ခွဲမွေးထားတဲ့ မေမေတွေအတွက် အကောင်းဆုံးအစားအစာများ

by: Nang Htwe
 0 comments  0 love

ဗီတာမင် C ကတော့ ရောဂါကူးစက်မှုကို လျှော့ချပေးပြီး အနာကျက်လွယ်စေပါတယ်။ ဗီတာမင် C ဟာ သဘာဝဓါတ်တိုးဖြစ်တာကြောင့် တစ်သျှူးတွေကို ပြုပြင်ဖို့ အကူအညီပေးပါတယ်။

ခွဲမွေးပြီးတဲ့အခါ မေမေတို့မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းတာနဲ့ နာကျင်တာတွေ ကြုံတွေ့ရပါတယ်။ ဒီလို ပင်ပန်းနာကျင်နေတဲ့အချိန်မှာ ရင်သွေးလေးကို နို့တိုက်ကျွေးဖို့အတွက် မေမေတို့အနေနဲ့ အာဟာရရှိတဲ့ အစားအစာတွေကို စားထားဖို့ လိုအပ်ပါတယ်။ ခွဲမွေးပြီးနောက်ပိုင်းမှာ စွမ်းအင်တွေ ပြန်လည်ရရှိဖို့အတွက် ပရိုတိန်း၊ ဗီတာမင်၊ ကာဗိုဟိုက်ဒရိုက်နဲ့ သံဓါတ် ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးရပါမယ်။

ပင်ပန်းနာကျင်နေတဲ့အချိန်မှာ ရင်သွေးလေးကို နို့တိုက်ကျွေးဖို့အတွက် မေမေတို့အနေနဲ့ အာဟာရရှိတဲ့ အစားအစာတွေကို စားထားဖို့ လိုအပ်ပါတယ် (Photo by momjunction)

နို့တိုက်နေတဲ့ မေမေတွေမှာ တစ်ရက်ကို အပိုကယ်လိုရီ (၅၀၀)ခန့်လိုအပ်ပါတယ်။ တစ်ရက်ကို ကယ်လိုရီ (၁၈၀၀) ကယ်လိုရီအောင် မလျှော့သင့်ပါဘူး။ ကိုယ်အလေးချိန်ထိန်းသိမ်းဖို့အတွက်တော့ နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ခွဲမွေးထားတဲ့ မေမေတွေအတွက် အကောင်းဆုံးအစားအစာများ

အစာကြေလွယ်တဲ့ အစားအစာများ

ဝမ်းချုပ်စေတဲ့ အစားအစာတွေနဲ့ gas များတဲ့ အစားအသောက်တွေကို ရှောင်ရှားပါ။ ကာဗိုနိတ်ပါဝင်တဲ့ အချိုရည်တွေနဲ့ ဆီကြော် အစားအစာတွေကို ရှောင်ရှားပါ။ ဝမ်းမချုပ်အောင် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပါ။ အာဟာရလည်းပြည့်ဝတဲ့ ပူပူနွေးနွေးဟင်းချိုတွေကို သောက်သုံးပါ။ ဒိန်ချဉ်ကလည်း ခွဲမွေးထားတဲ့ မေမေတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ဒိန်ချဉ်ထဲမှာပါဝင်တဲ့ ဘက်တီးရီးယားတွေက ဝမ်းချုပ်တာကို သက်သာစေပါတယ်။ အစားကြေဖို့ ခက်ခဲတဲ့ အစားအစာတွေကို ရှောင်ရှားပါ။

ပရိုတိန်း

ပရိုတိန်းကတော့ အနာ(ချုပ်ရိုး)ကျက်အောင် အကူအညီပေးပါတယ်။ ပရိုတိန်းပါဝင်တဲ့ အစားအစာတွေက တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပြီး ကြွက်သားတွေရဲ့ စွမ်းအင်ကို ပြန်လည်ကောင်းမွန်အောင် အကူအညီပေးပါတယ်။ ငါး၊ ကြက်ဥ၊ ကြက်သား၊ နို့နဲ့ နို့ထွက်ပစ္စည်းများ၊ အသား၊ ပဲအစို၊ ပဲအခြောက်နဲ့ အခွံမာသီးတွေကို စားသုံးပေးသင့်ပါတယ်။

ဗီတာမင် C

ဗီတာမင် C ကတော့ ရောဂါကူးစက်မှုကို လျှော့ချပေးပြီး အနာကျက်လွယ်စေပါတယ်။ ဗီတာမင် C ဟာ သဘာဝဓါတ်တိုးဖြစ်တာကြောင့် တစ်သျှူးတွေကို ပြုပြင်ဖို့ အကူအညီပေးပါတယ်။ လိမ္မော်သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ စတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးဖို့ လိုအပ်ပါတယ်။

ဝမ်းချုပ်တဲ့အခါ ချုပ်ရိုးပေါ်ကို ဖိအားတွေသက်ရောက်စေနိုင်တာကြောင့် အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာတွေကို စားပေးဖို့ လိုအပ်ပါတယ် (photo by Fitness Magazine)

သံဓါတ်

မွေးဖွားစဉ်မှာ သွေးအချို့ဆုံးရှုံးထားတာကြောင့် သံဓါတ်ပါဝင်တဲ့ အစားအစာတွေကို စားပေးရပါမယ်။ သံဓါတ်က ကိုယ်ခံအားစနစ်အတွက် အထောက်အကူပြုပါတယ်။ ကြက်ဥအနှစ်၊ အနီရောင်အသားများ၊ ကမာ၊ အမဲအသည်းနဲ့ အသီးခြောက်တွေမှာ သံဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

ကယ်ဆီယမ်

နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ တိုးဟူး၊ ကိုက်လန်နဲ့ ဟင်းနုနွယ်ရွက်တို့မှာ ကယ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

အမျှင်ဓါတ်

ဝမ်းချုပ်တဲ့အခါ ချုပ်ရိုးပေါ်ကို ဖိအားတွေသက်ရောက်စေနိုင်တာကြောင့် အမျှင်ဓါတ်ပါဝင်တဲ့ အစားအစာတွေကို စားပေးဖို့ လိုအပ်ပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။

အရည်များ

ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ဖို့နဲ့ ဝမ်းချုပ်တာတွေမဖြစ်အောင် အရည်ပါတဲ့ ဟင်းချိုတွေ၊ သဘာဝသစ်သီးဖျော်ရည်တွေနဲ့ အုန်းရေတို့ကို သောက်သုံးပေးသင့်ပါတယ်။ ရေများများသောက်ဖို့လည်း လိုအပ်ပါတယ်။

ခွဲမွေးထားတဲ့မေမေတွေအနေနဲ့ အစားအစာကို ကိုယ်ဝန်ဆောင်ချိန်တုန်းကလိုပဲ စနစ်တကျ စားသုံးပေးဖို့ လိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

From Kalay with

Tag: dietfoodsTo Eat

Comments

0 comments
Latest video