်ခြင်းကို ဦးတည်စေပါတယ်။

မေမေတို့ရေ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေရဲ့ လက္ခဏာတွေကတော့ အရေပြားထူလာပြီး ခြောက်ခြောက်သွေ့သွေ့ဖြစ်မယ်။ နောက်တစ်ခုက ချောချောမွေ့မွေ့  ဖြစ်တာတွေ လျော့ကျလာမယ်။ အရေးအကြောင်းတွေကတော့ မျက်လုံး၊ နှုတ်ခမ်းနဲ့ လည်ပင်းတဝိုက်မှာ ဖြစ်လာတတ်ပါတယ်။ တချို့ မေမေတွေမှာဆိုရင် အသားပိုလို အသီးလေးတွေ မျက်နှာပြင်မှာ ထွက်လာတတ်ပါတယ်။

ဆးလိပ်သောက်တာကလည်း အရွယ်မတိုင်ခင် အရေးအကြောင်း ဖြစ်ခြင်းကို ဦးတည်စေပါတယ် (photo: Lionesse | Beauty Bar)

 

နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့အတွက်

အပြင်ထွက်တဲ့အခါမှာ နေကာမျက်မှန်၊ အင်္ကျီလက်ရှည်၊ ထီးတို့ အသုံးပြုပါ။ SPF ပါတဲ့ ခရင်မ်တွေ လိမ်းတာမျိုး အလေ့အကျင့်လုပ်ပေးပါ။ သစ်သီး၊ အရွက်မျိုးစုံနဲ့ Omega fatty acid များများပါဝင်တဲ့ ငါးတွေ စားသုံးပေးပါ။ သကြားဓါတ်များတဲ့ အစားအစာတွေ ရှောင်ပေးပါ။ ညဘက်နောက်ကျမှ အိပ်တာတွေလည်းရှောင်ရမှာပါ။

လုံလောက်တဲ့ အိပ်စက်အနားယူမှုတွေက အရေးအကြောင်းတွေ အဖြစ်နည်းစေဖို့ ကာကွယ်ပေးပါတယ်။ မေမေတို့ အရေးအကြောင်းတွေကို ကုထုံးနည်းလမ်းတွေနဲ့ ဖျောက်ပစ်လို့လည်း ရပါတယ်။ စိတ်ချရဖို့အတွက်တော့ အသေးစိတ် နားလည်တတ်ကျွမ်းတဲ့သူဆီမှာ ပြသဖို့ အကြုံပြုပါရစေနော်။ Botox ထိုးခြင်း၊ လေဆာပစ်ခြင်း၊ အရေပြားဆွဲချုံ့ခြင်း၊ ဆဲလ်သေတွေ ဖယ်ရှားခြင်း၊ မျက်နှာပင့်တင်ခြင်းတွေကိုလည်း ပြုလုပ်လို့ ရပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles