မေမေတို့ကို အန္တရာယ်ပေးနေတဲ့ မှိုတက်အစားအစာများ

by: Nang Htwe
 0 comments  0 love

မှိုတွေပေါက်ဖွားနေတဲ့ အစားအစာတွေကို မေမေတို့မကြာခဏ စားမိနေမယ်ဆိုရင် အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဆိုရင်လည်း သန္ဓေသားကို ထိခိုက်စေပါတယ်။

မေမေတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အစားအစာတွေက သန့်ရှင်းမှုရှိရဲ့လား။ အစားအစာတွေက ဘယ်လောက်ပဲ သန့်ရှင်းရှင်း စနစ်တကျသိမ်းဆည်းထားခြင်းမရှိဘူးဆိုရင် မှိုတွေရှိနေမှာပါ။ အစားအစာတွေထဲမှာ မှိုတွေမြင်နေတယ်ဆိုရင် ချက်ချင်းလွင့်ပစ်လိုက်လို့ရပါတယ်။ ဒါပေမယ့်လည်း မမြင်နိုင်တဲ့ မှိုတွေရှိပါသေးတယ်။ သေသေချာချာကြည့်မှ မြင်တာပါ။

မေမေတို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အစားအစာတွေက သန့်ရှင်းမှုရှိရဲ့လား (Photo by HelloGiggles)

ပတ်ဝန်းကျင်က မှိုများ

ပတ်ဝန်းကျင်မှာ မှိုအမျိုးမျိုးရှိပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ မှိုတွေရှိသလို ကျန်းမာရေးကို ထိခိုက်စေတဲ့ မှိုတွေလည်းရှိပါတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ မှိုတွေအများဆုံးပါတာကတော့ ငရုတ်သီးခြောက်ပါ။ ငရုတ်သီးခြောက် ကို စနစ်တကျ ပြုလုပ်ထားခြင်းမရှိဘူးဆိုရင် မှိုတွေပေါက်ဖွားစေပါတယ်။ နောက်တစ်ခုကတော့ မြေပဲပါ။ မြေပဲဆီကို မေမေတို့နေ့စဉ်ဟင်းလျာတွေထဲမှာ ထည့်သွင်းချက်ပြုတ်ကြပါတယ်။ သေသေချာချာသိမ်းဆည်းထားခြင်းမရှိတဲ့ မြေပဲဆံထဲမှာ မှိုတွေပေါက်ဖွားနိုင်တာကြောင့် မေမေတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ နောက်ထပ် မှိုတွေပေါက်ဖွားနိုင်တဲ့ အစားအစာတွေအများကြီးရှိပါသေးတယ်။

မှိုတွေပေါက်ဖွားနေတဲ့ အစားအစာတွေကို မေမေတို့မကြာခဏ စားမိနေမယ်ဆိုရင် အသည်းကင်ဆာဖြစ်စေနိုင်ပါတယ် (Photo by Moldy Bread)

ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်

မှိုတွေပေါက်ဖွားနေတဲ့ အစားအစာတွေကို မေမေတို့မကြာခဏ စားမိနေမယ်ဆိုရင် အသည်းကင်ဆာဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဆိုရင်လည်း သန္ဓေသားကို ထိခိုက်စေပါတယ်။ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများနဲ့ မွေးရာပါရောဂါရှိသူတွေမှာ ပိုပြီးထိခိုက်မှု ရှိစေပါတယ်။ ပန်းနာရင်ကျပ်နဲ့ အဆုပ်ရောဂါတွေဖြစ်စေပြီး နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အသည်း၊ အဆုပ်နဲ့ ကျောက်ကပ်တို့ကို ပျက်စီးစေပါတယ်။

မှိုထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကတော့

  • နှာခေါင်းပိတ်ခြင်း၊ နှာရည်ယိုခြင်း
  • အသက်ရှုကျပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
  • အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ
  • ချောင်းဆိုးခြင်း
  • လည်ချောင်းယားယံခြင်း
  • နှာရည်ယိုခြင်းနဲ့ နှာချေခြင်း စတဲ့ လက္ခဏာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

မေမေတို့အနေနဲ့ ဒီလိုမှိုတက်နေတဲ့ အစားအစာတွေကို ရှောင်ရှားပေးတာအကောင်းဆုံးပါ။ အစားအစာတွေကို စနစ်တကျ သိမ်းဆည်းပေးဖို့လိုအပ်ပါတယ်။ ဈေးဝယ်တဲ့အခါမှာလည်း အစားအစာတွေထဲမှာ မှိုတက်ခြင်းရှိမရှိ စိစစ်ပြီး ဝယ်ယူပါ။ လတ်ဆက်တဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးပါ။

ယခုအချိန်မှာ ကင်ဆာရောဂါက ကြောက်စရာအကောင်းဆုံးရောဂါအဖြစ် မေမေတို့ကို ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကို ကာကွယ်ဖို့အတွက် အခုချိန်ကစပြီး မှိုတက်နေတဲ့အစားအစာတွေကို ရှောင်ရှားပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x