မေမေတို့ရေ သာမန်နေ့ဆိုရင် တစ်ရက်ကို ထမင်း ဘယ်နှစ်ကြိမ်စားသင့်လဲ

by: Nang Htwe
 0 comments  0 love

လှုပ်ရှားသွားလာမှုနည်းပြီး အစားအသောက်ပမာဏ များများစားရင် ကယ်လိုရီတွေပိုလျှံလာပါမယ်။ နောက်ဆက်တွဲကတော့ ကိုယ်အလေးချိန် တက်လာတာပါ

မေမေတို့ရေ မင်္ဂလာပါ။ ကိုယ်ဝန်ဆောင်ချိန်တွင်းနဲ့ နို့တိုက်ချိန် မဟုတ်တဲ့ သာမန်နေ့တွေမှာ မေမေတို့ ထမင်းဘယ်နှစ်ကြိမ်စားကြလဲ။ အများစုကတော့ တစ်ရက်သုံးကြိမ် ပုံမှန်စားကြပါတယ်။ တချို့မေမေတွေကတော့ အများဆုံး(၅)ကြိမ်အထိ စားလေ့ရှိပါတယ်။

ရောဂါလည်းမရှိဘူး နောက်ပြီး လှုပ်ရှားသွားလာမှုနည်းရင် တစ်ရက်ကို ထမင်း(၂)ကြိမ်လောက်ပဲ စားပေးသင့်ပါတယ် (Photo by Pinterest)

ထမင်းဘယ်နှစ်ကြိမ်စားသင့်လဲ

ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်အလေးချိန် မတူလို့ တိတိကျကျ သတ်မှတ်ထားတာတော့ မရှိပါဘူး။ ကိုယ့်ရဲ့တစ်နေ့တာ ကျန်းမာရေး၊ လှုပ်ရှားသွားလာမှုနဲ့ ကယ်လိုရီဆုံးရှုံးမှုပေါ် မူတည်ပြီး တစ်ရက်ကို (၂)ကြိမ်ကနေ (၃)ကြိမ်အထိ စားပေးနိုင်ပါတယ်။ အကယ်လို့ မေမေတို့က ရောဂါလည်းမရှိဘူး နောက်ပြီး လှုပ်ရှားသွားလာမှုနည်းရင် တစ်ရက်ကို ထမင်း(၂)ကြိမ်လောက်ပဲ စားပေးသင့်ပါတယ်။ လှုပ်ရှားသွားလာမှုနည်းပြီး အစားအသောက်ပမာဏ များများစားရင် ကယ်လိုရီတွေပိုလျှံလာပါမယ်။ နောက်ဆက်တွဲကတော့ ကိုယ်အလေးချိန် တက်လာတာပါ။

ဘာတွေစားမလဲ

ကိုယ်အလေးချိန်တက်တာနဲ့ ပတ်သက်ပြီး မေမေတို့စားတဲ့ အစားအသောက်ပေါ်မှာလည်း အများကြီးမူတည်နေပါသေးတယ်။ ကယ်လိုရီပါဝင်နှုန်းနည်းတဲ့ အစားအသောက်တွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ထမင်း(ဆန်)လျှော့စားတာကလည်း ကိုယ်အလေးချိန် တက်တာကို ထိန်းပေးပါတယ်။ နောက်ပြီး ဗိုက်ပြည့်တာထက် ကျော်တဲ့ ပမာဏ ဗိုက်တင်းကားအောင်စားတာမျိုးလည်း ရှောင်ပါ။

ကိုယ်အလေးချိန်တက်တာနဲ့ ပတ်သက်ပြီး မေမေတို့စားတဲ့ အစားအသောက်ပေါ်မှာလည်း အများကြီးမူတည်နေပါသေးတယ် (Photo by veggie soul food)

တစ်ရက်(၂)ကြိမ်နဲ့ မနက်စာ

မနက်စာကိုတော့ မဖြစ်မနေ စားပေးပါ။ မအားလို့ မစားတာမျိုး၊ နေ့လည်စာနဲ့မှ ပေါင်းစားတာမျိုး မလုပ်သင့်ပါဘူး။ တစ်ရက်(၂)ကြိမ်သာ ထမင်းစားပြီး ပထမတစ်နပ်ကို မနက်စာအဖြစ် မှန်မှန်စားပေးမယ်ဆိုရင်

(၁) အဆီကျလာမယ်။

(၂) စွမ်းအင်တွေ တိုးလာမယ်။

(၃) ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အခွင့်အလမ်းနည်းသွားမယ်။

(၄) အစားအသောက်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မယ်။ (ခဏခဏ စားချင်နေတာမျိုး မဖြစ်တော့ဘူး)

မေမေတို့က ကျန်းမာရေးလည်းကောင်းပြီး ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ချိန် မဟုတ်ဘူးဆိုရင် အာဟာရရှိတဲ့ ထမင်းဟင်းကို တစ်ရက်(၂)ကြိမ်စားပေးရင် လုံလောက်ပါပြီ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles